{{ Zawgyi/Unicode}}}
အေရွ႕ေတာင္အာရွိႏိုင္ငံမ်ား အစည္းအရံုး အာဆီယံရဲ႕ ထိပ္သီးေဆြးေႏြးပြဲကို ဒီကေန႔ပဲ ဖြင့္လွစ္ေပးလိုက္ၿပီး လက္ရွိအလွည့္က် ဥကၠ႒ ဘရူႏိုင္းဘုရင္ Hassanal Bolkiah က အြန္လိုင္းကေန အဖြင့္အမွာ စကားေျပာသြားပါတယ္။
ကမာၻတဝွမ္းမွာ မႀကဳံစဖူးရင္ဆိုင္ေနရတဲ့ ကိုဗစ္ 19 ကပ္ေရာဂါေၾကာင့္ ဒီေန႔ ေခတ္သစ္ကမာၻမွာ က်န္းမာေရးနဲ႔ လူမႈ စီးပြားဆိုင္ရာ ပ်က္စီး ဆုတ္ယုတ္မႈေတြ မႀကဳံစဖူး ရင္ဆိုင္ခဲ့ရတဲ့အေၾကာင္းနဲ႔ ေဒသတြင္းႏိုင္ငံေတြအၾကား ေသြးစည္းညီၫြတ္မႈနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ အေရးႀကီးတဲ့အေၾကာင္း အဓိက ေျပာသြားခဲ့တာပါ။ ဒီထိပ္သီးေဆြးေႏြးပြဲကို လက္ရွိျမန္မာႏိုင္ငံကို စစ္အာဏာသိမ္း အုပ္ခ်ဳပ္ေနတဲ့ ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ကို မဖိတ္ၾကားတဲ့ကိစၥရပ္နဲ႔ ပတ္သတ္လို႔ေတာ့ ဘာမွေျပာမသြားခဲ့ပါဘူး။ ျမန္မာစစ္ေကာင္စီဘက္က ေတာ့ ဒီလို အာဆီယံ ထိပ္သီးအစည္းအေဝးမွာ ႏိုင္ငံအႀကီးအကဲ ဒါမွမဟုတ္ ျပည္ေထာင္စု အဆင့္ ဝန္ႀကီးကပဲ တက္ေရာက္ႏိုင္မယ္ဆိုၿပီး အေၾကာင္းျပန္လိုက္ေၾကာင္း ျမန္မာ့႐ုပ္ျမင္သံၾကားမွာ တနလၤာညက ေၾကညာသြားပါတယ္။
တကယ္ဆို အာဆီယံသမိုင္းမွာ အဖြဲ႔ဝင္ႏိုင္ငံတႏိုင္ငံကို ကိုယ္စားျပဳတဲ့ ႏိုင္ငံအႀကီးအကဲကို မဖိတ္ၾကားဘဲ ထိပ္သီး အစည္းအေ၀းက်င္းပတာ ဒါ ပထမဆုံးအႀကိမ္ ျဖစ္ပါတယ္။
ျမန္မာစစ္ေကာင္စီဘက္ကေတာ့ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအက်ပ္အတည္းကို အေျဖရွာေရး အာဆီယံက ခ်မွတ္ထားတဲ့ ဘုံသေဘာတူညီခ်က္ ၅ ရပ္အတိုင္း လုပ္ငန္းစဥ္ေတြကို အတတ္ႏိုင္ဆုံး ပူးေပါင္းေဆာင္ရြက္သြားမယ့္အေၾကာင္း မေန႔က သတင္းထုတ္ျပန္ပါတယ္။ လြတ္လပ္တက္ႂကြၿပီး ဘက္မလိုက္တဲ့ ႏိုင္ငံျခားေရး မူဝါဒကို က်င့္သုံးတဲ့ ကမာၻ႔ၿငိမ္းခ်မ္းေရးနဲ႔ ႏိုင္ငံအခ်င္းအခ်င္း မိတ္ဝတ္မပ်က္ ေပါင္းဖက္ ဆက္ဆံေရးကို ေရွ႕ရႈတဲ့၊ ႏိုင္ငံအခ်င္းခ်င္း ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲ ေနထိုင္ေရးမႈကို ေစာင့္ထိန္းတယ္ဆိုတဲ့ ႏိုင္ငံျခားေရး မူဝါဒအတိုင္း ျမန္မာႏိုင္ငံအေနနဲ႔ ဆက္လက္ လိုက္နာ ေဆာင္ရြက္သြားမယ္လို႔ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။
===========
{{Unicode}}}
အာဆီယံထိပ်သီး နိုင်ငံအကြီးအကဲ သို့ ပြည်ထောင်စုအဆင့်ကသာ တက်ရောက်မည်ဟု မြန်မာတုံ့ပြန်
အရှေ့တောင်အာရှိနိုင်ငံများ အစည်းအရုံး အာဆီယံရဲ့ ထိပ်သီးဆွေးနွေးပွဲကို ဒီကနေ့ပဲ ဖွင့်လှစ်ပေးလိုက်ပြီး လက်ရှိအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းဘုရင် Hassanal Bolkiah က အွန်လိုင်းကနေ အဖွင့်အမှာ စကားပြောသွားပါတယ်။
ကမ္ဘာတဝှမ်းမှာ မကြုံစဖူးရင်ဆိုင်နေရတဲ့ ကိုဗစ် 19 ကပ်ရောဂါကြောင့် ဒီနေ့ ခေတ်သစ်ကမ္ဘာမှာ ကျန်းမာရေးနဲ့ လူမှု စီးပွားဆိုင်ရာ ပျက်စီး ဆုတ်ယုတ်မှုတွေ မကြုံစဖူး ရင်ဆိုင်ခဲ့ရတဲ့အကြောင်းနဲ့ ဒေသတွင်းနိုင်ငံတွေအကြား သွေးစည်းညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတဲ့အကြောင်း အဓိက ပြောသွားခဲ့တာပါ။ ဒီထိပ်သီးဆွေးနွေးပွဲကို လက်ရှိမြန်မာနိုင်ငံကို စစ်အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာစစ်ကောင်စီခေါင်းဆောင်ကို မဖိတ်ကြားတဲ့ကိစ္စရပ်နဲ့ ပတ်သတ်လို့တော့ ဘာမှပြောမသွားခဲ့ပါဘူး။ မြန်မာစစ်ကောင်စီဘက်က တော့ ဒီလို အာဆီယံ ထိပ်သီးအစည်းအဝေးမှာ နိုင်ငံအကြီးအကဲ ဒါမှမဟုတ် ပြည်ထောင်စု အဆင့် ဝန်ကြီးကပဲ တက်ရောက်နိုင်မယ်ဆိုပြီး အကြောင်းပြန်လိုက်ကြောင်း မြန်မာ့ရုပ်မြင်သံကြားမှာ တနင်္လာညက ကြေညာသွားပါတယ်။
တကယ်ဆို အာဆီယံသမိုင်းမှာ အဖွဲ့ဝင်နိုင်ငံတနိုင်ငံကို ကိုယ်စားပြုတဲ့ နိုင်ငံအကြီးအကဲကို မဖိတ်ကြားဘဲ ထိပ်သီး အစည်းအဝေးကျင်းပတာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
မြန်မာစစ်ကောင်စီဘက်ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို အဖြေရှာရေး အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်အတိုင်း လုပ်ငန်းစဉ်တွေကို အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း မနေ့က သတင်းထုတ်ပြန်ပါတယ်။ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံအချင်းအချင်း မိတ်ဝတ်မပျက် ပေါင်းဖက် ဆက်ဆံရေးကို ရှေ့ရှုတဲ့၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမှုကို စောင့်ထိန်းတယ်ဆိုတဲ့ နိုင်ငံခြားရေး မူဝါဒအတိုင်း မြန်မာနိုင်ငံအနေနဲ့ ဆက်လက် လိုက်နာ ဆောင်ရွက်သွားမယ်လို့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
#MyanmarASEAN #Myanmar #ASEANsummit #VOABurmese
#မြန်မာ၊အာဆီယံ#ပြည်ထောင်စုအဆင့်#ထိပ်သီးဆွေးနွေးပွဲ#နိုင်ငံ့အကြီးအကဲ#မင်းအောင်လှိုင်
===========