သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်၊ မလေးကာကွယ်ရေး ဝန်ကြီး ၂ ဦး တောင်တရုတ်ပင်လယ်ပြင် ခရီးထွက်မည်


အမေရိကန်၊ မလေးကာကွယ်ရေး ဝန်ကြီး ၂ ဦး တောင်တရုတ်ပင်လယ်ပြင် ခရီးထွက်မည်။
အမေရိကန်၊ မလေးကာကွယ်ရေး ဝန်ကြီး ၂ ဦး တောင်တရုတ်ပင်လယ်ပြင် ခရီးထွက်မည်။

တရုတ်နိုင်ငံက ဒေသတွင်း ရေကြောင်းသွားလာမှု တိုးချဲ့မှု အပေါ် သံတမန်ရေး အရ တင်းမာမှုတွေ ဖြစ်နေတဲ့ တောင်တရုတ် ပင်လယ်ပြင်အတွင်း ခုတ်မောင်းနေတဲ့ အမေရိကန် စစ်သဘောၤ ပေါ်ကို အမေရိကန် ကာကွယ်ရေး ဝန်ကြီး Ash Carter နဲ့ မလေးရှား ကာကွယ်ရေး ဝန်ကြီး Hishammuddin Hussein တို့ မနက်ဖြန် ကြာသပတေးနေ့မှာ တက်ရောက်ကြမယ်လို့ အမေရိကန် ကာကွယ်ရေးဆိုင်ရာ အရာရှိ တဦးက ပြောပါတယ်။

အမေရိကန် လေယာဉ်တင် စစ်သဘောၤ USS Theodore Roosevelt က တောင်တရုတ် ပင်လယ်ပြင်အတွင်း မလေးရှား ကမ်းလွန်ကနေ အထွက်မှာ နှစ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးတို့ သဘောၤပေါ်ကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်ပြင် အတွင်းက Spratly ကျွန်းစုထဲမှာ ပါဝင်တဲ့ Subi သန္တာကျောက်တန်းနဲ့ ၂၂ ကီလိုမီတာ ပတ်ဝန်းကျင်ကနေ အမေရိကန် ဖျက်သဘောၤ ခုတ်မောင်းခဲ့အပြီး ရက်အနည်းငယ် အကြာမှာဘဲ နှစ်နိုင်ငံ ကာကွယ်ရေါ် ဝန်ကြီးတွေ အမေရိကန် စစ်သဘောၤပေါ်ကို တက်ရောက်မယ့် အစီအစဉ် ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။

တောင်တရုတ် ပင်လယ်ပြင် အတွင်း ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တိုင်ဝမ်နဲ့ ဒေသတွင်းက တခြား အာစီယံ နိုင်ငံတွေနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတာတွေကို လျစ်လျူရှုပြီး တရုတ်က Spratly ကျွန်းစုပေါ်က သန္တာကျောက်တန်းတွေကို ပြီးခဲ့တဲ့ နှစ်ကစလို့ လေယာဉ်ပြေးလမ်းတွေနဲ့ တခြား အဆောက်အဦတွေ တည်ဆောက်လို့ ရနိုင်တဲ့ အထိ အကြီးအကျယ် စီမံကိန်းချ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် စစ်သဘောၤတွေ ချထားရတာကလည်း ပင်လယ်ပြင်သွားလာရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေကို ကျင့်သုံးပြီး ပုံမှန် ဆောင်ရွက်ချက် တခုသာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ပြောဆိုထားပါတယ်။ တောင်တရုတ် ပင်လယ်ပြင်အတွင်း ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေက ဒီကနေ့ ကွာလာလမ်ပူမှာ ကျင်းပတဲ့ အာဆီယံ ကာကွယ်ရေး ဝန်ကြီတွေ၊ အမေရိကန်၊ တရုတ်၊ သြစတေးလျ၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့က ကာကွယ်ရေး ဝန်ကြီတွေရဲ့ အစည်းအဝေး အထိကို သက်ရောက်မှု ရှိနေခဲ့တာပါ။ ဒီဆွေးနွေးပွဲမှာလည်း တရုတ်ဘက်က တောင်တရုတ် ပင်လယ်ပြင် အရေးနဲ့ ပတ်သက်ပြီး တစုံတရာ ရည်ညွှန်းပြောဆိုမှုတွေကို ကန့်ကွက်ထားတာကြောင့် ဆွေးနွေးပွဲ အပြီး ပုံမှန် ထုတ်နေကြ ပူးတွဲ ကြေညာချက် တခုတောင် ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

XS
SM
MD
LG