အခုတပတ် အနုပညာ မိုးကောင်းကင်အစီအစဉ်မှာ ဆေးရုံတခုအကြောင်းရေးဖွဲ့ထားတဲ့ ကဗျာတပုဒ်ကို နားဆင်ရမှာပါ။ ဒီဆေးရုံက မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ထဲမှာရှိတဲ့ ထောင်ဆေးရုံပါ။ နှစ်ရှည်နိုင်ငံရေး အကျဉ်းသားတဦးဖြစ်ခဲ့တဲ့ ကဗျာရှင် “တာကောဒီ” က သူကိုယ်တိုင် တွေ့ ကြုံဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေကို ထောင်တွင်းမှာပဲ ရေးစပ်ထားတဲ့ ကဗျာရှည်တပုဒ်ဖြစ်ပါတယ်။ ဗြိတိန်အခြေစိုက် “ကောင်းကင်” အွန်လိုင်းမဂ္ဂဇင်းမှာ ဖေါ်ပြထားတာကို ကိုကျော်အောင်လွင်က အပိုင်းလိုက်ခွဲပြီး တင်ဆက်ပါလိမ့်မယ်။
ထောင်တွင်းကဗျာတပုဒ်
