သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရးေျပလည္ဖို႔ စစ္ေကာင္စီနဲ႔သာမက အတိုက္အခံအင္အားစုနဲ႔ပါ ေတြ႕ဖို႔လို (ဖိလစ္ပိုင္သမၼတ)


ကေမၻာဒီးယားႏုိင္ငံ၊ ဖႏြမ္းပင္ၿမို႕ အာဆီယံ-ၾသစေၾတးလ်နဲ႔ နယူးဇီးလန္ ကုန္သြယ္ေရးဧရိယာညီလာခံအတြင္း ဖိလစ္ပိုင္သမၼတ Ferdinand Marcos Jr. (ႏိုဝင္ဘာ ၁၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံနဲ႔ထိေတြ႕ဆက္ဆံရာမွာ စစ္အုပ္ခ်ဳပ္ေရးအဖြဲ႕တင္မဟုတ္ဘဲ အတိုက္အခံေတြနဲ႔ပါ အာဆီယံဘက္က တိုက္႐ိုက္ ထိေတြ႕ဆက္ဆံဖို႔လိုၿပီး ဒါဟာ ျမန္မာႏိုင္ငံအတြင္း အၾကမ္းဖက္မႈေတြအဆုံးသတ္ေရးအတြက္ အေရးႀကီးတယ္လို႔ ျမင္ေၾကာင္း ဖိလစ္ပိုင္သမၼတ Ferdinand Marcos Jr က မေန႔က ABS-CBS ႐ုပ္သံကို ေျပာပါတယ္။

ျမန္မာႏိုင္ငံနဲ႔ ဘယ္လို ထိေတြ႕ဆက္ဆံမလဲ ဆိုတဲ့ကိစၥအေပၚ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြအၾကား ထိပ္သီးအစည္းအေဝးအတြင္း သေဘာထား ကြဲလြဲခဲ့တဲ့အေၾကာင္း လည္း သူက ေျပာဆိုပါတယ္။ ျမန္မာႏိုင္ငံကို အဖြ႕ဲဝင္အျဖစ္က ထုတ္ပယ္ဖို႔ အဖြဲ႕ဝင္ႏိုင္ငံတခ်ိဳ႕က အဆိုျပဳေနၿပီး အစည္းအေဝးေတြမွာ မဖိတ္ၾကားေတာ့ဖို႔ ေျပာဆိုတာမ်ိဳးေတြလည္း ရွိတာပါ။

ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ကေတာ့ ျမန္မာႏိုင္ငံရဲ႕ သေဘာထားမပါဘဲ အဖြဲ႕ဝင္အျဖစ္က ထုတ္ပယ္ေရးဆုံးျဖတ္ခ်က္ဟာ အဖြဲ႕ဝင္ႏိုင္ငံေတြအၾကား ညီၫြတ္ေရးကို ေတာင္းဆိုထားတဲ့ အာဆီယံ ပဋိညာဥ္စာတမ္းပါအခ်က္ေတြကို ခ်ိဳးေဖါက္ရာေရာက္တယ္လို႔ ေျပာဆိုတာကို မေန႔ထုတ္ The Phnom Penh Post သတင္းစာမွာ ေရးသားပါတယ္။ ျမန္မာ့အေရး ေျဖရွင္းႏိုင္ေအာင္ တံခါးဆက္ဖြင့္ထားဖို႔ လိုတယ္လို႔ ေျပာဆိုၿပီး ျမန္မာႏိုင္ငံအတြင္း ပဋိပကၡျဖစ္ေနၾကတဲ့ သက္ဆိုင္ရာ အဖြဲ႕အစည္းအားလုံး အတူတကြလက္တြဲ အေျဖရွာတာကို အာဆီယံအေနနဲ႔ လိုလားတဲ့အေၾကာင္း ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က ေျပာပါတယ္။

ထိပ္သီးအစည္းေဝးတက္ေရာက္တဲ့ အာဆီယံေခါင္းေဆာင္ေတြကေတာ့ ျမန္မာ့အေရး အာဆီယံ သေဘာတူညီခ်က္ ၅ ရပ္ တိုးတက္မႈမရွိသေလာက္ျဖစ္ေနတာမို႔ ဒီအတြက္ အခ်ိန္ကာလသတ္မွတ္ခ်က္ထားၿပီး လက္တြ႕က်က် ခိုင္ခိုင္မာမာျဖစ္ေအာင္ ေဆာင္႐ြက္ဖို႔ လိုအပ္တယ္လို႔ ဆုံးျဖတ္ သေဘာတူခဲ့ၾကပါတယ္။

ျမန္မာ စစ္ေကာင္စီကေတာ့ အာဆီယံေခါင္းေဆာင္ေတြရဲ႕ ျပန္လည္သုံးသပ္ခ်က္နဲ႔ ဆုံးျဖတ္ခ်က္ေတြကို လက္မခံတဲ့အေၾကာင္းနဲ႔ ဆုံးျဖတ္ခ်က္ေတြဟာ အာဆီယံပဋိညာဥ္စာတမ္းပါ အဖြဲ႕ဝင္ႏိုင္ငံမ်ား အၾကား အဆင့္တူ တန္းတူကိုယ္စားျပဳေရး “မူ” ကို ခ်ိဳးေဖါက္တယ္ဆိုၿပီး ကန႔္ကြက္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မြန်မာ့အရေးပြေလည်ဖို့ စစ်ကောင်စီနဲ့သာမက အတိုက်အခံအင်အားစုနဲ့ပါ တွေ့ဖို့လို (ဖိလစ်ပိုင်သမ္မတ)

မြန်မာနိုင်ငံနဲ့ထိတွေ့ဆက်ဆံရာမှာ စစ်အုပ်ချုပ်ရေးအဖွဲ့တင်မဟုတ်ဘဲ အတိုက်အခံတွေနဲ့ပါ အာဆီယံဘက်က တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့လိုပြီး ဒါဟာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေအဆုံးသတ်ရေးအတွက် အရေးကြီးတယ်လို့ မြင်ကြောင်း ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr က မနေ့က ABS-CBS ရုပ်သံကို ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ဘယ်လို ထိတွေ့ဆက်ဆံမလဲ ဆိုတဲ့ကိစ္စအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ထိပ်သီးအစည်းအဝေးအတွင်း သဘောထား ကွဲလွဲခဲ့တဲ့အကြောင်း လည်း သူက ပြောဆိုပါတယ်။ မြန်မာနိုင်ငံကို အဖွ့ဲဝင်အဖြစ်က ထုတ်ပယ်ဖို့ အဖွဲ့ဝင်နိုင်ငံတချို့က အဆိုပြုနေပြီး အစည်းအဝေးတွေမှာ မဖိတ်ကြားတော့ဖို့ ပြောဆိုတာမျိုးတွေလည်း ရှိတာပါ။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်ကတော့ မြန်မာနိုင်ငံရဲ့ သဘောထားမပါဘဲ အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်ရေးဆုံးဖြတ်ချက်ဟာ အဖွဲ့ဝင်နိုင်ငံတွေအကြား ညီညွတ်ရေးကို တောင်းဆိုထားတဲ့ အာဆီယံ ပဋိညာဉ်စာတမ်းပါအချက်တွေကို ချိုးဖေါက်ရာရောက်တယ်လို့ ပြောဆိုတာကို မနေ့ထုတ် The Phnom Penh Post သတင်းစာမှာ ရေးသားပါတယ်။ မြန်မာ့အရေး ဖြေရှင်းနိုင်အောင် တံခါးဆက်ဖွင့်ထားဖို့ လိုတယ်လို့ ပြောဆိုပြီး မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်နေကြတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး အတူတကွလက်တွဲ အဖြေရှာတာကို အာဆီယံအနေနဲ့ လိုလားတဲ့အကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။

ထိပ်သီးအစည်းဝေးတက်ရောက်တဲ့ အာဆီယံခေါင်းဆောင်တွေကတော့ မြန်မာ့အရေး အာဆီယံ သဘောတူညီချက် ၅ ရပ် တိုးတက်မှုမရှိသလောက်ဖြစ်နေတာမို့ ဒီအတွက် အချိန်ကာလသတ်မှတ်ချက်ထားပြီး လက်တွ့ကျကျ ခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆုံးဖြတ် သဘောတူခဲ့ကြပါတယ်။

မြန်မာ စစ်ကောင်စီကတော့ အာဆီယံခေါင်းဆောင်တွေရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို လက်မခံတဲ့အကြောင်းနဲ့ ဆုံးဖြတ်ချက်တွေဟာ အာဆီယံပဋိညာဉ်စာတမ်းပါ အဖွဲ့ဝင်နိုင်ငံများ အကြား အဆင့်တူ တန်းတူကိုယ်စားပြုရေး “မူ” ကို ချိုးဖေါက်တယ်ဆိုပြီး ကန့်ကွက်ထားပါတယ်။

XS
SM
MD
LG