သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းအခြေချသူတွေ ကာကွယ်စောင့်ရှောက်ဖို့ အာဆီယံအမတ်တွေတောင်းဆို


လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ APHR
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ APHR

အာဆီယံဒေသထဲမှာရှိကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒုက္ခသည်တွေအတွက် ပိုပြီးအကာအကွယ်ပေးဖို့ အစိုးရတွေကို အာဆီယံလွှတ်တော်အမတ်တွေက တိုက်တွန်းလိုက်ပါတယ်။ အာဆီယံအသိုက်အဝန်းထဲမှာရှိကြသူအားလုံးအနေနဲ့ အခြေခံလူ့အခွင့်အရေးရရှိသင့်ပြီး လူ့ဂုဏ်သိက္ခာနဲ့ လေးစားတန်ဖိုးထားမှု ရရှိသင့်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ APHR ကတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ၊ ဒုက္ခသည်အဖြစ်လျှောက်ထားသူတွေ။ လူကုန်ကူးခံရသူတွရဲ့ အခြေအနေကို ၄ ရက်ကြာ သွားရောက် လေ့လာခဲ့ပြီးနောက် APHR အဖွဲ့က ခုလိုကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံက ချင်းလူမျိုးတွေ၊ ရိုဟင်ဂျာတွေအပြင် တခြားနိုင်ငံက ဒုက္ခသည်အနေနဲ့ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR မှာ မှတ်ပုံတင်နိုင်ဖို့ အခက်အခက်တွေရှိနေကြပြီး ဒုက္ခသည်အဖြစ် သတ်မှတ်ခံရဖို့ ငြင်းပယ်ခံရသူ ပိုများလားတယ်လို့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ကမ္ဘောဒီယားနိုင်ငံက အထက်လွှတ်တော်အမတ် Seng Mardi ကပြောကြားခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ အထောက်အထားလက်မှတ် မရှိသူတွေကို လွန်ခဲ့တဲ့ ၁ လကျော်က စပြီး ရှာဖွေ နှိမ်နှင်းနေတဲ့စီမံချက်ကို လုပ်နေတဲ့အတွက် ဖမ်းဆီးခံရသူ ထောင်နဲ့ချီရှိနေတယ်လို့လည်း အာဆီယံအမတ်များအဖွဲ့ကပြောပါတယ်။

မလေးရှားရဲတွေက လိုက်လံဖမ်းဆီးနေတဲ့အတွက် ရွှေ့ပြောင်းလုပ်သားအများစုဟာ စိုးရိမ်စိတ်နဲ့နေထိုင်နေကြရတယ်လို့ APHR ရဲ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ အာဆီယံအစိုးရတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံသားတွေအပြင် တခြားနိုင်ငံသားတွေကို အကာအကွယ်ပေးရမယ့်တာဝန်ရှိတယ်လို့ အာဆီယံလွှတ်တော်အမတ်တွေကထောက်ပြပြီး ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဒုက္ခသည်တွေရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့က တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG