သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာအပါ အေရွ႕ေတာင္အာရွႏိုင္ငံတခ်ိဳ႕ ႐ုရွားေရတပ္နဲ႔ စစ္ေရးေလ့က်င့္


မာလကၠာေရလက္ၾကားေဒသ

{{Zawgyi/Unicode}}

ျမန္မာအပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံတခ်ိဳ႕က ေရတပ္ေတြနဲ႔ ႐ုရွားေရတပ္ၾကား မာလကၠာေရလက္ၾကားမွာ ဒီကေန႔ကစၿပီး ပထမဆုံးအႀကိမ္အျဖစ္ ပူးတြဲစစ္ေရးေလ့က်င့္ေနတယ္လို႔ အင္ဒိုနီးရွားေရတပ္ကေျပာပါတယ္။

မာလကၠာေရလက္ၾကားဟာ ကမာၻ႔အေရးအပါဆုံး ေရလမ္းေၾကာင္းေတြထဲက တခုျဖစ္ပါတယ္။

ပစိဖိတ္ေဒသ၊ အထူးသျဖင့္ နယ္ေျမတခုလုံးကို သူပိုင္အျဖစ္ တ႐ုတ္ကေၾကညာထားတဲ့ ေတာင္တ႐ုတ္ပင္လယ္ ပတ္ဝန္းက်င္မွာ တင္းမာမႈတိုးလာေနခ်ိန္မွာပဲ အခုလို ပူးတြဲစစ္ေရးေလ့က်င့္ၾကတာပါ။

ျမန္မာ၊ အင္ဒိုနီးရွား၊ ထိုင္း၊ စကၤာပူ၊ ဗီယက္နမ္၊ မေလးရွားနဲ႔ ဘ႐ူႏိုင္းႏိုင္ငံေတြက စစ္သေဘၤာ ဒါမွမဟုတ္ စစ္ေလယာဥ္ေတြနဲ႔ ပါဝင္ခဲ့ၿပီး ဖိလစ္ပိုင္ကေတာ့ အြန္လိုင္းကေန ေလ့လာသူအျဖစ္ တက္ေရာက္ခဲ့ပါတယ္။

စေနေန႔အထိလုပ္မယ့္ ဒီစစ္ေရးေလ့က်င့္မႈဟာ "ေဒသတြင္းမွာ ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရးနဲ႔ သာယာဝေျပာေရးအတြက္ျဖစ္တယ္" လို႔ အာဆီယံဆိုင္ရာ ႐ုရွားသံအမတ္ႀကီး Alexander Ivanov က ထုတ္ျပန္ခ်က္တခုမွာ ေျပာထားပါတယ္။

အင္ဒိုနီးရွား အမွတ္ ၁ ေရတပ္ဖြဲ႕ရဲ႕တပ္မႉး Arsyad Abdullah က ဒီစစ္ေရးေလ့က်င့္မႈဟာ "႐ုရွားနဲ႔ အာဆီယံစစ္ဘက္ေတြၾကား ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ နားလည္မႈ ပိုေကာင္းေစမယ္" လို႔ ေျပာပါတယ္။

အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြက ေရတပ္ေတြဟာ အရင္ကလည္း အေမရိကန္နဲ႔ တ႐ုတ္ေရတပ္ေတြနဲ႔ သီးျခားစီ ပူးတြဲ စစ္ေရးေလ့က်င့္ခဲ့ဖူးပါတယ္။

အင္ဒိုနီးရွားဆိုရင္ အေမရိကန္နဲ႔ပူးတြဲၿပီး Garuda Shield လို႔ အမည္ေပးထားတဲ့ အႀကီးမားဆုံး ႏွစ္ပတ္လည္ စစ္ေရးေလ့က်င့္မႈကို ၿပီးခဲ့တဲ့ၾသဂုတ္လကပဲ လုပ္ခဲ့ပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္

==============

{{Unicode}}

မြန်မာအပါ အရှေ့တောင်အာရှနိုင်ငံတချို့ ရုရှားရေတပ်နဲ့ စစ်ရေးလေ့ကျင့်

မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတချို့က ရေတပ်တွေနဲ့ ရုရှားရေတပ်ကြား မာလက္ကာရေလက်ကြားမှာ ဒီကနေ့ကစပြီး ပထမဆုံးအကြိမ်အဖြစ် ပူးတွဲစစ်ရေးလေ့ကျင့်နေတယ်လို့ အင်ဒိုနီးရှားရေတပ်ကပြောပါတယ်။

မာလက္ကာရေလက်ကြားဟာ ကမ္ဘာ့အရေးအပါဆုံး ရေလမ်းကြောင်းတွေထဲက တခုဖြစ်ပါတယ်။

ပစိဖိတ်ဒေသ၊ အထူးသဖြင့် နယ်မြေတခုလုံးကို သူပိုင်အဖြစ် တရုတ်ကကြေညာထားတဲ့ တောင်တရုတ်ပင်လယ် ပတ်ဝန်းကျင်မှာ တင်းမာမှုတိုးလာနေချိန်မှာပဲ အခုလို ပူးတွဲစစ်ရေးလေ့ကျင့်ကြတာပါ။

မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ်၊ မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံတွေက စစ်သင်္ဘော ဒါမှမဟုတ် စစ်လေယာဉ်တွေနဲ့ ပါဝင်ခဲ့ပြီး ဖိလစ်ပိုင်ကတော့ အွန်လိုင်းကနေ လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။

စနေနေ့အထိလုပ်မယ့် ဒီစစ်ရေးလေ့ကျင့်မှုဟာ "ဒေသတွင်းမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးအတွက်ဖြစ်တယ်" လို့ အာဆီယံဆိုင်ရာ ရုရှားသံအမတ်ကြီး Alexander Ivanov က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

အင်ဒိုနီးရှား အမှတ် ၁ ရေတပ်ဖွဲ့ရဲ့တပ်မှူး Arsyad Abdullah က ဒီစစ်ရေးလေ့ကျင့်မှုဟာ "ရုရှားနဲ့ အာဆီယံစစ်ဘက်တွေကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ နားလည်မှု ပိုကောင်းစေမယ်" လို့ ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ရေတပ်တွေဟာ အရင်ကလည်း အမေရိကန်နဲ့ တရုတ်ရေတပ်တွေနဲ့ သီးခြားစီ ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့ဖူးပါတယ်။

အင်ဒိုနီးရှားဆိုရင် အမေရိကန်နဲ့ပူးတွဲပြီး Garuda Shield လို့ အမည်ပေးထားတဲ့ အကြီးမားဆုံး နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့သြဂုတ်လကပဲ လုပ်ခဲ့ပါသေးတယ်။

#MyanmarMilitary #MyanmarASEAN #MyanmarRussia #VOABurmese

=============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG