သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ-အာဆီယံအေရး ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Kasit Piromya အျမင္


လူ႔အခြင့္အေရးဆိုင္ရာအာဆီယံ လႊတ္ေတာ္အမတ္မ်ားအဖြဲ႔ (APHR) ဘုတ္အဖြဲ႔ဝင္ Kasit Piromya

{Zawgyi/Unicode}

အာဆီယံအထူးသံ ျမန္မာႏိုင္ငံကို လာဖို႔ ရက္ေ႐ႊ႕အခက္ႀကဳံေနရတာက အာဆီယံရဲ႕ ေပ်ာ့ညံ့မႈေၾကာင့္လို႔ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးေဟာင္းက ေထာက္ျပလိုက္ပါတယ္။ ၂၀၀၈ ခုႏွစ္ကေန ၂၀၁၁ အထိ ေ႐ြးေကာက္ခံထိုင္းအစိုးရရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္ခဲ့သူ Kasit Piromya က အာဆီယံတခုလုံး ဂုဏ္သိကၡာနဲ႔ ျမန္မာျပည္သူေတြအတြက္ အာဆီယံအေနနဲ႔ ပိုအားေကာင္းေကာင္းေျပာဖို႔ လိုေနၿပီလို႔ ေထာက္ျပပါတယ္။ ထိုင္းလႊတ္ေတာ္အမတ္ေဟာင္းလည္းျဖစ္သူ လက္ရွိ လူ႔အခြင့္အေရးဆိုင္ရာအာဆီယံ လႊတ္ေတာ္အမတ္မ်ားအဖြဲ႔ (APHR) ဘုတ္အဖြဲ႔ဝင္ Kasit Piromya ကို ကိုဝင္းမင္းကေမးျမန္းထားပါတယ္။

Kasit Piromya။ ။ ဘာမွေရွ႕ဆက္မေ႐ြ႕ေသးဘူးလို႔ ထင္ပါတယ္။ ႏွစ္ခ်က္ေၾကာင့္လို႔ ထင္ပါတယ္။ တခ်က္ကေတာ့ အာဆီယံ စုေပါင္းေခါင္းေဆာင္မႈရဲ႕အားနည္းခ်က္ပါ။ သူတို႔ အေနနဲ႔ ျမန္မာစစ္အုပ္စုအေပၚ အားေကာင္းေကာင္းနဲ႔ မေျပာႏိုင္ဘူး ျဖစ္ေနပါတယ္။ ဒုတိယကေတာ့ ျမန္မာစစ္တပ္ေခါင္းေဆာင္ပိုင္းအေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို မတရားဥပေဒေတြနဲ႔ ထိန္းသိမ္းထားတာအပါအဝင္ ဖမ္းဆီးသတ္ျဖတ္ရက္စက္မႈေတြကို အျပစ္ေပးမခံရဘဲ ဆက္က်ဴးလြန္ႏိုင္ေနပါတယ္။ အဓိက-က အာဆီယံအေပၚမွာ ပိုမူတည္ပါတယ္။ အာဆီယံေခါင္းေဆာင္မႈအေနနဲ႔ စုေပါင္းၿပီး အားေကာင္းေကာင္းနဲ႔ ဆုံးျဖတ္ခ်က္ခိုင္မာရင္ မင္းေအာင္လႈိင္ နားေထာင္ရမယ့္ အခ်ိန္ပါ။

ကိုဝင္းမင္း။ ။ ...အဲဒီေတာ့ အားေကာင္းေအာင္ ဘာေတြလုပ္ဖို႔ အာဆီယံကို ေျပာခ်င္ပါသလဲ။

Kasit Piromya။ ။ လုပ္ႏိုင္စရာေတြအမ်ားႀကီးရွိပါတယ္။သိတယ္မလား၊ ဥပမာ ျမန္မာကို အာဆီယံလုပ္ငန္းစဥ္ေတြအားလုံးကေန ဖယ္ထုတ္ထားႏိုင္ပါတယ္။ ျမန္မာစစ္တပ္စီးပြားေရးကို ဦးေဆာင္ေနသူေတြနဲ႔ ပါဝင္ေနသူေတြကို ဒဏ္ခတ္ပိတ္ဆို႔ႏိုင္တာမ်ိဳး စတာေတြလုပ္ႏိုင္တယ္။ ေနာက္ ကမာၻႀကီးအေနနဲ႔လည္း ျမန္မာကို လက္နက္တင္သြင္းမူေတြ ရပ္ဆိုင္းေပးေအာင္ အာဆီယံက ေတာင္းဆိုႏိုင္ပါတယ္။ ဒါမ်ိဳးေတြ အမ်ားႀကီး လုပ္ထားခဲ့သင့္တာပါ။ ဒါေပမဲ့ အာဆီယံေခါင္းေဆာင္ပိုင္းက အခုလို အားေကာင္းေအာင္ လုပ္ဖို႔ တြန႔္ဆုတ္ေနၾကတယ္ေလ။ အာဆီယံရဲ႕ အခု ဘုံသေဘာတူခ်က္ ၅ ခ်က္က ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အေနနဲ႔အေလးအနက္ထားလုပ္ေဆာင္ေစဖို႔ တြန္းအားမျဖစ္ေသးပါဘူး။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့။ ေနာက္ေရာ-အာဆီယံရဲ႕ ဘယ္လိုအခက္အခဲကို ေထာက္ျပခ်င္ပါသလဲ။

Kasit Piromya။ ။ အာဆီယံရဲ႕ ဝင္ေရာက္မစြက္ဖက္ေရး မူဝါဒက အလုပ္မျဖစ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ အဖြဲ႔ဝင္ႏိုင္ငံတခုမွာ ျဖစ္ေနတာက အာဆီယံအသိုင္းအဝိုင္းတခုလုံးရဲ႕ စုစည္းညီၫြတ္မႈနဲ႔ ဂုဏ္သိကၡာအေပၚ ထိခိုက္လာတဲ့အတြက္ ေျဖရွင္းေပးဖို႔ တာဝန္ရွိလာပါတယ္။ ဒါေၾကာင့္ အာဆီယံတခုလုံးအက်ိဳးအတြက္ တျခားအာဆီယံ ၉ ႏိုင္ငံ ေခါင္းေဆာင္ေတြအေနနဲ႔ ျမန္မာစစ္အုပ္စုကို အေလးအနက္ထားလိုက္နာလုပ္ေဆာင္ေရး တိုက္တြန္းဖို႔ တာဝန္ရွိလာတာပါ။ ေနာက္တခ်က္က ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ ျပႆနာက တျခားႏိုင္ငံေတြကို ဖိတ္စင္လာပါတယ္။ အထူးသျဖင့္ ထိုင္း ႏိုင္ငံအေပၚမွာပါ။ေနာက္ မေလးရွားကိုလည္း တစုံတရာ ႐ိုက္ခတ္မႈရွိပါတယ္။ ဒုကၡသည္ကိစၥ၊ ေနာက္ နယ္စပ္ျဖတ္ ရာဇဝတ္မႈေတြ၊ ေနာက္ ကိုဗစ္-19 လို ေရာဂါကိစၥေတြပါ။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့၊ ခြန္ကဆစ္၊ အဲဒီေတာ့ ထိုင္းအေနနဲ႔ေရာ ဘယ္လိုလုပ္ဖို႔ကို အႀကံျပဳခ်င္ပါသလဲ။

Kasit Piromya။ ။ ထိုင္းႏိုင္ငံအေနနဲ႔ ျမန္မာျပႆနာ အက်ိဳးဆက္ကို အမ်ားဆုံးခံရတဲ့ ႏိုင္ငံျဖစ္လို႔ အာဆီယံမွာ ဦးေဆာင္ တိုက္ တြန္းသင့္ပါတယ္။ ဒါေပမဲ့ အခုက ထိုင္းအစိုးရကို အားကိုးလို႔ မရသေလာက္ျဖစ္ေနပါတယ္။ ထိုင္းရဲ႕ ေခါင္းေဆာင္မႈကင္းမဲ့ေနတာအတြက္ အထူးစိတ္ပ်က္ ရွက္မိပါတယ္။ ျမန္မာအတြက္ မိတ္ေဆြႏိုင္ငံမပီသႏိုင္လို႔ပါ။ ေနာက္ ထိုင္းရဲ႕ ဦးေဆာင္မႈမရွိရင္ အာဆီယံကလည္း တစုတေဝးတည္း သိပ္လႈပ္ေလ့မရွိတာလည္း အေတြ႕အႀကဳံရွိထားပါတယ္ ။ အခုျဖစ္သင့္တာက အထူးသံ ခန႔္မယ့္အစား အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြေပါင္းၿပီး အာဆီယံနဲ႔ ကုလသမဂၢပဋိညဥ္စတာေတြ လိုက္နာဖို႔၊ ဒီမိုကေရစီျပန္ေျပာင္းဖို႔ ျမန္မာစစ္အုပ္စုအေပၚ ဝိုင္း ဖိအားေပးၾကဖို႔ပါ။

ကိုဝင္းမင္း။။ ဟုတ္ကဲ့၊ ဒီေနရာမွာ ထိုင္းႏိုင္ငံက ဦးေဆာင္မလုပ္တာက စစ္အာဏာသိမ္း ေခါင္းေဆာင္ခ်င္း ျဖစ္ေနလို႔လား။

Kasit Piromya။ ။ ထိုင္းမွာ စစ္အစိုးရျဖစ္သည္ျဖစ္ေစ၊ ဒီမိုကေရစီပဲျဖစ္ျဖစ္၊ ဒီမိုကေရစီ တဝက္ အစိုးရပဲျဖစ္ျဖစ္၊ အခုလို မဦးေဆာင္တာနဲ႔ မဆိုင္ပါဘူး။ ဒါက အာဆီယံတခုလုံးေကာင္းက်ိဳးအတြက္ပါ။ အဓိက-ကေတာ့ ေခါင္းေဆာင္သူရဲ႕ ဦးေဆာင္မႈပါ။ ဗိုလ္ ခ်ဳပ္ႀကီးေဟာင္း Prayuth အေနနဲ႔ အာဏာသိမ္းေခါင္းေဆာင္ဆိုတာထက္ ဒီမိုကေရစီအျပည့္ေခါင္းေဆာင္မဟုတ္ေပမယ့္ တစုံတရာ ဖြဲ႕စည္းပုံနဲ႔တက္လာတဲ့ ဝန္ႀကီးခ်ဳပ္ျဖစ္လာတာမို႔ စစ္တပ္ေၾကာင့္ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးျငင္းပယ္ခံရတဲ့ ျမန္မာျပည္သူေတြ အတြက္ စဥ္းစားရပ္တည္ၿပီး လုပ္ေပးသင့္ပါတယ္။ျမန္မာစစ္ေခါင္းေဆာင္နဲ႔ ရင္းႏွီးခဲ့မႈတခုတည္းအတြက္ မရပ္တည္ေပးသင့္ေတာ့ပါဘူး။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့၊ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ခြန္ကဆစ္ ခင္ဗ်ား။

တိုက္႐ိုက္ လင့္ခ္


========

{Unicode}

မြန်မာ-အာဆီယံအရေး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya အမြင်

အာဆီယံအထူးသံ မြန်မာနိုင်ငံကို လာဖို့ ရက်ရွှေ့အခက်ကြုံနေရတာက အာဆီယံရဲ့ ပျော့ညံ့မှုကြောင့်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းက ထောက်ပြလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ အထိ ရွေးကောက်ခံထိုင်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သူ Kasit Piromya က အာဆီယံတခုလုံး ဂုဏ်သိက္ခာနဲ့ မြန်မာပြည်သူတွေအတွက် အာဆီယံအနေနဲ့ ပိုအားကောင်းကောင်းပြောဖို့ လိုနေပြီလို့ ထောက်ပြပါတယ်။ ထိုင်းလွှတ်တော်အမတ်ဟောင်းလည်းဖြစ်သူ လက်ရှိ လူ့အခွင့်အရေးဆိုင်ရာအာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) ဘုတ်အဖွဲ့ဝင် Kasit Piromya ကို ကိုဝင်းမင်းကမေးမြန်းထားပါတယ်။

Kasit Piromya။ ။ ဘာမှရှေ့ဆက်မရွေ့သေးဘူးလို့ ထင်ပါတယ်။ နှစ်ချက်ကြောင့်လို့ ထင်ပါတယ်။ တချက်ကတော့ အာဆီယံ စုပေါင်းခေါင်းဆောင်မှုရဲ့အားနည်းချက်ပါ။ သူတို့အနေနဲ့ မြန်မာစစ်အုပ်စုအပေါ် အားကောင်းကောင်းနဲ့ မပြောနိုင်ဘူး ဖြစ်နေပါတယ်။ ဒုတိယကတော့ မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဥပဒေတွေနဲ့ ထိန်းသိမ်းထားတာအပါအဝင် ဖမ်းဆီးသတ်ဖြတ်ရက်စက်မှုတွေကို အပြစ်ပေးမခံရဘဲ ဆက်ကျူးလွန်နိုင်နေပါတယ်။ အဓိက-က အာဆီယံအပေါ်မှာ ပိုမူတည်ပါတယ်။ အာဆီယံခေါင်းဆောင်မှုအနေနဲ့ စုပေါင်းပြီး အားကောင်းကောင်းနဲ့ ဆုံးဖြတ်ချက်ခိုင်မာရင် မင်းအောင်လှိုင် နားထောင်ရမယ့် အချိန်ပါ။

ကိုဝင်းမင်း။ ။ ...အဲဒီတော့ အားကောင်းအောင် ဘာတွေလုပ်ဖို့ အာဆီယံကို ပြောချင်ပါသလဲ။

Kasit Piromya။ ။ လုပ်နိုင်စရာတွေအများကြီးရှိပါတယ်။သိတယ်မလား၊ ဥပမာ မြန်မာကို အာဆီယံလုပ်ငန်းစဉ်တွေအားလုံးကနေ ဖယ်ထုတ်ထားနိုင်ပါတယ်။ မြန်မာစစ်တပ်စီးပွားရေးကို ဦးဆောင်နေသူတွေနဲ့ ပါဝင်နေသူတွေကို ဒဏ်ခတ်ပိတ်ဆို့နိုင်တာမျိုး စတာတွေလုပ်နိုင်တယ်။ နောက် ကမ္ဘာကြီးအနေနဲ့လည်း မြန်မာကို လက်နက်တင်သွင်းမူတွေ ရပ်ဆိုင်းပေးအောင် အာဆီယံက တောင်းဆိုနိုင်ပါတယ်။ ဒါမျိုးတွေ အများကြီး လုပ်ထားခဲ့သင့်တာပါ။ ဒါပေမဲ့ အာဆီယံခေါင်းဆောင်ပိုင်းက အခုလို အားကောင်းအောင် လုပ်ဖို့ တွန့်ဆုတ်နေကြတယ်လေ။ အာဆီယံရဲ့ အခု ဘုံသဘောတူချက် ၅ ချက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့အလေးအနက်ထားလုပ်ဆောင်စေဖို့ တွန်းအားမဖြစ်သေးပါဘူး။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ နောက်ရော-အာဆီယံရဲ့ ဘယ်လိုအခက်အခဲကို ထောက်ပြချင်ပါသလဲ။

Kasit Piromya။ ။ အာဆီယံရဲ့ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒက အလုပ်မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ အဖွဲ့ဝင်နိုင်ငံတခုမှာ ဖြစ်နေတာက အာဆီယံအသိုင်းအဝိုင်းတခုလုံးရဲ့ စုစည်းညီညွတ်မှုနဲ့ ဂုဏ်သိက္ခာအပေါ် ထိခိုက်လာတဲ့အတွက် ဖြေရှင်းပေးဖို့ တာဝန်ရှိလာပါတယ်။ ဒါကြောင့် အာဆီယံတခုလုံးအကျိုးအတွက် တခြားအာဆီယံ ၉ နိုင်ငံ ခေါင်းဆောင်တွေအနေနဲ့ မြန်မာစစ်အုပ်စုကို အလေးအနက်ထားလိုက်နာလုပ်ဆောင်ရေး တိုက်တွန်းဖို့ တာဝန်ရှိလာတာပါ။ နောက်တချက်က မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာက တခြားနိုင်ငံတွေကို ဖိတ်စင်လာပါတယ်။ အထူးသဖြင့် ထိုင်း နိုင်ငံအပေါ်မှာပါ။နောက် မလေးရှားကိုလည်း တစုံတရာ ရိုက်ခတ်မှုရှိပါတယ်။ ဒုက္ခသည်ကိစ္စ၊ နောက် နယ်စပ်ဖြတ် ရာဇဝတ်မှုတွေ၊ နောက် ကိုဗစ်-19 လို ရောဂါကိစ္စတွေပါ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ ခွန်ကဆစ်၊ အဲဒီတော့ ထိုင်းအနေနဲ့ရော ဘယ်လိုလုပ်ဖို့ကို အကြံပြုချင်ပါသလဲ။

Kasit Piromya။ ။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာပြဿနာ အကျိုးဆက်ကို အများဆုံးခံရတဲ့ နိုင်ငံဖြစ်လို့ အာဆီယံမှာ ဦးဆောင် တိုက် တွန်းသင့်ပါတယ်။ ဒါပေမဲ့ အခုက ထိုင်းအစိုးရကို အားကိုးလို့ မရသလောက်ဖြစ်နေပါတယ်။ ထိုင်းရဲ့ ခေါင်းဆောင်မှုကင်းမဲ့နေတာအတွက် အထူးစိတ်ပျက် ရှက်မိပါတယ်။ မြန်မာအတွက် မိတ်ဆွေနိုင်ငံမပီသနိုင်လို့ပါ။ နောက် ထိုင်းရဲ့ ဦးဆောင်မှုမရှိရင် အာဆီယံကလည်း တစုတဝေးတည်း သိပ်လှုပ်လေ့မရှိတာလည်း အတွေ့အကြုံရှိထားပါတယ် ။ အခုဖြစ်သင့်တာက အထူးသံ ခန့်မယ့်အစား အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေပေါင်းပြီး အာဆီယံနဲ့ ကုလသမဂ္ဂပဋိညဉ်စတာတွေ လိုက်နာဖို့၊ ဒီမိုကရေစီပြန်ပြောင်းဖို့ မြန်မာစစ်အုပ်စုအပေါ် ဝိုင်း ဖိအားပေးကြဖို့ပါ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ ဒီနေရာမှာ ထိုင်းနိုင်ငံက ဦးဆောင်မလုပ်တာက စစ်အာဏာသိမ်း ခေါင်းဆောင်ချင်း ဖြစ်နေလို့လား။

Kasit Piromya။ ။ ထိုင်းမှာ စစ်အစိုးရဖြစ်သည်ဖြစ်စေ၊ ဒီမိုကရေစီပဲဖြစ်ဖြစ်၊ ဒီမိုကရေစီ တဝက် အစိုးရပဲဖြစ်ဖြစ်၊ အခုလို မဦးဆောင်တာနဲ့ မဆိုင်ပါဘူး။ ဒါက အာဆီယံတခုလုံးကောင်းကျိုးအတွက်ပါ။ အဓိက-ကတော့ ခေါင်းဆောင်သူရဲ့ ဦးဆောင်မှုပါ။ ဗိုလ် ချုပ်ကြီးဟောင်း Prayuth အနေနဲ့ အာဏာသိမ်းခေါင်းဆောင်ဆိုတာထက် ဒီမိုကရေစီအပြည့်ခေါင်းဆောင်မဟုတ်ပေမယ့် တစုံတရာ ဖွဲ့စည်းပုံနဲ့တက်လာတဲ့ ဝန်ကြီးချုပ်ဖြစ်လာတာမို့ စစ်တပ်ကြောင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးငြင်းပယ်ခံရတဲ့ မြန်မာပြည်သူတွေ အတွက် စဉ်းစားရပ်တည်ပြီး လုပ်ပေးသင့်ပါတယ်။မြန်မာစစ်ခေါင်းဆောင်နဲ့ ရင်းနှီးခဲ့မှုတခုတည်းအတွက် မရပ်တည်ပေးသင့်တော့ပါဘူး။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ် ခွန်ကဆစ် ခင်ဗျား။

#KasitPiromya #MyanmarASEAN #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG