သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီကို အာဆီယံ ကာကြယ္ေရး၀န္ႀကီးမ်ားအစည္းေ၀း ဖိတ္ၾကားမႈ အရပ္ဘက္အဖြဲ႔ေတြ ေဝဖန္


ျမန္မာကာကြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး ၁၆ ႀကိမ္ေျမာက္ အာဆီယံ ကာကြယ္ေရးဝန္ႀကီးမ်ား အစည္းအေဝးကို ကေမၻာဒီးယားႏုိင္ငံ၊ ဖႏြမ္းပင္ၿမိဳ႕မွာတက္ေရာက္စဥ္။ (ဇြန္ ၂၂၊ ၂၀၂၂)


[[Zawgyi/Unicode]]

ကေမာၻဒီးယားႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့တဲ့ အာဆီယံ ကာကြယ္ေရးဝန္ႀကီးမ်ားရဲ႕ အစည္းအေဝးကို စစ္ေကာင္စီ ကာကြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး တက္ေရာက္ခဲ့ၿပီး ကမာၻဒီးယား ကာကြယ္ေရးဝန္ႀကီးနဲ႔လည္း ဗုဒၶဟူးေန႔က သီးသန႔္ ေတြ႕ဆုံခဲ့ပါတယ္။ စစ္ေကာင္စီခန႔္ ကာကြယ္ေရးဝန္ႀကီးကိုမဖိတ္ဖို႔ လူ႔အခြင့္အေရးနဲ႔ အရပ္ဘက္အဖြဲ႕ေတြက အာဆီယံကို တိုက္တြန္းေနတဲ့ၾကားကပဲ ကေမာၻဒီယားက ဖိတ္ေခၚခဲ့တာပါ။ ျမန္မာ အရပ္ဘက္အဖြဲ႕ေတြကေတာ့ ေဒသတြင္းတည္ၿငိမ္ေရးကို လိုလားတယ္လို႔ေျပာေနတဲ့ အာဆီယံရဲ႕ စစ္ေကာင္စီအေပၚထားတဲ့ သေဘာထားအေပၚမွာ ေမးခြန္းထုတ္ေနၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကိုေတာ့ ကိုေဇာ္၀င္းလႈိင္က တင္ျပေပးထားပါတယ္။

ကေမာၻဒီးယားႏိုင္ငံ၊ ဖႏြမ္းပင္ၿမိဳ႕မွာ ၂ ရက္တာက်င္းပခဲ့တဲ့ (၁၆)ႀကိမ္ေျမာက္ အာဆီယံ ကာကြယ္ေရးဝန္ႀကီးမ်ား အစည္းအေဝး ADMM ကို စစ္ေကာင္စီ ကာကြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး ဖိတ္ၾကားခံခဲ့ရတာပါ။ ႏိုင္ငံတကာ လူ႔အခြင့္အေရးဥပေဒေတြကို ခ်ိဳးေဖာက္ေနတဲ့ ျမန္မာစစ္တပ္ကိုမဖိတ္ဖို႔ ကန႔္ကြက္မႈေတြၾကားကပဲ လွ်စ္လ်ဴရႈခဲ့တဲ့ ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္ Mr. Hun Sen ကို ျပည္တြင္းက အရပ္ဘက္အဖြဲ႕ေတြက ေဝဖန္လိုက္ပါတယ္။

ေဒသတြင္းမွာျဖစ္ေနတဲ့၊ ျဖစ္လာႏိုင္တဲ့ လုံၿခဳံေရးစိန္ေခၚမႈေတြကို ေထာက္ျပၿပီး အာဆီယံႏိုင္ငံအခ်င္းခ်င္းၾကားမွာ ပိုၿပီးစည္း႐ုံးဖို႔လိုတယ္လို႔ အာဆီယံ ကာကြယ္ေရးဝန္ႀကီးမ်ား အစည္းအေဝးနဲ႔ ဆက္စပ္အစည္းအေဝးရဲ႕အိမ္ရွင္ ကေမာၻဒီးယားက ေျပာခဲ့တာပါ။

ျမန္မာအရပ္ဘက္အဖြဲ႕အစည္း ၆၀၀ ေက်ာ္ကေတာ့ ဒီအစည္းအေဝးမတိုင္ခင္ ရက္ပိုင္းအလိုကတည္းက စစ္ေကာင္စီကို မဖိတ္ၾကားဖို႔ အာဆီယံကို တိုက္တြန္းခဲ့တာပါ။ ဒါေပမဲ့ အခုလို ဖိတ္ၾကားလိုက္တာက ေဒသတြင္းႏိုင္ငံေတြအတြက္ေတာ့ ၿခိမ္းေျခာက္မႈတခု ျဖစ္လာတယ္လို႔ ဒီအစည္းအေဝးကို ဦးေဆာင္ ကန႔္ကြက္ခဲ့သူေတြထဲက တဦးျဖစ္တဲ့ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ မသၪၨာ႐ႊန္းလဲ့ရည္က ေျပာပါတယ္။

" ေျပာရမယ္ဆိုရင္ ဒီ Defence force အခ်င္းခ်င္း၊ စစ္သားေတြအခ်င္းခ်င္းက၊ စစ္သားအခ်င္းခ်င္းကို ျပန္႐ိုင္းပင္းတဲ့ပုံစံသည္ က်မတို႔ ေဒသတြင္းက ျပည္သူေတြအတြက္ အႀကီးက်ယ္ဆုံးေသာ ၿခိမ္းေျခာက္မႈျဖစ္ပါတယ္။ ဒီပုံစံမ်ိဳးစုံနဲ႔ေသာ မတရားမႈေတြ၊ ရာဇဝတ္မႈေတြ က်ဴးလြန္ထားတဲ့ စစ္ဗိုလ္ခ်ဳပ္ေခါင္းေဆာင္ တေယာက္ကို အျခားႏိုင္ငံ၊ အိမ္နီးခ်င္းႏိုင္ငံ၊ ေဒသတြင္းႏိုင္ငံေတြက စစ္ဗိုလ္ခ်ဳပ္ေတြက လက္ကမ္းႀကိဳတယ္ဆိုတာက က်မတို႔ ေဒသတြင္းက ျပည္သူေတြအတြက္ကို ဒါအႏၲရာယ္ျဖစ္ပါတယ္။"

ကမာၻ႔အေရးကိစၥေတြေၾကာင့္ ျမန္မာႏိုင္ငံကို မီဒီယာေတြရဲ႕အာ႐ုံစိုက္မႈက ေလ်ာ့သြားေပမဲ့ ျပည္တြင္းမွာေတာ့ ေန႔တိုင္းနီးပါး တိုက္ပြဲေတြရွိေနၿပီး၊ မီးရႈိ႕မႈေတြနဲ႔အတူ အယူအဆမတူတဲ့ အဖြဲ႕အစည္းေတြၾကားမွာ အျပန္အလွန္ သတ္ျဖတ္မႈေတြက ေနရာအႏွံ႔မွာ ရွိေနတယ္လို႔ ႏိုင္ငံေရးလႈပ္ရွားသူတခ်ိဳ႕က ေျပာပါတယ္။ ပဋိပကၡေၾကာင့္ ေနရပ္စြန္႔ခြာသူ အမ်ားဆုံးရွိတဲ့ ႏိုင္ငံေတြထဲမွာလည္း ျမန္မာႏိုင္ငံက ပါေနတာပါ။ ဒီအေျခအေနေတြကို မ်က္ကြယ္ျပဳၿပီး စစ္ေကာင္စီခန႔္ ကာကြယ္ေရးဝန္ႀကီးကို အာဆီယံက ဖိတ္ၾကားခဲ့တာလို႔ အခုကိစၥမွာ လႈပ္ရွားပါဝင္ခဲ့တဲ့ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ ကိုရဲကေျပာပါတယ္။

" အရွင္လတ္လတ္ မီးရႈိ႕သတ္ျဖတ္၊ ရိကၡာေတြ၊ အိမ္ေတြမီးရႈိ႕ပစ္ရေလာက္ေအာင္ မိုက္႐ိုင္းလြန္းတဲ့လူေတြနဲ႔ တစားပြဲတည္း သူတို႔ အက်ိဳးစီးပြားအတြက္ လုပ္ေနတဲ့ဟာမ်ိဳးကို က်ေနာ္တို႔က ပစ္တင္ရႈတ္ခ်ဖို႔ အဲဒါကို လုပ္ကိုလုပ္ရမယ္။ အဲဒီအေပၚမွာ က်ေနာ္တို႔က စိတ္ပ်က္အားငယ္မႈေတြ မရွိဘူး။ သူတို႔မဖိတ္လည္း ဘာမွ လာကူမွာမွမဟုတ္တာ။ ေသခ်ာသြားၿပီေလ။ တႏွစ္ေက်ာ္သြားၿပီ။ ကိုယ့္ဟာကိုယ္ အားလုံးလုပ္ရမွာ။ ဆိုေတာ့ က်ေနာ္တို႔ စိတ္ဓာတ္မက်ဘဲ ဒီအတိုင္းပဲဆက္ၿပီး တက္ပြဲဝင္မယ္။"

ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးကို ဖိတ္ေခၚဖို႔ တျခားအာဆီယံ ၈ႏိုင္ငံကလည္း သေဘာတူခဲ့ၾကတာလို႔ ကေမာၻဒီးယားအစိုးရရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး ခမာတိုင္းမ္စ္သတင္းစာက ေရးသားပါတယ္။

အာဆီယံလိုပဲ ဘဂၤလားပင္လယ္ေအာ္ေဒသ က႑စုံနည္းပညာႏွင့္ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈ အဖြဲ႕ BIMSTEC ရဲ႕ ဦးေဆာင္ႏိုင္ငံ အိႏၵိယကလည္း စစ္ေကာင္စီကို အစဥ္တစိုက္ အသိအမွတ္ျပဳေနတဲ့ ႏိုင္ငံျဖစ္တယ္လို႔ ႏိုင္ငံေရးလႈပ္ရွားသူေတြက ေျပာပါတယ္။

ျမန္မာႏိုင္ငံအတြက္ အိႏၵိယျပည္သူေတြက ရပ္တည္ေပးဖို႔၊ ျမန္မာစစ္တပ္ကို အိႏၵိယအစိုးရက တရားဝင္မႈ မေပးဖို႔နဲ႔ လက္နက္မေထာက္ပံ့ဖို႔၊ စစ္တပ္ကို စီးပြားေရးပိတ္ဆို႔ဖို႔၊ ထြက္ေျပးလာတဲ့ ျမန္မာဒုကၡသည္ေတြကို အကူအညီေတြေပးဖို႔ စတဲ့အခ်က္ (၄) ခ်က္ကို India for Myanmar အဖြဲ႕ကေတာင္းဆိုထားၿပီး ပူးေပါင္းတဲ့အဖြဲ႕ေတြရဲ႕အားနဲ႔ လာမယ့္ဇူလိုင္လမွာ အိႏၵိယႏိုင္ငံေရးနဲ႔ အရပ္ဘက္အဖြဲ႕ ၁,၀၀၀ ေက်ာ္ကို စာေပးပို႔သြားမယ္လို႔ ေျပာပါတယ္။

အာဆီယံႏိုင္ငံေတြ အခ်င္းခ်င္းၾကားမွာ ကာကြယ္ေရးပစၥည္း ထုတ္လုပ္ေရးနဲ႔ အက်ိဳးတူပူးေပါင္းမႈေတြနဲ႔ ပတ္သက္ၿပီး အျပန္အလွန္ ပံ့ပိုးေပးေနတာကိုလည္း Justice for Myanmar အဖြဲ႕က ေထာက္ျပ၊ ေဝဖန္ထားပါတယ္။ အၾကမ္းဖက္တာေတြလုပ္ေနတဲ့ ျမန္မာစစ္တပ္ကို အာဆီယံရဲ႕မိတ္ေဆြအျဖစ္က ဖယ္ရွားေပးဖို႔လည္း ဒီအဖြဲ႕က ေတာင္းဆိုထားတာပါ။ လက္ရွိအေျခအေနက အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကို အာဆီယံက တရားဝင္ အသိအမွတ္ျပဳရမွာျဖစ္ၿပီး အခုလို (၁၆)ႀကိမ္ေျမာက္ ADMM အစည္းအေဝးမွာ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး ရွိေနခဲ့တာဟာ တုန္လႈပ္စရာျဖစ္တယ္လို႔ သူတို႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

အေမရိကန္အပါအဝင္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြက သူတို႔ရဲ႕ ျမန္မာ႐ုံး ေဖ့စ္ဘြတ္စာမ်က္ႏွာက ပ႐ိုဖိုင္ပုံေတြကို မေန႔က ဗုဒၶဟူးေန႔က အနက္ေရာင္ ေျပာင္းလိုက္ပါတယ္။ ၂၀၂၁ ခုႏွစ္ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းခ်ိန္ကစလို႔ ေသဆုံးခဲ့တဲ့ အရပ္သားေတြအတြက္ ဝမ္းနည္းတဲ့အထိမ္းအမွတ္နဲ႔ အခုလို အနက္ေရာင္ပုံေတြ ေျပာင္းထားတာလို႔ သူတို႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

စစ်ကောင်စီကို အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းဝေး ဖိတ်ကြားမှု အရပ်ဘက်အဖွဲ့တွေ ဝေဖန်

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများရဲ့ အစည်းအဝေးကို စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်ခဲ့ပြီး ကမ္ဘာဒီးယား ကာကွယ်ရေးဝန်ကြီးနဲ့လည်း ဗုဒ္ဓဟူးနေ့က သီးသန့် တွေ့ဆုံခဲ့ပါတယ်။ စစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီးကိုမဖိတ်ဖို့ လူ့အခွင့်အရေးနဲ့ အရပ်ဘက်အဖွဲ့တွေက အာဆီယံကို တိုက်တွန်းနေတဲ့ကြားကပဲ ကမ္ဘောဒီယားက ဖိတ်ခေါ်ခဲ့တာပါ။ မြန်မာ အရပ်ဘက်အဖွဲ့တွေကတော့ ဒေသတွင်းတည်ငြိမ်ရေးကို လိုလားတယ်လို့ပြောနေတဲ့ အာဆီယံရဲ့ စစ်ကောင်စီအပေါ်ထားတဲ့ သဘောထားအပေါ်မှာ မေးခွန်းထုတ်နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ၂ ရက်တာကျင်းပခဲ့တဲ့ (၁၆)ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ADMM ကို စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဖိတ်ကြားခံခဲ့ရတာပါ။ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေကို ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ကိုမဖိတ်ဖို့ ကန့်ကွက်မှုတွေကြားကပဲ လျှစ်လျူရှုခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် Mr. Hun Sen ကို ပြည်တွင်းက အရပ်ဘက်အဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။

ဒေသတွင်းမှာဖြစ်နေတဲ့၊ ဖြစ်လာနိုင်တဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကို ထောက်ပြပြီး အာဆီယံနိုင်ငံအချင်းချင်းကြားမှာ ပိုပြီးစည်းရုံးဖို့လိုတယ်လို့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးရဲ့အိမ်ရှင် ကမ္ဘောဒီးယားက ပြောခဲ့တာပါ။

မြန်မာအရပ်ဘက်အဖွဲ့အစည်း ၆၀၀ ကျော်ကတော့ ဒီအစည်းအဝေးမတိုင်ခင် ရက်ပိုင်းအလိုကတည်းက စစ်ကောင်စီကို မဖိတ်ကြားဖို့ အာဆီယံကို တိုက်တွန်းခဲ့တာပါ။ ဒါပေမဲ့ အခုလို ဖိတ်ကြားလိုက်တာက ဒေသတွင်းနိုင်ငံတွေအတွက်တော့ ခြိမ်းခြောက်မှုတခု ဖြစ်လာတယ်လို့ ဒီအစည်းအဝေးကို ဦးဆောင် ကန့်ကွက်ခဲ့သူတွေထဲက တဦးဖြစ်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

" ပြောရမယ်ဆိုရင် ဒီ Defence force အချင်းချင်း၊ စစ်သားတွေအချင်းချင်းက၊ စစ်သားအချင်းချင်းကို ပြန်ရိုင်းပင်းတဲ့ပုံစံသည် ကျမတို့ ဒေသတွင်းက ပြည်သူတွေအတွက် အကြီးကျယ်ဆုံးသော ခြိမ်းခြောက်မှုဖြစ်ပါတယ်။ ဒီပုံစံမျိုးစုံနဲ့သော မတရားမှုတွေ၊ ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ စစ်ဗိုလ်ချုပ်ခေါင်းဆောင် တယောက်ကို အခြားနိုင်ငံ၊ အိမ်နီးချင်းနိုင်ငံ၊ ဒေသတွင်းနိုင်ငံတွေက စစ်ဗိုလ်ချုပ်တွေက လက်ကမ်းကြိုတယ်ဆိုတာက ကျမတို့ ဒေသတွင်းက ပြည်သူတွေအတွက်ကို ဒါအန္တရာယ်ဖြစ်ပါတယ်။"

ကမ္ဘာ့အရေးကိစ္စတွေကြောင့် မြန်မာနိုင်ငံကို မီဒီယာတွေရဲ့အာရုံစိုက်မှုက လျော့သွားပေမဲ့ ပြည်တွင်းမှာတော့ နေ့တိုင်းနီးပါး တိုက်ပွဲတွေရှိနေပြီး၊ မီးရှို့မှုတွေနဲ့အတူ အယူအဆမတူတဲ့ အဖွဲ့အစည်းတွေကြားမှာ အပြန်အလှန် သတ်ဖြတ်မှုတွေက နေရာအနှံ့မှာ ရှိနေတယ်လို့ နိုင်ငံရေးလှုပ်ရှားသူတချို့က ပြောပါတယ်။ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာသူ အများဆုံးရှိတဲ့ နိုင်ငံတွေထဲမှာလည်း မြန်မာနိုင်ငံက ပါနေတာပါ။ ဒီအခြေအနေတွေကို မျက်ကွယ်ပြုပြီး စစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီးကို အာဆီယံက ဖိတ်ကြားခဲ့တာလို့ အခုကိစ္စမှာ လှုပ်ရှားပါဝင်ခဲ့တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုရဲကပြောပါတယ်။

" အရှင်လတ်လတ် မီးရှို့သတ်ဖြတ်၊ ရိက္ခာတွေ၊ အိမ်တွေမီးရှို့ပစ်ရလောက်အောင် မိုက်ရိုင်းလွန်းတဲ့လူတွေနဲ့ တစားပွဲတည်း သူတို့ အကျိုးစီးပွားအတွက် လုပ်နေတဲ့ဟာမျိုးကို ကျနော်တို့က ပစ်တင်ရှုတ်ချဖို့ အဲဒါကို လုပ်ကိုလုပ်ရမယ်။ အဲဒီအပေါ်မှာ ကျနော်တို့က စိတ်ပျက်အားငယ်မှုတွေ မရှိဘူး။ သူတို့မဖိတ်လည်း ဘာမှ လာကူမှာမှမဟုတ်တာ။ သေချာသွားပြီလေ။ တနှစ်ကျော်သွားပြီ။ ကိုယ့်ဟာကိုယ် အားလုံးလုပ်ရမှာ။ ဆိုတော့ ကျနော်တို့ စိတ်ဓာတ်မကျဘဲ ဒီအတိုင်းပဲဆက်ပြီး တက်ပွဲဝင်မယ်။"

ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ဖိတ်ခေါ်ဖို့ တခြားအာဆီယံ ၈နိုင်ငံကလည်း သဘောတူခဲ့ကြတာလို့ ကမ္ဘောဒီးယားအစိုးရရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ခမာတိုင်းမ်စ်သတင်းစာက ရေးသားပါတယ်။

အာဆီယံလိုပဲ ဘင်္ဂလားပင်လယ်အော်ဒေသ ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ BIMSTEC ရဲ့ ဦးဆောင်နိုင်ငံ အိန္ဒိယကလည်း စစ်ကောင်စီကို အစဉ်တစိုက် အသိအမှတ်ပြုနေတဲ့ နိုင်ငံဖြစ်တယ်လို့ နိုင်ငံရေးလှုပ်ရှားသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံအတွက် အိန္ဒိယပြည်သူတွေက ရပ်တည်ပေးဖို့၊ မြန်မာစစ်တပ်ကို အိန္ဒိယအစိုးရက တရားဝင်မှု မပေးဖို့နဲ့ လက်နက်မထောက်ပံ့ဖို့၊ စစ်တပ်ကို စီးပွားရေးပိတ်ဆို့ဖို့၊ ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေကို အကူအညီတွေပေးဖို့ စတဲ့အချက် (၄) ချက်ကို India for Myanmar အဖွဲ့ကတောင်းဆိုထားပြီး ပူးပေါင်းတဲ့အဖွဲ့တွေရဲ့အားနဲ့ လာမယ့်ဇူလိုင်လမှာ အိန္ဒိယနိုင်ငံရေးနဲ့ အရပ်ဘက်အဖွဲ့ ၁,၀၀၀ ကျော်ကို စာပေးပို့သွားမယ်လို့ ပြောပါတယ်။

အာဆီယံနိုင်ငံတွေ အချင်းချင်းကြားမှာ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးနဲ့ အကျိုးတူပူးပေါင်းမှုတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် ပံ့ပိုးပေးနေတာကိုလည်း Justice for Myanmar အဖွဲ့က ထောက်ပြ၊ ဝေဖန်ထားပါတယ်။ အကြမ်းဖက်တာတွေလုပ်နေတဲ့ မြန်မာစစ်တပ်ကို အာဆီယံရဲ့မိတ်ဆွေအဖြစ်က ဖယ်ရှားပေးဖို့လည်း ဒီအဖွဲ့က တောင်းဆိုထားတာပါ။ လက်ရှိအခြေအနေက အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အာဆီယံက တရားဝင် အသိအမှတ်ပြုရမှာဖြစ်ပြီး အခုလို (၁၆)ကြိမ်မြောက် ADMM အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ရှိနေခဲ့တာဟာ တုန်လှုပ်စရာဖြစ်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အမေရိကန်အပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေက သူတို့ရဲ့ မြန်မာရုံး ဖေ့စ်ဘွတ်စာမျက်နှာက ပရိုဖိုင်ပုံတွေကို မနေ့က ဗုဒ္ဓဟူးနေ့က အနက်ရောင် ပြောင်းလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်ကစလို့ သေဆုံးခဲ့တဲ့ အရပ်သားတွေအတွက် ဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့ အခုလို အနက်ရောင်ပုံတွေ ပြောင်းထားတာလို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

XS
SM
MD
LG