သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာကို အာဆီယံထဲကထုတ္ပယ္ဖို႔မရွိ 


Indonesia ASEAN

[[Zawgyi/Unicode]]


ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ ျမန္မာအပါအဝင္ အာဆီယံအဖြဲ႕ဝင္ေတြၾကား ခ်မွတ္ထားတဲ့ ဘုံသေဘာတူညီခ်က္ ၅ ရပ္ အေကာင္အထည္ေဖာ္ဖို႔ ျမန္မာဘက္က လိုက္ပါေဆာင္႐ြက္မႈမရွိတဲ့အေပၚ စိတ္ပ်က္ေပမယ့္ ထုတ္ပယ္ဖို႔အထိေတာ့ စဥ္းစားမထားပါဘူးလို႔ အင္ဒိုနီးရွား ႏိုင္ငံျခားေရးဌာန တာဝန္ရွိသူတဦးက ဗြီအိုေအကို ေျပာပါတယ္။

“ ျမန္မာကို အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ကဖယ္ထုတ္ဖို႔ ေဆြးေႏြးခဲ့တာမရွိပါဘူး။ ေဆြးေႏြးမႈေတြအားလုံးက အာဆီယံအဖြဲ႕ဝင္ ၁၀ ႏိုင္ငံလုံးရဲ႕အဆိုျပဳ ေျပာဆိုမႈေတြအေပၚ အေျခခံပါတယ္။ ျမန္မာႏိုင္ငံဟာ အာဆီယံအဖြဲ႕ဝင္အျဖစ္ ဆက္ရွိေနမွာပါ” လို႔ အင္ဒိုနီးရွား ႏိုင္ငံျခားေရးဌာန၊ အာဆီယံ ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ ၫႊန္ၾကားေရးမႉး Sidharto R. Suryodipuro က ေျပာသြားတာပါ။

အာဆီယံဘုံသေဘာတူညီခ်က္ေတြကို ျမန္မာဘက္က လိုက္ပါေဆာင္႐ြက္မႈမရွိသလို တိုးတက္မႈရွိမလာတဲ့အေပၚ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံေတြအေနနဲ႔စိတ္ပ်က္မိေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Retna Marsudi က မေန႔က အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အထူးအစည္းအေဝးပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ၿပီးျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn ကေတာ့ ျမန္မာႏိုင္ငံအတြင္းကပဋိပကၡေတြကို ၿငိမ္းခ်မ္းစြာအေျဖရွာေရးမွာ အႀကီးအက်ယ္ စိတ္ရွည္သည္းခံဖို႔နဲ႔ လက္ေတြ႕က်က် လုပ္ေဆာင္ဖို႔လိုေၾကာင္း ေျပာဆိုပါတယ္။

စိတ္ပ်က္တာေတြ ႀကဳံရၿပီး ျပႆနာေတြကို ပစ္ထားလိုက္ခ်င္ေပမယ့္ အရႈံးေပးလိုက္ဖို႔ကို စဥ္းစားမွာမဟုတ္ေၾကာင္း၊ အျပစ္မဲ့ ျမန္မာျပည္သူေတြ အတိဒုကၡ ကာလရွည္ၾကာခံစားရမွာကို ပစ္ပယ္မထားႏိုင္ေၾကာင္း Prak Sokhonn မေန႔က ျမန္မာ့အေရး အာဆီယံ အထူးအစည္းအေဝးမွာ ေျပာဆိုသြားတာပါ။ ျမန္မာႏိုင္ငံအေရး အားလုံးလက္တြဲ ေဆာင္႐ြက္ၾကဖို႔လည္း သူက တိုက္တြန္းသြားပါတယ္။

ျမန္မာႏိုင္ငံရဲ႕အက်ပ္အတည္းေျဖရွင္းေရး အာဆီယံဘုံသေဘာတူညီခ်က္ ၅ ရပ္ အေကာင္အထည္ေဖၚႏိုင္ေရး ပိုၿပီး ခိုင္ခိုင္မာမာ လုပ္ေဆာင္ဖို႔ ၾကာသပေတးေန႔က အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာၿမိဳ႕မွာ အာဆီယံႏိုင္ငံျခားေရး ဝန္ႀကီးေတြ ေဆြးေႏြး ၾကတာပါ။

အၾကမ္းဖက္မႈေတြအဆုံးသတ္ေရးမွာ ခိုင္မာတဲ့၊ လက္ဆုပ္လက္ကိုင္ျပႏိုင္တဲ့အစီအစဥ္ေတြ ျမန္မာႏိုင္ငံဘက္က ခ်မွတ္ ဖို႔ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြ သေဘာတူေပမယ့္ အခ်ိန္ကာလ သတ္မွတ္ခ်က္ကိုေတာ့ ထည့္သြင္းေျပာဆိုျခင္း မရွိပါဘူး။ အလွည့္က်ဥကၠ႒ ကေမာၻဒီးယားႏိုင္ငံရဲ႕ ေၾကညာခ်က္မွာေတာ့ လာမယ့္ ႏိုဝင္ဘာ ၁၁ ရက္ကေန ၁၃ ရက္ ဖႏြမ္းပင္ မွာ က်င္းပမယ့္ အာဆီယံထိပ္သီးအစည္းအေဝးမွာ ျမန္မာ့ေရးေနာက္တဆင့္ ဘာဆက္လုပ္မယ္ဆိုတာ ေဆြးေႏြးမယ့္ အေၾကာင္း ပါရွိပါတယ္။

ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔ အာဆီယံအေနနဲ႔ စိတ္မပ်က္သင့္ဘဲ ၿငိမ္းခ်မ္းစြာအေျဖရွာႏိုင္ဖို႔၊ ျမန္မာႏိုင္ငံကိုကူညီေရးမွာ သႏၷိ႒ာန္ ပိုမိုခိုင္မာဖို႔လိုေၾကာင္း ကေမာၻဒီးယားႏိုင္ငံျခားေရး ဝန္ႀကီး Prak Sokhonn က ေျပာဆိုပါတယ္ ခင္ဗ်ာ။

ျမန္မာကို အာဆီယံက ထုတ္ပယ္ဖို႔မရွိ .mp3
please wait

No media source currently available

0:00 0:01:04 0:00
တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မြန်မာကို အာဆီယံထဲက ထုတ်ပယ်ဖို့မရှိ

မြန်မာ့အရေးနဲ့ပတ်သက်လို့ မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင်တွေကြား ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဖို့ မြန်မာဘက်က လိုက်ပါဆောင်ရွက်မှုမရှိတဲ့အပေါ် စိတ်ပျက်ပေမယ့် ထုတ်ပယ်ဖို့အထိတော့ စဉ်းစားမထားပါဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“မြန်မာကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ကဖယ်ထုတ်ဖို့ ဆွေးနွေးခဲ့တာမရှိပါဘူး။ ဆွေးနွေးမှုတွေအားလုံးက အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံးရဲ့အဆိုပြု ပြောဆိုမှုတွေအပေါ် အခြေခံပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်ရှိနေမှာပါ” လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန၊ အာဆီယံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Sidharto R. Suryodipuro က ပြောသွားတာပါ။

အာဆီယံဘုံသဘောတူညီချက်တွေကို မြန်မာဘက်က လိုက်ပါဆောင်ရွက်မှုမရှိသလို တိုးတက်မှုရှိမလာတဲ့အပေါ် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့စိတ်ပျက်မိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retna Marsudi က မနေ့က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ကတော့ မြန်မာနိုင်ငံအတွင်းကပဋိပက္ခတွေကို ငြိမ်းချမ်းစွာအဖြေရှာရေးမှာ အကြီးအကျယ် စိတ်ရှည်သည်းခံဖို့နဲ့ လက်တွေ့ကျကျ လုပ်ဆောင်ဖို့လိုကြောင်း ပြောဆိုပါတယ်။

စိတ်ပျက်တာတွေ ကြုံရပြီး ပြဿနာတွေကို ပစ်ထားလိုက်ချင်ပေမယ့် အရှုံးပေးလိုက်ဖို့ကို စဉ်းစားမှာမဟုတ်ကြောင်း၊ အပြစ်မဲ့ မြန်မာပြည်သူတွေ အတိဒုက္ခ ကာလရှည်ကြာခံစားရမှာကို ပစ်ပယ်မထားနိုင်ကြောင်း Prak Sokhonn မနေ့က မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးမှာ ပြောဆိုသွားတာပါ။ မြန်မာနိုင်ငံအရေး အားလုံးလက်တွဲ ဆောင်ရွက်ကြဖို့လည်း သူက တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်ငံရဲ့အကျပ်အတည်းဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖေါ်နိုင်ရေး ပိုပြီး ခိုင်ခိုင်မာမာ လုပ်ဆောင်ဖို့ ကြာသပတေးနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေး ကြတာပါ။

အကြမ်းဖက်မှုတွေအဆုံးသတ်ရေးမှာ ခိုင်မာတဲ့၊ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့အစီအစဉ်တွေ မြန်မာနိုင်ငံဘက်က ချမှတ် ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူပေမယ့် အချိန်ကာလ သတ်မှတ်ချက်ကိုတော့ ထည့်သွင်းပြောဆိုခြင်း မရှိပါဘူး။ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ ကြေညာချက်မှာတော့ လာမယ့် နိုဝင်ဘာ ၁၁ ရက်ကနေ ၁၃ ရက် ဖနွမ်းပင် မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့ရေးနောက်တဆင့် ဘာဆက်လုပ်မယ်ဆိုတာ ဆွေးနွေးမယ့် အကြောင်း ပါရှိပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အာဆီယံအနေနဲ့ စိတ်မပျက်သင့်ဘဲ ငြိမ်းချမ်းစွာအဖြေရှာနိုင်ဖို့၊ မြန်မာနိုင်ငံကိုကူညီရေးမှာ သန္နိဋ္ဌာန် ပိုမိုခိုင်မာဖို့လိုကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီး Prak Sokhonn က ပြောဆိုပါတယ် ခင်ဗျာ။

XS
SM
MD
LG