သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံခ်ဥ္းကပ္ပုံ ေျပာင္းလဲဖို႔ အကဲခတ္ေတြတိုက္တြန္း 


INDONESIA-ASEAN-DIPLOMACY

[[Zawgyi/Unicode]]

ျမန္မာျပည္တြင္းက ႏိုင္ငံေရးအက်ပ္အတည္းနဲ႔ ပဋိပကၡေတြေၾကာင့္ျဖစ္လာတဲ့သက္ေရာက္မႈဟာ အိမ္နီးခ်င္းနဲ႔ ေဒသတြင္းႏိုင္ငံေတြဆီအထိ ေက်ာ္လြန္ေရာက္ရွိလာတဲ့အတြက္ အာဆီယံႏိုင္ငံေတြအေနနဲ႔ ျမန္မာ့အေရးကူညီေျဖရွင္းရာမွာ အရင္ကထက္ ပိုမိုထိေရာက္တဲ့ခ်ဥ္းကပ္မႈအသစ္ေတြနဲ႔ လုပ္ေဆာင္သင့္တယ္လို႔ ျမန္မာ့အေရးေစာင့္ၾကည့္ေနသူေတြက ေျပာပါတယ္။ ေသာင္းနဲ႔ခ်ီတဲ့ စစ္ေဘးဒုကၡသည္ေတြ၊ လူကုန္ကူးမႈနဲ႔ မူးယစ္ေဆးဝါး ျပႆနာလို ေနာက္ဆက္တြဲျပႆနာေတြဟာ ျမန္မာႏိုင္ငံနဲ႔ ဆက္ႏြယ္ၿပီး အိမ္နီးခ်င္းႏိုင္ငံေတြ လက္ငင္းႀကဳံေနရတဲ့ ျပႆနာေတြျဖစ္တာကို ေထာက္ျပၿပီး ဒီခ်က္ေတြကို အာဆီယံႏိုင္ငံတြဘက္က ထည့္သြင္းစဥ္းစားရလိမ့္မယ္လို႔ ေလ့လာသူေတြက တိုက္တြန္း ေျပာဆိုၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းေပးပို႔ခ်က္ကို ကိုရန္ႏိုင္က တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံ့အေရး အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႕ (အာဆီယံ) ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးေတြ အထူးအစည္းအေဝးတရပ္ အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာၿမိဳ႕မွာ ဒီေန႔ က်င္းပခဲ့ၿပီး အာဆီယံရဲ႕ ျမန္မာ့ႏိုင္ငံ့အေရး ရပ္တည္ခ်က္ဟာ လက္ရွိအခ်ိန္အထိ ဘုံသေဘာတူညီခ်က္ ၅ ရပ္အေပၚမွာပဲ အေျခခံထားဆဲ ျဖစ္တယ္ဆိုတာကို အာဆီယံဘက္က ထပ္ေလာင္း အတည္ျပဳ ေျပာဆိုထားပါတယ္။ ႏိုင္ငံေရး ေလ့လာသူေတြကေတာ့ စစ္ေရးနဲ႔လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ပိုၿပီးက်ယ္ျပန႔္လာတဲ့ ျမန္မာႏိုင္ငံအတြက္ ေနာက္ထပ္ထိေရာက္တဲ့ ဆုံးျဖတ္ခ်က္ေတြကို အာဆီယံဘက္က စဥ္းစားသင့္တယ္ၿပီလို႔ ျမင္ၾကပါတယ္။ အာဆီယံရဲ႕ရပ္တည္ခ်က္က ခ်ဥ္းကပ္မႈပုံစံအသစ္၊ အေျပာင္းအလဲအသစ္နဲ႔ လုပ္ႏိုင္ပါ့မလားဆိုတာ သံသယရွိေၾကာင္း ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳအဖြဲ႕က ေစာအဲလက္စ္ထူးက ဗြီအိုေအကို ေျပာပါတယ္။

" အာဆီယံအဖြဲ႔အစည္းေတြ၊ ႏိုင္ငံေတြစဥ္းစားရမွာက ျမန္မာျပည္ရဲ႕ ျပႆနာက ျပည္တြင္းျပႆနာ မဟုတ္ဘူး။ သူကႏိုင္ငံကို ေက်ာ္ၿပီးေတာ့ အိမ္နီးခ်င္းႏိုင္ငံေတြမွာ သြားၿပီးေတာ့မွ သက္ေရာက္တယ္ေပါ့။ ၿပီးရင္ ေဒသတြင္းလုံၿခဳံေရးကို အမ်ားႀကီးထိေရာက္တဲ့ဟာ။ အခုေတာ့ လူကုန္ကူးမႈေတြ အမ်ားအျပား ျဖစ္လာတယ္။ ေနာက္ၿပီး drug issue ေပါ့ေနာ္။ ပဋိပကၡျဖစ္တဲ့အတြက္ မလိုလားအပ္တဲ့ ေနာက္ဆက္တြဲ လူမႈေရး ျပႆနာေတြ ေငြေရးေၾကးေရး ျပႆနာ ေမွာင္ခို ဒီဟာေတြက အားလုံးက အာဆီယံႏိုင္ငံေတြ အားလုံးကို ကူးေနျဖစ္ေနတာ က်ေနာ္တို႔ ေတြ႕ရတယ္။"

စစ္ေကာင္စီ အာဏာရယူၿပီးေနာက္ပိုင္းမွာ အိႏၵိယဘက္ကို ထြက္ေျပးတိမ္းေရွာင္ခဲ့ရတဲ့ ျမန္မာႏိုင္ငံသား ဒုကၡသည္ ၅ ေသာင္းေလာက္ရွိပါတယ္။ ထိုင္းႏိုင္ငံကေန UNHCR ဆီမွာ ခိုလႈံခြင့္ ေတာင္းခံထားတဲ့ ႏိုင္ငံေရးလႈပ္ရွားသူ အေရအတြက္ကလည္း လက္ရွိစာရင္းအရ ၁၂,၀၀၀ အထက္မွာ ရွိပါတယ္။ မေလးရွားႏိုင္ငံကို ေရာက္ေနတဲ့ ႏိုင္ငံေရးလႈပ္ရွားသူေတြ၊ အာဏာဖီဆန္ေရး လႈပ္ရွားမႈစီဒီအမ္လုပ္ထားသူေတြရဲ႕ကိစၥကလည္း မေလးရွားအစိုးရအတြက္ ထည့္သြင္းစဥ္းစားစရာ ျဖစ္လာပါတယ္လို႔ အကဲခတ္ေတြက ရႈျမင္ပါတယ္။

ျပည္တြင္းမွာလည္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈနဲ႔ စစ္ေရးပဋိပကၡ၊ အၾကမ္းဖက္တိုက္ခိုက္မႈေတြ တိုးလာတာေတြက အာဆီယံႏိုင္ငံေတြအတြက္ ေနာက္ထပ္စဥ္းစားစရာ အခ်က္ေတြျဖစ္တယ္လို႔ ျမန္မာ့လူ႔အခြင့္အေရးအဖြဲ႕ BHRN က ဦးေက်ာ္ဝင္းက ဗြီအိုေအကို ေျပာပါတယ္။

" ၿပီးခဲ့တဲ့ ေတာ္လွန္ေရးစျဖစ္ကာစမွာ အဲဒီအေျခအေနေပၚမူတည္ၿပီးေတာ့ ဒီငါးခ်က္ကို သူတို႔ကယူခဲ့တာ။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ စစ္တပ္ရဲ႕ရာဇဝတ္မႈက်ဴးလြန္မႈေတြက မ်က္ဝါးထင္ထင္ clearly ျမင္ေနရၿပီဆိုေတာ့ အဲဒီငါးခ်က္နဲ႔ ဘယ္လိုမွ အဆင္မေျပႏိုင္ေတာ့ဘူး။ ဒါကို က်ေနာ္တို႔ ျမန္မာျပည္ဘက္က ေတာ္လွန္ေရး အုပ္စုေတြကလည္း ဒါကို အစကတည္းက ပယ္ခ်ေနတာ။ ဒါကို အင္ဒိုနီးရွားဘက္ကလည္း သူတို႔ကလည္း ဒါကိုျမင္တယ္ ဒီငါးခ်က္က အဆင္မေျပႏိုင္ေတာ့ဘူး။"

မၾကာခင္မွာ အာဆီယံရဲ႕ အလွည့္က်ဥကၠ႒တာဝန္ကို အင္ဒိုနီးရွားႏိုင္ငံက တာဝန္ယူရမွာပါ။ အင္ဒိုနီးရွားႏိုင္ငံရဲ႕ မီဒီယာနဲ႔ အရပ္ဘက္အဖြဲ႕ေတြ၊ ျပည္သူေတြရဲ႕အားက ထိေရာက္တဲ့အတြက္ ျမန္မာႏိုင္ငံက အဖြဲ႔အစည္းေတြနဲ႔ ခ်ိတ္ဆက္ လက္တြဲသင့္တယ္လို႔ ဦးေက်ာ္ဝင္းက ေျပာပါတယ္။

ၿပီးခဲ့တဲ့အစည္းအေဝးေတြမွာ အာဆီယံက ျမန္မာစစ္ေကာင္စီအႀကီးအကဲေတြကို မဖိတ္ၾကားေတာ့ဘဲ ႏိုင္ငံေရးအရ ကိုယ္စားမျပဳတဲ့ ကိုယ္စားလွယ္တက္ေရာက္ဖို႔ ဖိတ္ၾကားခဲ့ပါတယ္။ ဒီေန႔ ႏိုဝင္ဘာ ၂၇ရက္ ၾကာသပေတးေန႔မွာက်င္းပတဲ့ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ျမန္မာ့အေရး သီးသန႔္အစည္းအေဝးမွာလည္း ျမန္မာစစ္ေကာင္စီဘက္ကကိုယ္စားလွယ္ တက္ေရာက္ခြင့္မရခဲ့ပါဘူး။ လာမယ့္ႏိုဝင္ဘာလ အာဆီယံ ထိပ္သီးေဆြးေႏြးပြဲမတိုင္ခင္ ျမန႔္မာ့အေရး ႀကိဳတင္ေဆြးေႏြးတာျဖစ္ၿပီး ဒီေန႔ေဆြးေႏြးပြဲရဲ႕ အဆိုျပဳခ်က္ေတြကို အာဆီယံ ထိပ္သီးေဆြးေႏြးပြဲအတြင္း အေလးအနက္ စဥ္းစားသုံးသပ္ၾကမယ္လို႔ ႏိုင္ငံေရး ေလ့လာသူေတြ ေမွ်ာ္လင့္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

မြန်မာ့အရေး အာဆီယံချဉ်းကပ်ပုံ ပြောင်းလဲဖို့ အကဲခတ်တွေတိုက်တွန်း

မြန်မာပြည်တွင်းက နိုင်ငံရေးအကျပ်အတည်းနဲ့ ပဋိပက္ခတွေကြောင့်ဖြစ်လာတဲ့သက်ရောက်မှုဟာ အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေဆီအထိ ကျော်လွန်ရောက်ရှိလာတဲ့အတွက် အာဆီယံနိုင်ငံအနေနဲ့ မြန်မာ့အရေးကူညီဖြေရှင်းရာမှာ အရင်ကထက် ပိုမိုထိရောက်တဲ့ချဉ်းကပ်မှုအသစ်တွေနဲ့ လုပ်ဆောင်သင့်တယ်လို့ မြန်မာ့အရေးစောင့်ကြည့်နေသူတွေက ပြောပါတယ်။ သောင်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေ၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါး ပြဿနာလို နောက်ဆက်တွဲပြဿနာတွေဟာ မြန်မာနိုင်ငံနဲ့ ဆက်နွယ်ပြီး အိမ်နီးချင်းနိုင်ငံတွေ လက်ငင်းကြုံနေရတဲ့ ပြဿနာတွေဖြစ်တာကို ထောက်ပြပြီး ဒီချက်တွေကို အာဆီယံနိုင်ငံတွဘက်က ထည့်သွင်းစဉ်းစားရလိမ့်မယ်လို့ လေ့လာသူတွေက တိုက်တွန်း ပြောဆိုကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ့အရေး အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အထူးအစည်းအဝေးတရပ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဒီနေ့ ကျင်းပခဲ့ပြီး အာဆီယံရဲ့ မြန်မာ့နိုင်ငံ့အရေး ရပ်တည်ချက်ဟာ လက်ရှိအချိန်အထိ ဘုံသဘောတူညီချက် ၅ ရပ်အပေါ်မှာပဲ အခြေခံထားဆဲ ဖြစ်တယ်ဆိုတာကို အာဆီယံဘက်က ထပ်လောင်း အတည်ပြု ပြောဆိုထားပါတယ်။ နိုင်ငံရေး လေ့လာသူတွေကတော့ စစ်ရေးနဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုပြီးကျယ်ပြန့်လာတဲ့ မြန်မာနိုင်ငံအတွက် နောက်ထပ်ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေကို အာဆီယံဘက်က စဉ်းစားသင့်တယ်ပြီလို့ မြင်ကြပါတယ်။ အာဆီယံရဲ့ရပ်တည်ချက်က ချဉ်းကပ်မှုပုံစံအသစ်၊ အပြောင်းအလဲအသစ်နဲ့ လုပ်နိုင်ပါ့မလားဆိုတာ သံသယရှိကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့က စောအဲလက်စ်ထူးက ဗွီအိုအေကို ပြောပါတယ်။

" အာဆီယံအဖွဲ့အစည်းတွေ၊ နိုင်ငံတွေစဉ်းစားရမှာက မြန်မာပြည်ရဲ့ ပြဿနာက ပြည်တွင်းပြဿနာ မဟုတ်ဘူး။ သူကနိုင်ငံကို ကျော်ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေမှာ သွားပြီးတော့မှ သက်ရောက်တယ်ပေါ့။ ပြီးရင် ဒေသတွင်းလုံခြုံရေးကို အများကြီးထိရောက်တဲ့ဟာ။ အခုတော့ လူကုန်ကူးမှုတွေ အများအပြား ဖြစ်လာတယ်။ နောက်ပြီး drug issue ပေါ့နော်။ ပဋိပက္ခဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ နောက်ဆက်တွဲ လူမှုရေး ပြဿနာတွေ ငွေရေးကြေးရေး ပြဿနာ မှောင်ခို ဒီဟာတွေက အားလုံးက အာဆီယံနိုင်ငံတွေ အားလုံးကို ကူးနေဖြစ်နေတာ ကျနော်တို့ တွေ့ရတယ်။"

စစ်ကောင်စီ အာဏာရယူပြီးနောက်ပိုင်းမှာ အိန္ဒိယဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် ၅ သောင်းလောက်ရှိပါတယ်။ ထိုင်းနိုင်ငံကနေ UNHCR ဆီမှာ ခိုလှုံခွင့် တောင်းခံထားတဲ့ နိုင်ငံရေးလှုပ်ရှားသူ အရေအတွက်ကလည်း လက်ရှိစာရင်းအရ ၁၂,၀၀၀ အထက်မှာ ရှိပါတယ်။ မလေးရှားနိုင်ငံကို ရောက်နေတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ၊ အာဏာဖီဆန်ရေး လှုပ်ရှားမှုစီဒီအမ်လုပ်ထားသူတွေရဲ့ကိစ္စကလည်း မလေးရှားအစိုးရအတွက် ထည့်သွင်းစဉ်းစားစရာ ဖြစ်လာပါတယ်လို့ အကဲခတ်တွေက ရှုမြင်ပါတယ်။

ပြည်တွင်းမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ စစ်ရေးပဋိပက္ခ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးလာတာတွေက အာဆီယံနိုင်ငံတွေအတွက် နောက်ထပ်စဉ်းစားစရာ အချက်တွေဖြစ်တယ်လို့ မြန်မာ့လူ့အခွင့်အရေးအဖွဲ့ BHRN က ဦးကျော်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

" ပြီးခဲ့တဲ့ တော်လှန်ရေးစဖြစ်ကာစမှာ အဲဒီအခြေအနေပေါ်မူတည်ပြီးတော့ ဒီငါးချက်ကို သူတို့ကယူခဲ့တာ။ ဒါပေမယ့် အခုအချိန်မှာတော့ စစ်တပ်ရဲ့ရာဇဝတ်မှုကျူးလွန်မှုတွေက မျက်ဝါးထင်ထင် clearly မြင်နေရပြီဆိုတော့ အဲဒီငါးချက်နဲ့ ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး။ ဒါကို ကျနော်တို့ မြန်မာပြည်ဘက်က တော်လှန်ရေး အုပ်စုတွေကလည်း ဒါကို အစကတည်းက ပယ်ချနေတာ။ ဒါကို အင်ဒိုနီးရှားဘက်ကလည်း သူတို့ကလည်း ဒါကိုမြင်တယ် ဒီငါးချက်က အဆင်မပြေနိုင်တော့ဘူး။"

မကြာခင်မှာ အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံက တာဝန်ယူရမှာပါ။ အင်ဒိုနီးရှားနိုင်ငံရဲ့ မီဒီယာနဲ့ အရပ်ဘက်အဖွဲ့တွေ၊ ပြည်သူတွေရဲ့အားက ထိရောက်တဲ့အတွက် မြန်မာနိုင်ငံက အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် လက်တွဲသင့်တယ်လို့ ဦးကျော်ဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့အစည်းအဝေးတွေမှာ အာဆီယံက မြန်မာစစ်ကောင်စီအကြီးအကဲတွေကို မဖိတ်ကြားတော့ဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ ကိုယ်စားလှယ်တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒီနေ့ နိုဝင်ဘာ ၂၇ရက် ကြာသပတေးနေ့မှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မြန်မာ့အရေး သီးသန့်အစည်းအဝေးမှာလည်း မြန်မာစစ်ကောင်စီဘက်ကကိုယ်စားလှယ် တက်ရောက်ခွင့်မရခဲ့ပါဘူး။ လာမယ့်နိုဝင်ဘာလ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် မြန့်မာ့အရေး ကြိုတင်ဆွေးနွေးတာဖြစ်ပြီး ဒီနေ့ဆွေးနွေးပွဲရဲ့ အဆိုပြုချက်တွေကို အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွင်း အလေးအနက် စဉ်းစားသုံးသပ်ကြမယ်လို့ နိုင်ငံရေး လေ့လာသူတွေ မျှော်လင့်ထားပါတယ်။

XS
SM
MD
LG