သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ရိုဟင်ဂျာအဖွဲ့ တိုက်တွန်း


ဒေါက်တာ ဝါကာအူဒင် (ဓာတ်ပုံ-Wakar Uddin's fb)
ဒေါက်တာ ဝါကာအူဒင် (ဓာတ်ပုံ-Wakar Uddin's fb)

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလွှတ်တော်ကိုယ်စားလှယ်လောင်း (၃) ဦးရဲ့အမည် စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်တာဟာ တရားမဝင်ဘူးလို့ ပြည်ပအခြေစိုက် Arakan Rohingya Union (ARU) ရဲ့ ညွန်ကြားရေးမှူးချုပ် Dr. Wakar Uddin ကပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲဟာ အမှန်တကယ်လွတ်လပ်ပြီး တရားမျှတဖို့အတွက် အားလုံးတန်းတူ ပါဝင်မဲပေးခွင့်ရရေး အရေးကြီးတယ်လို့လည်း ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းထားတဲ့ ရိုဟင်ဂျာ ကိုယ်စားလှယ် လောင်း (၃) ဦးကို ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်တယ်ဆိုပြီး ဥရောပအခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်း (၁၁) ဖွဲ့က သြဂုတ်လ (၂၈) ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက်ထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြည်ပအခြေစိုက် Arakan Rohingya Union (ARU) ရဲ့ညွှန်ကြားရေးမှူးချုပ် Dr. Wakar Uddin ကလည်း သူ့ရဲ့ သဘောထားအမြင်ကို အခုလို ပြောပါတယ်။
“အခု ဒေသခံတိုင်းရင်းသား ရိုဟင်ဂျာကိုယ်စားလှယ် (Candidate) တွေကို မြန်မာအစိုးရက 2015 ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ယှဉ်ပြိုင်ခွင့်မပေးတာဟာ တရားမဝင်ပါဘူး။ အဲဒါဟာ နိုင်ငံတကာဥပဒေနဲ့ မြန်မာဥပဒေနဲ့လည်းမကိုက်ပါ။ ဆန့်ကျင်ပါတယ်။ ဒေသခံတိုင်းရင်းသား ရိုဟင်ဂျာလူမျိုးတွေကိုလည်း ရွေးကောက်ပွဲမှာ မဲဆန္ဒပေးခွင့် မပေးတော့ဘူးဆိုတာ ကျနော်တို့ကြားပါတယ်။ မြန်မာနိုင်ငံရဲ့ citizen ဒေသခံတိုင်းရင်းသားဖြစ်တဲ့ ရိုဟင်ဂျာလူမျိုးတွေဟာ လွတ်လပ်ရေး(ရတဲ့)အချိန်ကတည်းက ရွေးကောက်ပွဲတိုင်းမှာ ယှဉ်ပြိုင်ခွင့်၊ မဲဆန္ဒပေးခွင့်ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲအားလုံးမှာ။ ပြီးခဲ့တဲ့ 2010 election မှာလည်း ယှဉ်ပြိုင်ခွင့်၊ မဲဆန္ဒပေးခွင့်ရှိခဲ့ပါတယ်။”

မေး။ ။ အခုလိုမျိုး ရွေးကောက်ပွဲကော်မရှင်က သူတို့ကို ပယ်ချလိုက်တဲ့ရွေးကောက်ပွဲကော်မရှင် ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြီးပြင်ဖို့ ဥရောပ ရိုဟင်ဂျာ အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။ အဲတော့ သူတို့အနေနဲ့ဘာကြောင့်ရွေးကောက်ပွဲမှာ ဝင်ခွင့်ရသင့်တယ်လို့ Dr. Wakar
Uddin ထင်ပါသလဲရှင်။

“သူတို့ပါဝင်ခွင့်ရသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူတို့ရဲ့မိဘတွေ၊ သူတို့ရဲ့ Generation - ရာစုနှစ်နေပြီးတော့ မြန်မာပြည်မှာနေတာ။ တိုင်းရင်းသား၊ ဒေသခံတိုင်းရင်းသား၊ သူတို့မိဘလည်း ဒေသခံတိုင်းရင်းသား။ သူတို့ကအရင်လည်း parliament member ဖြစ်ခဲ့ပါတယ်။ အခုချက်ခြင်း ဘယ်လိုလုပ် parliament member မဖြစ်နိုင်လဲ။ နိုင်ငံသားမဖြစ်ပါ့မလဲ၊ သူတို့ကို။ မြန်မာနိုင်ငံရဲ့တိုင်းရင်းသားတစ်ယောက်။ သူတို့မှာ တိုင်းရင်းသား ကဒ်လည်းရှိတယ်။ Green card လည်းရှိတယ်။ အဲဒီလူတွေဟာ၊ တိုင်းရင်းသားတစ်ယောက်ဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်၊ ယှဉ်ပြိုင်ခွင့်။ အခွင့်ရရေး 100% ဖြစ်ရပါမယ်။”

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတိုင်းရင်းသား မရှိဘူးလို့ အစိုးရက ပြတ်ပြတ်သားသား ပြောကြားထားပါတယ်။ ဥရောပအခြေစိုက် ရိုဟင်ဂျာ အဖွဲ့အစည်း (၁၁) ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတော့ ဦးရွှေမောင်း၊ ၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ဦးကျော်မင်းနဲ့ ရန်ကုန်
စက်မှုတက္ကသိုလ်ကျောင်းက ဘွဲ့ရခဲ့တဲ့ ဦး Abu Taher တို့သုံးဦးအမည် စာရင်းကို ရွေးကောက် ပွဲ ကော်မရှင်က ပယ်ချခဲ့တယ်လို့ ဖေါ်ပြထား ပါတယ်။ ဦးရွှေမောင်းဟာဆိုရင် ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ကနေ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်အနေနဲ့ အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၄ နှစ်ကျော် တာဝန် ယူခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ကို မွေးဖွားတဲ့အချိန်မှာ သူ့ရဲ့မိဘတွေဟာ နိုင်ငံသားတွေမဟုတ်ကြဘူးဆိုတဲ့ အချက်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လာမဲ့ ရွေးကောက်ပွဲမှာ ဝင်ရွေးခွင့်မရှိဘူးလို့ ပယ်ချခဲ့တာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG