သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 နှစ်ပတ်လည်အခမ်းအနားတွေ နိုင်ငံခေါင်းဆောင်များ တတ်ရောက်


9/11 နှစ်ပတ်လည်အခမ်းအနားတွေ နိုင်ငံခေါင်းဆောင်များ တတ်ရောက်
9/11 နှစ်ပတ်လည်အခမ်းအနားတွေ နိုင်ငံခေါင်းဆောင်များ တတ်ရောက်

ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စု ပင်န်ဆယ်လ်ဗေးနီးယား ပြည်နယ်မှာ ပျက်ကျခဲ့တဲ့ United လေကြောင်းလိုင်းက လေယာဉ်အမှတ် (၉၃) မှာ ပါဝင်ခဲ့သူတွေ သေဆုံးခဲ့ရတာ (၁၀) နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို မနေ့က ပင်န်ဆယ်လ်ဗေးနီးယား ပြည်နယ် ရှန့်ခ်ဗေးလ် (Shanksville) မြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကို အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျူ ဘုရှ် (George W. Bush) နဲ့ သမ္မတဟောင်း ဘီလ်ကလင်တန် (Bill Clinton) တို့ တက်ရောက်ခဲ့ကြပါတယ်။

အကြမ်းဖက်သမားတွေကို ဆန့်ကျင်ပြီး သူတို့လိုချင်တဲ့လမ်းကြောင်း အတိုင်းမသွားဘဲ မြေပြင်ပေါ်ကို အတင်းထိုးဆင်းနိုင်အောင် ကြိုးပမ်းခဲ့ကြတဲ့ လေယာဉ်အမှတ် (၉၃) မှာ ပါဝင်ခဲ့ကြသူတွေကို ဂုဏ်ပြု အောက်မေ့တဲ့အနေနဲ့ အဖြူရောင်ကျောက်တုံးတခုကို အမှတ်တရထားတဲ့ အခမ်းအနား မနေ့က ကျင်းပခဲ့တာပါ။ အဲဒီလေယာဉ်ပေါ်မှာပါခဲ့ကြတဲ့ ခရီးသည်တွေဟာ တခြား အမေရိကန် ပြည်သူတွေကို အတိုက်အခိုက်မလုပ်နိုင်အောင် တာဝန်သိမှုဆိုတဲ့ စိတ်ဓါတ်နဲ့ အကြမ်းဖက်သမားတွေကို တန်ပြန်တိုက်ခိုက်ခဲ့ကြတယ်လို့ သမ္မတဟောင်း ဂျော့ခ်ျဒဗလျူဘုရှ်က ပြောပါတယ်။

လက်ရှိ ဒုသမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) လည်း အဲဒီအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ သမ္မတ ဘရက်အိုဘားမား ကတော့ မြို့တော် ဝါရှင်တန်ဒီစီမှာ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရလို့ သေဆုံးခဲ့ရသူတွေအတွက် (၁၀) နှစ်ပြည့် အောက်မေ့ဘွယ်အခမ်းအနားကို မနေ့က ကျင်းပခဲ့ပါတယ်။ ဒီကနေ့မှာလည်း အောက်မေ့ဘွယ် အခမ်းအနားတွေကို နယူးယောက်၊ ဝါရှင်တန်ဒီစီနဲ့ ပင်န်ဆယ်လ်ဗေးနီးယား ပြည်နယ်တွေက အတိုက်ခိုက် ခံခဲ့ရတဲ့ နေရာတွေမှာ ကျင်းပကြပါလိမ့်ဦးမယ်။ အဲဒီအခမ်းအနားတွေကိုလည်း သမ္မတအိုဘားမား တက်ရောက်ပါလိမ့်ဦးမယ်။

XS
SM
MD
LG