သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ အဝန်းအဝိုင်း သဘောတူစာချုပ် ခေါင်းဆောင်များ လက်မှတ်ထိုး


အရှေ့တောင်အာရှ နိုင်ငံများ အသင်း ASEAN သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ။ (နိုဝင်ဘာ ၂၂၊ ၂၀၁၅)
အရှေ့တောင်အာရှ နိုင်ငံများ အသင်း ASEAN သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ။ (နိုဝင်ဘာ ၂၂၊ ၂၀၁၅)

အရှေ့တောင်အာရှ နိုင်ငံများ အသင်း ASEAN က ဒီကနေ့ တနင်္ဂနွေနေ့မှာ သမိုင်းဝင် သဘောတူညီချက် တခုကို လက်မှတ် ရေးထိုးလိုက်ကြပါပြီ။ စုစုပေါင်း ထုတ်ကုန် ပမာဏ ဒေါ်လာ ၂.၆ ထရီလီယံ တန်ဖိုးရှိမယ့် လူဦးရေ ၆၂၅ သန်း နေထိုင်တဲ့ ဒေသတွင်းမှာ အရင်းအနှီးတွေနဲ့ ကုန်သွယ်ရေး လွတ်လပ်စွာ စီးဆင်းမှုကို ခွင်ပြုလိုက်တဲ့ ASEAN စီးပွားရေး အသိုက်အဝန်းကို ကွာလာလမ်ပူ ကြေညာချက်နဲ့ ထူထောင်လိုက်တာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်ကိုတော့ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံတို့ ဖြစ်ကြတဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စကာၤပူ၊ ထိုင်း၊ ဗီယက်နမ် နဲ့ မြန်မာနိုင်ငံတို့က ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက ခေါင်းဆောင်တွေကို နောက်နှစ်မှာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော်ကို နောက်နှစ်မှာ လာရောက်ဖို့ မနေ့ကဘဲ အမေရိကန် သမ္မတ အိုဘားမားက ဖိတ်ကြားခဲ့ပြီး အားလုံးကလည်း အမေရိကန် ပြည်ထောင်စုကို လာရောက်ဖို့ လက်ခံခဲ့ကြတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အာဆီယံနဲ့ စီးပွားရေး ဆက်ဆံမှု ခိုင်မာအားကောင်းလာစေဖို့ အာဆီယံ ထိပ်သီး ညီလာခံကို တက်ရောက်လာတဲ့ အမေရိကန် သမ္မတ အိုဘားမားက အာဆီယံ အဖွဲ့ကြီး အနေနဲ့ ဒေသတွင်းမှာ ဦးဆောင်ဦးရွက် အခန်းကဏ္ဍကနေ ရှိနေသင့်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG