သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ္ဍာရေး အရေးပေါ် ရန်ပုံငွေ ထားရှိရေး အာဆီယံ ဆွေးနွေး


ဘဏ္ဍာရေး အရေးပေါ် ရန်ပုံငွေ ထားရှိရေး အာဆီယံ ဆွေးနွေး

အာရှဒေသတွင်း အနာဂတ်မှာ ငွေကြေးပဋိပက္ခတွေ ဖြစ်ပေါ်လာမှုက ဟန့်တားဖို့ ကြိုးစားတဲ့ အနေနဲ့ လွန်ခဲ့တဲ့ တနှစ်လောက်က စတင် မတည်ခဲ့တဲ့ အာရှရန်ပုံငွေ ပိုမို အင်အားကောင်းလာအောင် အရှေ့အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေက ဘဏ္ဍာရေး ၀န်ကြီးတွေ နည်းလမ်း ရှာဖွေနေကြပါတယ်။

အာဆီယံ+၃ လို့ ခေါ်တဲ့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့က ဘဏ္ဍာရေး ၀န်ကြီးတွေဟာ အာဆီယံ ဘဏ္ဍာရေး ၀န်ကြီးတွေနဲ့ ဗီယက်နမ်နိုင်ငံမှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးနေကြတာပါ။

CMIM - Chiang Mai Initiative Multilateralization လို့ခေါ်တဲ့ ချင်းမိုင် သဘောတူညီချက်အရ အဖွဲ့ဝင် နိုင်ငံတွေအတွင်း ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်လာတဲ့အခါ အကူအညီ ပေးနိုင်မယ့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၂၀,၀၀၀ ကို အရေးပေါ် မတည်ငွေအဖြစ် ထားရှိဖို့ ဆုံးဖြတ်ထားခဲ့ကြတာပါ။

IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကနေ အဖွဲ့ဝင်နိုင်ငံတွေ အဆုံးသတ်မှာ ခွဲထွက်နိုင်မယ့် ဒီရန်ပုံငွေတွေကို ကြီးကြပ် ကွပ်ကဲဖို့အတွက် အာဆီယံ+၃ အဖွဲ့ရဲ့ မက်ခရို စီးပွားရေး သုတေသနရုံး AMRO ကို စင်ကာပူနိုင်ငံမှာ တည်ထောင်ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG