သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံ ထိပ္သီးေဆြးေႏြးပြဲ ျမန္မာစစ္ေခါင္းေဆာင္ကို မဖိတ္


ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္နဲ႔ အာဆီယံသေကၤတ (ေအပီ)

[[Zawgyi/Unicode]]

ေရွ႕လ ကေမာၻဒီးယားႏိုင္ငံ Phnom Penh ၿမိဳ႕မွာ က်င္းပဖို႔ စီစဥ္ထားတဲ့ အာဆီယံထိပ္သီး ေဆြးေႏြးပြဲနဲ႔ ဆက္စပ္ အစည္းအေဝးေတြမွာ ျမန္မာစစ္ေကာင္စီအႀကီးအကဲနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးကို ဖိတ္မွာမဟုတ္ေၾကာင္း ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက အတည္ျပဳတာကို The Phnom Penh Post သတင္းစာမွာ ေရးပါတယ္။

ျမန္မာႏိုင္ငံဘက္က ႏိုင္ငံေရးအရကိုယ္စားမျပဳတဲ့သူကိုပဲ အစည္းအေဝးတက္ေရာက္ဖို႔ အေၾကာင္းၾကားထားေၾကာင္း ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Chum Sunry က The Phnom Penh Post သတင္းစာကို ေျပာၾကားတာပါ။ တျခား အာဆီယံ အဖြဲ႔ဝင္ႏိုင္ငံေတြ၊ အာဆီယံအတြင္းေရးမွဴးခ်ဳပ္နဲ႔ ေဆြးေႏြးဖက္ႏိုင္ငံေတြ၊ ေဒသတြင္းနဲ႔ ႏိုင္ငံတကာအဖြဲ႔အစည္းေတြကို ဖိတ္ၾကားစာေတြ ေပးပို႔ၿပီးၿပီလို႔ Chum Sunry က ေျပာဆိုပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အၾကပ္အတည္းေတြ ေျဖရွင္းေရး အာဆီယံရဲ႕ ဘုံသေဘာတူညီခ်က္ေတြ အေကာင္အထည္ေဖၚဖို႔ ျမန္မာႏိုင္ငံဘက္က ပ်က္ကြက္ေနၿပီး ႏိုင္ငံေရးဖိႏွိပ္မႈေတြ ေရွ႕တိုးလုပ္ေဆာင္ေနခ်ိန္မွာပဲ ျမန္မာေခါင္းေဆာင္ေတြကို အာဆီယံ ထိပ္သီးအစည္းအေဝးမဖိတ္ဖို႔ ကေမာၻဒီးယားႏိုင္ငံက ဆက္ၿပီး ဆုံးျဖတ္တာပါ။ အာဆီယံ အလွည့္က်ဥကၠ႒ျဖစ္တဲ့ ကေမာၻဒီးယားႏိုင္ငံအေနနဲ႔ ျမန္မာစစ္တပ္ေခါင္းေဆာင္ေတြကို ေထာက္ခံတဲ့သူအျဖစ္ အမ်ားကျမင္မွာကို လိုလားပုံမရဘူးလို႔ မဟာဗ်ဴဟာေလ့လာေရး မဲေခါင္ဌာန သုေတသီ တဦးျဖစ္တဲ့ Thong Mengdavid က သုံးသပ္တာကို The Phnom Penh Post သတင္းစာက ေရးပါတယ္။

အႀကိမ္ ၄၀ နဲ႔ ၄၁ ႀကိမ္ေျမာက္ အာဆီယံထိပ္သီးအစည္းအေဝးနဲ႔ ဆက္စပ္အစည္းအေဝးတြအျပင္ အေရွ႕အာရွ ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ ေဒသတြင္း ႏွီးေႏွာဖလွယ္ပြဲေတြကို ႏိုဝင္ဘာလ ဒုတိယပတ္အတြင္း ကေမာၻဒီးယားႏိုင္ငံမွာ က်င္းပဖို႔ စီစဥ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်

ရှေ့လ ကမ္ဘောဒီးယားနိုင်ငံ Phnom Penh မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီအကြီးအကဲနဲ့ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်မှာမဟုတ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုတာကို The Phnom Penh Post သတင်းစာမှာ ရေးပါတယ်။

မြန်မာနိုင်ငံဘက်က နိုင်ငံရေးအရကိုယ်စားမပြုတဲ့သူကိုပဲ အစည်းအဝေးတက်ရောက်ဖို့ အကြောင်းကြားထားကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Chum Sunry က The Phnom Penh Post သတင်းစာကို ပြောကြားတာပါ။ တခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံအတွင်းရေးမှူးချုပ်နဲ့ ဆွေးနွေးဖက်နိုင်ငံတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဖိတ်ကြားစာတွေ ပေးပို့ပြီးပြီလို့ Chum Sunry က ပြောဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အကြပ်အတည်းတွေ ဖြေရှင်းရေး အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖေါ်ဖို့ မြန်မာနိုင်ငံဘက်က ပျက်ကွက်နေပြီး နိုင်ငံရေးဖိနှိပ်မှုတွေ ရှေ့တိုးလုပ်ဆောင်နေချိန်မှာပဲ မြန်မာခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေးမဖိတ်ဖို့ ကမ္ဘောဒီးယားနိုင်ငံက ဆက်ပြီး ဆုံးဖြတ်တာပါ။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို ထောက်ခံတဲ့သူအဖြစ် အများကမြင်မှာကို လိုလားပုံမရဘူးလို့ မဟာဗျူဟာလေ့လာရေး မဲခေါင်ဌာန သုတေသီ တဦးဖြစ်တဲ့ Thong Mengdavid က သုံးသပ်တာကို The Phnom Penh Post သတင်းစာက ရေးပါတယ်။

အကြိမ် ၄၀ နဲ့ ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွအပြင် အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဒေသတွင်း နှီးနှောဖလှယ်ပွဲတွေကို နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG