သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တီမော အာဆီယံအဖွဲ့ဝင် ဖြစ်ရေး လျှောက်တော့မည်


အရှေ့တီမော အာဆီယံအဖွဲ့ဝင် ဖြစ်ရေး လျှောက်တော့မည်
အရှေ့တီမော အာဆီယံအဖွဲ့ဝင် ဖြစ်ရေး လျှောက်တော့မည်

အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ဝင် နိုင်ငံဖြစ်ဖို့ အရှေ့တီမောနိုင်ငံက ဒီနှစ်ထဲမှာ တရားဝင် လျှောက်ထားလိမ့်မယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်နေချိန်မှာ အရှေ့တီမောက အဖွဲ့ဝင်အဖြစ် လျှောက်တာဟာ ထူးခြား အရေးပါတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ စည်းဝေးပွဲမှာ ပြောကြားခဲ့ပါတယ်။

အရင် ပေါ်တူဂီရဲ့ ကိုလိုနီ ဖြစ်ခဲ့တဲ့ အရှေ့တီမောကို အင်ဒိုနီးရှားက သိမ်းပိုက်အုပ်ချုပ်ပြီး ၂၄ နှစ်ကြာတဲ့ ၂၀၀၂ ခုနှစ်ကမှ အရှေ့တီမောဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတခု ဖြစ်လာခဲ့တာပါ။

အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင် ဖြစ်လာရေးအတွက် အချိန်ပေးရမှာဖြစ်ပြီး ဒီနှစ်အတွင်းမှာ မပြီးနိုင်ဘူး ဆိုတာကို အရှေ့တီမော တာဝန်ရှိသူတွေက နားလည်ပါတယ်လို့ မစ္စတာ နာတာလီဂါဝါက Lombok ကျွန်းမှာ ပြုလုပ်တဲ့ စည်းဝေးပွဲမှာ တနင်္ဂနွေနေ့တုန်းက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG