သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို အာဆီယံဥက္ကဋ္ဌ ပေးရေး ပြည်သူ့သဘောထား သိဖို့လိုအပ်


မြန်မာကို အာဆီယံဥက္ကဋ္ဌ ပေးရေး ပြည်သူ့သဘောထား သိဖို့လိုအပ်
မြန်မာကို အာဆီယံဥက္ကဋ္ဌ ပေးရေး ပြည်သူ့သဘောထား သိဖို့လိုအပ်

မြန်မာနိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကို တာဝန်ပေးအပ်မယ့် ကိစ္စနဲ့ ပတ်သက်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေရဲ့ သဘောထား အမြင်တွေကိုလည်း နားထောင်လိုတယ်လို့ လက်ရှိ ဥက္ကဋ္ဌတာဝန် ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံက ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်မှာပဲ မြန်မာနိုင်ငံမှာ အသစ်တက်လာတဲ့ အစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ ကတိပြုခဲ့သလို မရှေးမနှောင်းမှာပဲ ၂၀၁၄ ခုနှစ်မှာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက တာဝန်ယူဖို့လည်း ကမ်းလှမ်းထားတာပါ။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေဟာ ထင်သာမြင်သာ တိုးတက်မှု မရှိသေးတဲ့အတွက် ဥက္ကဋ္ဌတာဝန် မပေးသင့်ဘူးဆိုပြီး မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ ဝေဖန်သူတွေက တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။

လက်ရှိ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ကတော့ အခြေအနေတွေကို အကဲဖြတ်ဖို့အတွက် အောက်တိုဘာလထဲ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံအတွင်းက ကွဲပြားတဲ့ အသံတွေကိုလည်း နားထောင်လိုတယ်လို့ AP သတင်းဌာနကို ပြောဆိုခဲ့တာပါ။

“ဒေါ်အောင်ဆန်းစုကြည်သာမက မြန်မာနိုင်ငံက လူမှုအခြေပြု အဖွဲ့အစည်းတွေရဲ့ အသံတွေကိုလည်း ကျနော်တို့ နားထောင်သွားဖို့ ဆန္ဒရှိပါတယ်။ မြန်မာအစိုးရ အနေနဲ့လည်း အာဆီယံ ဥက္ကဋ္ဌတာဝန် ယူရမယ့် အခွင့်အလမ်းကို အလွန်အမင်း လိုချင်နေတာ သိသိသာသာ တွေ့နေရတာပါ။ ကျနော့်အနေနဲ့ကတော့ ဒီကိစ္စက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်စေမယ့် ခြေလှမ်းကို အရှိန်ကောင်းလာအောင်၊ တွန်းအားဖြစ်လာအောင် လုပ်နိုင်မလား ဆိုတာအပေါ်မှာ လူမှုအဖွဲ့အစည်းတွေက ဘယ်လို ရှုမြင်ကြသလဲ ဆိုတာတွေကို နားထောင်ချင်ပါသေးတယ်။”

မှတ်တမ်းဗွီဒီယိုကြည့်ရှုရန်

၂၀၀၆ ခုနှစ်တုန်းက အာဆီယံအသင်း ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ အလှည့်ကျစဉ်မှာတော့ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုတဲ့ ဝေဖန်ခံရမှုတွေနဲ့အတူ တာဝန်ယူဖို့အတွက် မြန်မာနိုင်ငံဘက်က ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

နယူးယောက်မြို့မှာ ရောက်နေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးကတော့ အင်ဒိုနီးရှားနိုင်ငံ ကိုယ်တိုင်ကလည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက အရှေ့တောင်အာရှမှာ အာဏာရှင် အဆန်ဆုံး တိုင်းပြည်တခု ဖြစ်ခဲ့ပေမဲ့ အခုအခါမှာ ပြောင်းလဲလာတာတွေကို မြန်မာနိုင်ငံအတွက် စံနမူနာအဖြစ် ယူနိုင်တဲ့အကြောင်း မှတ်ချက်ပေး ပြောဆိုသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG