သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံသံတမန္ ျမန္မာလက္ခံဖို႔ အင္ဒိုႏိုင္ငံျခားေရးဝန္ႀကီး တိုက္တြန္း


asean flags (asean.org)

Zawgyi/Unicode

ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးပဋိပကၡကို ၾကားဝင္ေဆာင္႐ြက္ေပးေရး အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း - အာဆီယံကခန႔္အပ္မယ့္ အထူးသံတမန္ ကို ျမန္မာႏိုင္ငံအေနနဲ႔လက္ခံဖို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Ratno Marsudi က ဒီကေန႔ တိုက္တြန္းလိုက္ပါတယ္။

“ဂ်ကာတာၿမိဳ႕မွာ ျမန္မာ့အေရးအတြက္ အာဆီယံ အထူးထိပ္သီးစည္းေဝးပြဲ က်င္းပခဲ့တာ အခုဆိုရင္ ရက္ေပါင္း ၁၀၀ ရွိသြားပါၿပီ။ ျမန္မာ့အေရးအတြက္ အာဆီယံက အဲဒီစည္းေဝးပြဲအတြင္း ခ်မွတ္ခဲ့တဲ့ သေဘာတူညီခ်က္ (၅) ခ်က္ကို အခုခ်ိန္ထိ အေကာင္အထည္ေဖာ္ႏိုင္ျခင္း မရွိေသးပါဘူး။ အာဆီယံအဖြဲ႔က ခန႔္အပ္တာဝန္ေပးမယ့္ အထူးသံတမန္ကိုျမန္မာဘက္ကခ်က္ျခင္းလက္ခံေပးလိမ့္မယ္လို႔ အင္ဒိုနီးရွားႏိုင္ငံအေနနဲ႔ ေမွ်ာ္လင့္ပါတယ္” - လို႔ ဝန္ႀကီး Marsudi က ေျပာသြားတာပါ။

အာဆီယံအထူးသံတမန္အေနနဲ႔ ေပးအပ္ထားတဲ့တာဝန္ေတြကို ထိေရာက္စြာ ေဆာင္႐ြက္ႏိုင္ေရးအတြက္ျမန္မာဘက္ကလည္းေပးထားတဲ့ကတိအတိုင္း ျမန္မာႏိုင္ငံထဲကို ဝင္ေရာက္ ေလ့လာခြင့္ေပးဖို႔နဲ႔ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြအေနနဲ႔ အဖြဲ႔က အဆိုျပဳထားတဲ့အတိုင္း ဘယ္သူ႔ကို အထူးသံတမန္အျဖစ္ ေ႐ြးခ်ယ္ တာဝန္ေပးမယ္ဆိုတာကို ဆုံးျဖတ္ခ်က္ ခ်ႏိုင္လိမ့္မယ္လို႔ အင္ဒိုနီးရွားႏိုင္ငံက ေမွ်ာ္လင့္ေၾကာင္းလည္း ဝန္ႀကီး Marsudi က ေျပာပါတယ္။

ျမန္မာျပည္သူေတြ ဒီထက္ပိုၿပီး မခံစားၾကရဖို႔ကိုလည္း အင္ဒိုရွားႏိုင္ငံက အေလးေပး ေျပာၾကားလိုေၾကာင္း၊ ျမန္မာႏိုင္ငံဟာလက္ရွိအေျခအေနမွာ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြ လိုအပ္ေနေၾကာင္း၊ ဒါေၾကာင့္လည္း အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ အပါအဝင္ စာနာမႈအကူအညီေတြ ေပးႏိုင္ေရးအတြက္ အာဆီယံအေနနဲ႔ တိက် ျပတ္သားတဲ့ လုပ္ေဆာင္မႈေတြ ခ်မွတ္ေဆာင္႐ြက္ဖို႔ လိုအပ္ေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Ratno Marsudi က ေျပာပါတယ္။

ျမန္မာႏိုင္ငံအတြက္ အထူးသံတမန္ ခန႔္ထားေရး အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြ ဒီကေန႔ အြန္လိုင္းကတဆင့္ ေတြ႔ဆုံ ေဆြးေႏြးခဲ့ၾကပါတယ္။

အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္ကလည္း ျမန္မာ့အေရး ၾကားဝင္ေဆာင္႐ြက္ေပးဖို႔ အာဆီယံ အထူးကိုယ္စားလွယ္ ခန႔္ထားေရးကို သေဘာတူေၾကာင္းနဲ႔ အာဆီယံမူေဘာင္အတြင္းကေန ပူးေပါင္းေဆာင္႐ြက္သြားမယ့္အေၾကာင္း မေန႔က သူ႔မိန႔္ခြန္းထဲမွာ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

အာဆီယံအထူးကိုယ္စားလွယ္ထားေရး မူလအဆိုျပဳသူ သုံးဦးထဲက ထိုင္းႏိုင္ငံ ဒု ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္းကို သေဘာတူထားၾကၿပီးျဖစ္ေပမယ့္ အဆိုျပဳမႈသစ္ေတြေၾကာင့္ ၾကန႔္ၾကာမႈရွိေနတယ္လို႔ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္က သူ႔မိန႔္ခြန္းထဲမွာ ေျပာခဲ့ပါတယ္။ ျမန္မာ့အ​ေရး အာဆီယံအထူးကိုယ္စားလွယ္အျဖစ္ ထိုင္း၊ အင္ဒိုနီးရွား၊ မေလးရွားနဲ႔ ဘ႐ူႏိုင္းတို႔က သီးျခားစီ အဆိုျပဳမႈေတြရွိခဲ့တယ္လို႔ စုံစမ္းသိရေပမယ့္၊ အာဆီယံအဖြဲ႔ႀကီးအေနနဲ႔ ဘယ္သူ႔ကို ေ႐ြးခ်ယ္သလဲဆိုတာကိုေတာ့တရားဝင္ထုတ္ျပန္တာမ်ိဳးမရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


------

Unicode

အာဆီယံသံတမန် မြန်မာလက်ခံဖို့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပဋိပက္ခကို ကြားဝင်ဆောင်ရွက်ပေးရေး အရှေ့တောင်အာရှနိုင်ငံများအသင်း - အာဆီယံကခန့်အပ်မယ့် အထူးသံတမန် ကို မြန်မာနိုင်ငံအနေနဲ့လက်ခံဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Ratno Marsudi က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

“ဂျကာတာမြို့မှာ မြန်မာ့အရေးအတွက် အာဆီယံ အထူးထိပ်သီးစည်းဝေးပွဲ ကျင်းပခဲ့တာ အခုဆိုရင် ရက်ပေါင်း ၁၀၀ ရှိသွားပါပြီ။ မြန်မာ့အရေးအတွက် အာဆီယံက အဲဒီစည်းဝေးပွဲအတွင်း ချမှတ်ခဲ့တဲ့ သဘောတူညီချက် (၅) ချက်ကို အခုချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။ အာဆီယံအဖွဲ့က ခန့်အပ်တာဝန်ပေးမယ့် အထူးသံတမန်ကိုမြန်မာဘက်ကချက်ခြင်းလက်ခံပေးလိမ့်မယ်လို့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မျှော်လင့်ပါတယ်” - လို့ ဝန်ကြီး Marsudi က ပြောသွားတာပါ။

အာဆီယံအထူးသံတမန်အနေနဲ့ ပေးအပ်ထားတဲ့တာဝန်တွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက်မြန်မာဘက်ကလည်းပေးထားတဲ့ကတိအတိုင်း မြန်မာနိုင်ငံထဲကို ဝင်ရောက် လေ့လာခွင့်ပေးဖို့နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ အဖွဲ့က အဆိုပြုထားတဲ့အတိုင်း ဘယ်သူ့ကို အထူးသံတမန်အဖြစ် ရွေးချယ် တာဝန်ပေးမယ်ဆိုတာကို ဆုံးဖြတ်ချက် ချနိုင်လိမ့်မယ်လို့ အင်ဒိုနီးရှားနိုင်ငံက မျှော်လင့်ကြောင်းလည်း ဝန်ကြီး Marsudi က ပြောပါတယ်။

မြန်မာပြည်သူတွေ ဒီထက်ပိုပြီး မခံစားကြရဖို့ကိုလည်း အင်ဒိုရှားနိုင်ငံက အလေးပေး ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံဟာလက်ရှိအခြေအနေမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေကြောင်း၊ ဒါကြောင့်လည်း အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် စာနာမှုအကူအညီတွေ ပေးနိုင်ရေးအတွက် အာဆီယံအနေနဲ့ တိကျ ပြတ်သားတဲ့ လုပ်ဆောင်မှုတွေ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Ratno Marsudi က ပြောပါတယ်။

မြန်မာနိုင်ငံအတွက် အထူးသံတမန် ခန့်ထားရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ အွန်လိုင်းကတဆင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကလည်း မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးဖို့ အာဆီယံ အထူးကိုယ်စားလှယ် ခန့်ထားရေးကို သဘောတူကြောင်းနဲ့ အာဆီယံမူဘောင်အတွင်းကနေ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း မနေ့က သူ့မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ထားရေး မူလအဆိုပြုသူ သုံးဦးထဲက ထိုင်းနိုင်ငံ ဒု နိုင်ငံခြားရေးဝန်ကြီးဟောင်းကို သဘောတူထားကြပြီးဖြစ်ပေမယ့် အဆိုပြုမှုသစ်တွေကြောင့် ကြန့်ကြာမှုရှိနေတယ်လို့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က သူ့မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိုင်းတို့က သီးခြားစီ အဆိုပြုမှုတွေရှိခဲ့တယ်လို့ စုံစမ်းသိရပေမယ့်၊ အာဆီယံအဖွဲ့ကြီးအနေနဲ့ ဘယ်သူ့ကို ရွေးချယ်သလဲဆိုတာကိုတော့တရားဝင်ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

#MyanmarMilitaryCoup #MyanmarASEAN #AseanEnvoyMyanmar #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG