သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ အတွင်းရေးမှူးချုုပ် အသစ် ခန့်အပ်


အရှေ့တောင် အာရှနိုင်ငံများအသင်း အတွင်းရေးမှူးချုပ်သစ် ဗီယက်နမ်နိုင်ငံက Le Luong Minh
အရှေ့တောင် အာရှနိုင်ငံများအသင်း အတွင်းရေးမှူးချုပ်သစ် ဗီယက်နမ်နိုင်ငံက Le Luong Minh
အရှေ့တောင် အာရှနိုင်ငံများအသင်း - အာဆီယံရဲ့ လက်ရှိအတွင်းရေးမှူးချုပ် Surin Pitsuwan နေရာမှာ ဗီယက်နမ်နိုင်ငံက Le Luong Minh က ဒီကနေ့ကစပြီး တရားဝင် တာဝန် လွဲပြောင်းရယူလိုက်ပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံသား Mr. Pitsuwan ထံက ဗီယက်နိုင်ငံသား Le Luong Minh က အခုလို အတွင်းရေးမှူးချုပ် ရာထူးကို လွဲပြောင်း ရယူမှာဖြစ်တဲ့အတွက် တောင်တရုတ်ပင်လယ်ပြင်အတွင်း အာဆီယံနိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့အကြား ရေပိုင်နယ်က ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စကို မီးမောင်းထိုးပြသလို ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့်လည်း ဒီကိစ္စမှာ အာဆီယံအနေနဲ့ အရင်ကအတိုင်းပဲ သတိထားပြီး အများစုရဲ့ သဘောဆန္ဒကို ရယူပြီးမှ ကိုင်တွယ် ဖြေရှင်းသွားလိမ့်မယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။

ဗီယက်နမ်နိုင်ငံသားတဦးက အာဆီယံအတွင်းရေးမှူးချုပ်ရာထူးကို လွဲပြောင်း ရယူမယ့်အပေါ် ကွန်မြူနစ် တစ်ပါတီနိုင်ငံချင်း အတူတူဖြစ်တာကြောင့် တရုတ်တို့ကလည်း ထူးဆန်းစွာ လက်ခံ ကြိုဆိုနိုင်ပါတယ်။

ကွန်မြူနစ်တွေကို စုပေါင်း ဆန့်ကျင်ရေး ရည်ရွယ်ချက်နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်းကို ၁၉၆၇ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အဖြစ် ဒေသတွင်းနိုင်ငံတွေနဲ့ တိုးချဲ့ ဖွဲ့စည်းခဲ့တာပါ။ အာဆီယံအဖွဲ့ကို စတင်တည်ထောင်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနိုင်ငံတို့က အတွင်းရေးမှူးချုပ် ရာထူးကို ၂ ကြိမ်စီ တာဝန်ထမ်းဆောင်ပြီးဖြစ်ပါတယ်။ မြန်မာနဲ့ လာအိုနိုင်ငံတွေကတော့ အဲဒီ တာဝန်ကို ထမ်းဆောင်ခြင်း မရှိသေးပါဘူး။
XS
SM
MD
LG