သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံကာကြယ္ေရးဝန္ႀကီးမ်ား အစည္းအေဝး ျမန္မာမပါဘဲက်င္းပ 


Cambodia ASEAN Defense

[[Zawgyi/Unicode]]

အာဆီယံ ကာကြယ္ေရးဝန္ႀကီးမ်ားနဲ႔ မိတ္ဖက္ႏိုင္ငံမ်ားအစည္းအေဝးကို ျမန္မာကိုယ္စားျပဳသူမပါဘဲ ကေမာၻဒီးယားႏိုင္ငံမွာ ဒီေန႔ ဗုဒၶဟူးေန႔မွာ က်င္းပခဲ့ၾကပါတယ္။ ဒီအစည္းအေဝးမွာ အာဆီယံမိတ္ဖက္ႏိုင္ငံေတြျဖစ္တဲ့ အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin၊ တ႐ုတ္ကာကြယ္ေရးဝန္ႀကီး Wei Fenghe တို႔အျပင္ ေတာင္ကိုရီးယား၊ ဂ်ပန္၊ အိႏၵိယ၊ ဩစေၾတးလ်၊ နယူးဇီလန္နဲ႔ ႐ုရွားတို႔က ကိုယ္စားလွယ္ေတြ တက္ေရာက္ၾကတာပါ။

သေဘာထားအျမင္ဖလွယ္ၾကၿပီး အျပန္အလွန္နားလည္မႈတည္ေဆာက္ဖို႔အတြက္ ဒီအစည္အးေဝးက အေရးႀကီးတယ္လို႔ အာဆီယံအလွည့္က်ဥကၠ႒ျဖစ္တဲ့ အိမ္ရွင္ ကေမာၻဒီးယားႏိုင္ငံဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က ေျပာပါတယ္။

ျမန္မာအေရး အာဆီယံဘုံသေဘာတူညီခ်က္ကို ျမန္မာစစ္ေကာင္စီဘက္က လိုက္နာေဆာင္႐ြက္ဖို႔ ပ်က္ကြက္တာေၾကာင့္ အာဆီယံထိပ္သီးအစည္းအေဝးေတြမွာ ျမန္မာကို ႏိုင္ငံေရးအရ ကိုယ္စားျပဳခြင့္မေပးဘဲထားတဲ့အျပင္ အျခား အာဆီယံအစည္းအေဝးေတြမွာပါ ျမန္မာကို ကိုယ္စားျပဳခြင့္ စဥ္းစားဖို႔ ၿပီးခဲ့တဲ့ အာဆီယံထိပ္သီးညီလာခံက ဆုံးျဖတ္ခဲ့ပါတယ္။ အခုလို အာဆီယံကာကြယ္ေရးအစည္းအေဝးမွာ ျမန္မာကိုခ်န္လွပ္ထားတာကေတာ့ ဒါ ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ အာဆီယ့ကာကြယ္ေရးဝန္ႀကီးမ်ားအစည္းအေဝးကိုေတာ့ ကိုဗစ္ကပ္ေဘးေၾကာင့္ အြန္လိုင္းကေနက်င္းပခဲ့ရာမွာ ျမန္မာစစ္ေကာင္စီ ကာကြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး တက္ေရာက္ခဲ့ပါတယ္။ ၂၀၂၂ ခုႏွစ္ ဇြန္လအတြင္း က်င္းပေတာ့လည္း ကေမာၻဒီယားႏိုင္ငံ၊ ဖႏြမ္းပင္ကို ျမန္မာစစ္ေကာင္စီ ကာကြယ္ေရးဝန္ႀကီး တက္ေရာက္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး မြန်မာမပါဘဲကျင်းပ

အာဆီယံ ကာကွယ်ရေးဝန်ကြီးများနဲ့ မိတ်ဖက်နိုင်ငံများအစည်းအဝေးကို မြန်မာကိုယ်စားပြုသူမပါပဲ ကမ္ဘောဒီးယားနိုင်ငံမှာ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအစည်းအဝေးမှာ အာဆီယံမိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin၊ တရုတ်ကာကွယ်ရေးဝန်ကြီး Wei Fenghe တို့အပြင် တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျ၊ နယူးဇီလန်နဲ့ ရုရှားတို့က ကိုယ်စားလှယ်တွေ တက်ရောက်ကြတာပါ။

သဘောထားအမြင်ဖလှယ်ကြပြီး အပြန်အလှန်နားလည်မှုတည်ဆောက်ဖို့အတွက် ဒီအစည်အးဝေးက အရေးကြီးတယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။

မြန်မာအရေး အာဆီယံဘုံသဘောတူညီချက်ကို မြန်မာစစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်တာကြောင့် အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာကို နိုင်ငံရေးအရ ကိုယ်စားပြုခွင့်မပေးဘဲထားတဲ့အပြင် အခြား အာဆီယံအစည်းအဝေးတွေမှာပါ မြန်မာကို ကိုယ်စားပြုခွင့် စဉ်းစားဖို့ ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံက ဆုံးဖြတ်ခဲ့ပါတယ်။ အခုလို အာဆီယံကာကွယ်ရေးအစည်းအဝေးမှာ မြန်မာကိုချန်လှပ်ထားတာကတော့ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဆီယ့ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကိုတော့ ကိုဗစ်ကပ်ဘေးကြောင့် အွန်လိုင်းကနေကျင်းပခဲ့ရာမှာ မြန်မာစစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လအတွင်း ကျင်းပတော့လည်း ကမ္ဘောဒီယားနိုင်ငံ၊ ဖနွမ်းပင်ကို မြန်မာစစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး တက်ရောက်ခဲ့ပါတယ်။

XS
SM
MD
LG