သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံစာရင်းကိုင်ညီလာခံ မတက်မယ့်အဖွဲ့ ပိုတိုးလာ

ASEAN Federation of Accountants
ASEAN Federation of Accountants

{{Zawgyi/Unicode}}

ASEAN စာရင်းကိုင်များအဖွဲ့ချုပ် (AFA) နှစ်ပတ်လည်ညီလာခံမှာ မြန်မာစစ်ကောင်စီ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာကံဇော် ပါဝင်တက်ရောက်မှာဖြစ်တဲ့အတွက် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် စာရင်းကိုင်များ စီမံခန့်ခွဲမှုနဲ့ ငွေကြေးဆိုင်ရာ ပညာရှင်များအသင်းကြီး (IMA) က ညီလာခံကနေ နုတ်ထွက်လိုက်ပါတယ်။

AFA နှစ်ပတ်လည်ညီလာခံကို AFA နဲ့ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင် များအသင်း (MICPA) တို့က ပူးတွဲကမကထပြုပြီး နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။

ဒီညီလာခံကနေ နုတ်ထွက်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာဖြစ်တယ်လို့ IMA ပြောခွင့်ရ Marc Gerrone က ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ IMA အနေနဲ့ စာရင်းအင်းစီမံခန့် ခွဲမှု တိုးတက်ရေးနဲ့ဒီနယ်ပယ်ထဲ လုပ်ကိုင်နေသူတွေအတွက် တကမ္ဘာလုံးနဲ့ အတူ အမြဲ ခိုင်ခိုင်မာမာရပ်တည်နေမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

ညီလာခံက နုတ်ထွက်လိုက်ပေမဲ့ ရှေ့လျှောက် IMA ရဲ့ ခံယူချက်နဲ့ အဓိက စံတန်ဘိုးတွေအတိုင်း AFA နဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့လည်း ပြောခွင့်ရ Marc Gerrone ကပြောပါတယ်။

ဒီနှစ်ပတ်လည်ညီလာခံကို စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မယ်ဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ညီလာခံကနေနုတ်ထွက်ကြဖို့ လူ ၁၁,၀၀၀ ကျော်လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပြီးတဲ့နောက် အခုလို IMA အနေနဲ့ စာရင်းကိုင်များအဖွဲ့ချုပ် (AFA) နှစ်လည် ညီလာခံကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာပါ။

IMA မတိုင်ခင် သြစတေးလျနဲ့ နယူးဇီလန် စာရင်းကိုင်အဖွဲ့နှစ်ခုကလည်း ဒီညီလာခံကနေ နုတ်ထွက်ခဲ့ပါတယ်။

ဒီညီလာခံမှာ ယူကေစာရင်းကိုင်အဖွဲ့ (ACCA)၊ အင်္ဂလန်နဲ့ ဝေလနယ်ဆိုင်ရာ စာရင်းကိုင်အဖွဲ့ (ICAEW)၊ ဂျပန်စာရင်းကိုင်အဖွဲ့ (JICPA) နဲ့ နိုင်ငံတကာ စာရင်းကိုင် များအဖွဲ့ (IFAC) တို့ ဆက်ပြီး ပါဝင်တက်ရောက်မှာ ဖြစ်ပါတယ်။

ဒီညီလာခံကို စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မယ်ဆိုရင် ကျန်တဲ့အဖွဲ့တွေလည်း ညီလာခံကနေနုတ်ထွက်ကြဖို့ လက်မှတ်ရေးထိုးတောင်းဆိုမှုတွေ ဆက်ပြီးရှိနေပါတယ်။

အာဆီယံစာရင်းကိုင်ညီလာခံ မတက်မယ့်အဖွဲ့ ပိုတိုးလာ
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်


=========

{{Zawgyi/Unicode}}











This item is part of
XS
SM
MD
LG