သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမပါတဲ့ အာဆီယံ-ဂျပန် ထိပ်သီးစည်းဝေးပွဲ

Japan hosts a commemorative summit to mark the 50th anniversary of the relationship between Japan and ASEAN nations
Japan hosts a commemorative summit to mark the 50th anniversary of the relationship between Japan and ASEAN nations

အာဆီယံနဲ့ ဂျပန် ဆက်ဆံရေးအနှစ် ၅၀ ပြည့်အထိမ်းအမှတ် ထိပ်သီးစည်းဝေးပွဲကို ဂျပန်နိုင်ငံ Tokyo မြို့တော်မှာ ဒီနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ စတင်ပြီး ၁၈ ရက်နေ့အထိ ကျင်းပနေပါတယ်။ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo တို့ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ထိပ်သီးစည်းဝေးပွဲမှာ မြန်မာကိုဖိတ်ကြားခြင်း မရှိပါဘူး။

Tokyo မှာ ရောက်နေကြတဲ့ ကျန်တဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ ဂျပန်ဝန်ကြီးချုပ်တို့ ဒီနေ့ သီးခြားစီတွေ့ဆုံပြီး နှစ်နိုင်ငံရေးရာတွေအပြင် ဒေသတွင်းနဲ့ နိုင်ငံတကာ စိန်ခေါ်မှုတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတဲ့အကြောင်း ဂျပန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဂျပန်နဲ့ အာဆီယံကြား ဆက်ဆံရေး ပိုမိုခိုင်မာဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားကြဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်နိုင်ငံက ဒေသတွင်း လွှမ်းမိုးနိုင်အောင်၊ အထူးသဖြင့် ရေနယ်နိမိတ် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ ပိုင်စိုးပိုင်နင်းလုပ်မှုတွေ တိုးနေချိန်ဖြစ်တာမို့ ဒီထိပ်သီးစည်းဝေးပွဲမှာ ဂျပန်နဲ့ အာဆီယံကြား ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ရေး သဘောတူညီကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

AFP သတင်းဌာကရရှိတဲ့ ထိပ်သီးစည်းဝေးပွဲ ကြေညာချက်မူကြမ်းမှာ ရေလမ်းကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်အောင် ဂျပန်နဲ့ အာဆီယံနိုင်ငံတွေ ကတိပြုကြတယ်လို့ ဖော်ပြထားပါတယ်။ အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေတာမို့ စစ်ခေါင်းဆောင်တွေကို အခုလို နိုင်ငံတကာထိပ်သီးစည်းဝေးပွဲတွေ တက်ရောက်ဖို့ ဖိတ်ကြားခြင်း မရှိပါဘူး။

This item is part of
XS
SM
MD
LG