သုံးရလွယ်ကူစေသည့် Link များ

အာဆီယံ ရေတပ်ဦးစီးချုပ်များစည်းဝေးပွဲ အင်ဒိုနီးရှားမှာ ကျင်းပ


အင်ဒိုနီးရှားမှာကျင်းပနေတဲ့ အာဆီယံ ရေတပ်ဦးစီးချုပ်များအစည်းအဝေးတက်ရောက်နေကြတဲ့ ရေတပ်ဗိုလ်ချုပ်များ။ (သြဂုတ် ၂၂၊ ၂၀၂၂)
အင်ဒိုနီးရှားမှာကျင်းပနေတဲ့ အာဆီယံ ရေတပ်ဦးစီးချုပ်များအစည်းအဝေးတက်ရောက်နေကြတဲ့ ရေတပ်ဗိုလ်ချုပ်များ။ (သြဂုတ် ၂၂၊ ၂၀၂၂)

[[Zawgyi/Unicode]]

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာကျင်းပနေတဲ့ အာဆီယံ ရေတပ်ဦးစီးချုပ်များ စည်းဝေးပွဲအတွင်း အာဆီယံနိုင်ငံတွေအကြား ပူးတွဲ စစ်ရေးလေ့ကျင့်မှုနဲ့ဆိုင်တဲ့ ကိစ္စရပ်အပါအဝင် တခြား အကြောင်းအရာတွေကို ဆွေးနွေးကြမယ်လို့ အင်ဒိုနီးရှားရေတပ်ဦးစီးချုပ် Yudo Margono က ပြောပါတယ်။

၁၆ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနိုင်ငံတွေက ရေတပ်ဦးစီးချုပ်တွေရဲ့ စည်းဝေးပွဲ (ANCM) ကို အင်ဒိုနီးရှားက အိမ်ရှင်အဖြစ်လက်ခံပြီး ဘာလီကျွန်းမှာ ဒီကနေ့ သြဂုတ်လ ၂၂ ရက်ကနေ ၂၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေတာပါ။

အာဆီယံနိုင်ငံတွေရဲ့ ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့် ပြုလုပ်နိုင်ရေး ဒီစည်းဝေးပွဲကို တက်လာသူ အဖွဲ့ဝင်နိုင်ငံတွေရဲ့အတည်ပြုချက်ကို ရယူသွားမယ်လို့လည်း အင်ဒိုနီးရှား ရေတပ်ဦးစီးချုပ်က ပြောပါတယ်။ မလေးရှားနဲ့ စင်္ကာပူအပါအဝင် အဖွဲ့ဝင်နိုင်ငံတချို့က ဒီအစီအစဉ်ကို လက်ခံထားကြပြီးဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်မှာ အာဆီယံနိုင်ငံတွေရဲ့ ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်သွားဖို့ စီစဉ်ထားပြီး နောက်ပိုင်းမှာ တခြား နိုင်ငံတွေ ပါဝင်လိုတဲ့ ဆန္ဒရှိတယ်ဆိုရင် အဲဒီဆန္ဒအပေါ်မူတည်ပြီး ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

ဒီစည်းဝေးပွဲကို မြန်မာနိုင်ငံက ရေတပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး မိုးအောင်လည်း တက်ရောက်နေပါတယ်။

အာဆီယံနဲ့ မြန်မာစစ်ကောင်စီအကြား သဘောတူညီမှု ရရှိထားတဲ့ အာဆီယံ အခြေခံမူဘောင် (၅) ချက်ကို စစ်ကောင်စီဘက်က လိုက်နာ ဆောင်ရွက်ခြင်းမရှိတာကြောင့် အာဆီယံရဲ့ အရေးပါတဲ့ ထိပ်သီးစည်းဝေးပွဲတွေကို စစ်ကောင်စီကိုယ်စားပြုတဲ့ နိုင်ငံရေးကိုယ်စားလှယ် တက်ရောက်ခွင့်မရှိပေမယ့် စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲတွေမှာ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်တာကို တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]








XS
SM
MD
LG