မြန်မာနိုင်ငံဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ ရှာဖွေဖို့အာဆီယံ ဝန်ကြီးတွေဟာ ဒီလ တတိယပတ် ထိုင်းနိုင်ငံမှာ ဆုံကြမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အာဆီယံဥက္ကဌ လာအိုနိုင်ငံက အဖွဲ့ဝင်နိုင်ငံတွေကို ဒီဇင်ဘာလ ၂၀ ရက်နေ့ ထိုင်းမှာ ဆွေးနွေးဖို့ ဖိတ်ကြားထားတယ်လို့ Roy Soemirat က ပြောကြားကြောင်း အင်ဒိုနီးရှားနိုင်ငံက ဂျာကာတာ ဂလုပ်နဲ့ စင်္ကာပူအခြေစိုက် စထရိတ်တိုင်းမ်တို့က ဆိုပါတယ်။
အင်ဒိုနီးရှား၊ လာအို၊ နဲ့ မလေးရှားနိုင်ငံတို့ ပါဝင်ကြတဲ့ မြန့်မာအရေး သုံးနိုင်ငံ အုပ်စု က တရားမဝင် ဦးစွာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့က နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေကို စိစစ်ပြီး၊ အာဆီယံ က ချမှတ်ထားတဲ့ သဘောတူညီချက် ၅ ရပ်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ပါဝင်ပတ်သက်သူတွေ ဘယ်လို လက်ခံလာအောင်ဆောင်ရွက်မလဲဆိုတဲ့ဖြစ်နိုင်ဖွယ် အဖြေတွေကို အရင် ညှိုနှိုင်းကြမှာ ဖြစ်ပါတယ်လို့ ရွိုင်းက သတင်းထောက်တွေကို ပြောပါတယ်။
စစ်ကောင်စီ
က ပြောနေတဲ့ ရွေးကောက်ပွဲကို ဆွေးနွေးဖို့ ဒီအစည်းအဝေးအစီအစဥ်မှာ ပါမပါနဲ့ အခြားအသေးစိတ်ကိုတော့ မသိကြောင်း Roy Soemirat က ပြောပါတယ်။ သုံးနိုင်ငံအဖွဲ့ကို လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဌ နိုင်ငံ၊ ယခင် ဥက္ကဌ နိုင်ငံ နဲ့ လာမယ့်နှစ် ဥက္ကဌ နိုင်ငံတို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
Forum