သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပဋိပက္ခဖြေရှင်းရေး အာဆီယံအစည်းအဝေး မတိုင်ခင် အင်ဒိုနီရှားတိုက်တွန်း

Indonesia Southeast Asia Sumit
Indonesia Southeast Asia Sumit

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအတွင်း မြန်မာ့အရေးကိစ္စနဲ့ အာဆီယံဘုံသဘောတူညီမှု ၅ ချက်ကို အကောင်အထည် ဖော်ရေးကိစ္စတွေကိုဆွေးနွေးဖို့က အဓိကဆွေးနွေးတဲ့အကြောင်းအရာအဖြစ် ရှိမယ်လို့ အာဆီယံနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တခုက ပြောပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးနဲ့ တခြားဆက်စပ်တဲ့ အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံတွေအပြင် ဒေသတွင်းက နိုင်ငံတချို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့လည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

အမေရိကန်ဘက်ကတော့ အာဆီယံအဖွဲ့အနေနဲ့ မြန်မာစစ်ကောင်စီကို ပြင်းပြင်းထန်ထန် အရေးယူဖို့ မျှော်လင့်ထားပြီး၊ အဲဒီအတွက် အာဆီယံကို ဖိအားပေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနထိပ်တန်းတာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောပါတယ်။

This item is part of
XS
SM
MD
LG