သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး စိတ္ရွည္ဖို႔ အာဆီယံ အထူးကိုယ္စားလွယ္ သတိေပး


ကေမၻာဒီးယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn 

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံအတြင္းက ပဋိပကၡေတြကို ၿငိမ္းခ်မ္းစြာအေျဖရွာေရးမွာ အႀကီးအက်ယ္ စိတ္ရွည္သည္းခံဖို႔နဲ႔ လက္ေတြ႔က်က်လုပ္ေဆာင္ဖို႔လိုတဲ့အေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn က ေျပာပါတယ္။

စိတ္ပ်က္တာေတြ ႀကဳံရၿပီး ျပႆနာေတြကို ပစ္ထားလိုက္ခ်င္ေပမယ့္ အရႈံးေပးလိုက္ဖို႔ကို စဥ္းစားမွာ မဟုတ္တဲ့အေၾကာင္း၊ အျပစ္မဲ့ ျမန္မာျပည္သူေတြ အတိဒုကၡ ကာလရွည္ၾကာခံစားရမွာကို မပစ္ပယ္မထားႏိုင္တဲ့အေၾကာင္း Prak Sokhonn မေန႔က ျမန္မာ့အေရး အာဆီယံအထူးအစည္းအေဝးမွာ ေျပာဆိုသြားတာပါ။ ျမန္မာႏိုင္ငံအေရး အားလုံးလက္တြဲ ေဆာင္႐ြက္ၾကဖို႔လည္း သူက တိုက္တြန္းသြားပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အက်ပ္အတည္းေျဖရွင္းေရး အာဆီယံဘုံသေဘာတူညီခ်က္ ၅ ရပ္ အေကာင္အထည္ေဖၚႏိုင္ေရး ပိုၿပီး ခိုင္ခိုင္မာမာလုပ္ေဆာင္ဖို႔ မေန႔က အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာၿမိဳ႕မွာ အာဆီယံႏိုင္ငံျခားေရး ဝန္ႀကီးေတြ ေဆြးေႏြးၾကပါတယ္။ အၾကမ္းဖက္မႈေတြအဆုံးသတ္ေရးမွာ ခိုင္မာတဲ့လက္ဆုပ္လက္ကိုင္ျပႏိုင္တဲ့ အစီအစဥ္ေတြ ျမန္မာႏိုင္ငံဘက္ကခ်မွတ္ဖို႔ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြ သေဘာတူေပမယ့္ အခ်ိန္ကာလသတ္မွတ္ခ်က္ကိုေတာ့ ထည့္သြင္းေျပာဆိုျခင္း မရွိပါဘူး။

အလွည့္က်ဥကၠ႒ ကေမာၻဒီးယားႏိုင္ငံရဲ႕ေၾကညာခ်က္မွာေတာ့ လာမယ့္ ႏိုဝင္ဘာ ၁၁ ရက္ကေန ၁၃ ရက္ ဖႏြမ္းပင္မွာက်င္းပမယ့္ အာဆီယံ ထိပ္သီးအစည္းအေဝးမွာ ျမန႔္မာေရးေနာက္တဆင့္ ဘာဆက္လုပ္မယ္ဆိုတာ ေဆြးေႏြးမယ့္အေၾကာင္း ပါရွိပါတယ္။ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ အာဆီယံအေနနဲ႔စိတ္မပ်က္သင့္ဘဲ ၿငိမ္းခ်မ္းစြာအေျဖရွာႏိုင္ဖို႔၊ ျမန္မာႏိုင္ငံကိုကူညီေရးမွာ သႏၷိ႒ာန္ ပိုမိုခိုင္မာဖို႔လိုတဲ့အေၾကာင္း ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn က ေျပာပါတယ္။

#ASEAN #ျမန္မာ့အေရး #အာဆီယံ #Prak Sokhonn
===============

[[Unicode]]

မြန်မာ့အရေး စိတ်ရှည်ဖို့ အာဆီယံ အထူးကိုယ်စားလှယ် သတိပေး

မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေကို ငြိမ်းချမ်းစွာအဖြေရှာရေးမှာ အကြီးအကျယ် စိတ်ရှည်သည်းခံဖို့နဲ့ လက်တွေ့ကျကျလုပ်ဆောင်ဖို့လိုတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောပါတယ်။

စိတ်ပျက်တာတွေ ကြုံရပြီး ပြဿနာတွေကို ပစ်ထားလိုက်ချင်ပေမယ့် အရှုံးပေးလိုက်ဖို့ကို စဉ်းစားမှာ မဟုတ်တဲ့အကြောင်း၊ အပြစ်မဲ့ မြန်မာပြည်သူတွေ အတိဒုက္ခ ကာလရှည်ကြာခံစားရမှာကို မပစ်ပယ်မထားနိုင်တဲ့အကြောင်း Prak Sokhonn မနေ့က မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေးမှာ ပြောဆိုသွားတာပါ။ မြန်မာနိုင်ငံအရေး အားလုံးလက်တွဲ ဆောင်ရွက်ကြဖို့လည်း သူက တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖေါ်နိုင်ရေး ပိုပြီး ခိုင်ခိုင်မာမာလုပ်ဆောင်ဖို့ မနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေးကြပါတယ်။ အကြမ်းဖက်မှုတွေအဆုံးသတ်ရေးမှာ ခိုင်မာတဲ့လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အစီအစဉ်တွေ မြန်မာနိုင်ငံဘက်ကချမှတ်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူပေမယ့် အချိန်ကာလသတ်မှတ်ချက်ကိုတော့ ထည့်သွင်းပြောဆိုခြင်း မရှိပါဘူး။

အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ကြေညာချက်မှာတော့ လာမယ့် နိုဝင်ဘာ ၁၁ ရက်ကနေ ၁၃ ရက် ဖနွမ်းပင်မှာကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန့်မာရေးနောက်တဆင့် ဘာဆက်လုပ်မယ်ဆိုတာ ဆွေးနွေးမယ့်အကြောင်း ပါရှိပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အာဆီယံအနေနဲ့စိတ်မပျက်သင့်ဘဲ ငြိမ်းချမ်းစွာအဖြေရှာနိုင်ဖို့၊ မြန်မာနိုင်ငံကိုကူညီရေးမှာ သန္နိဋ္ဌာန် ပိုမိုခိုင်မာဖို့လိုတဲ့အကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောပါတယ်။

#ASEAN #မြန်မာ့အရေး #အာဆီယံ #Prak Sokhonn
===============

XS
SM
MD
LG