သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာဆိုင္ရာအာဆီယံအထူးကိုယ္စားလွယ္ ျမန္မာခရီးစဥ္ ေရွ႕သီတင္းပတ္ စတင္မည္


ေရွ႕သီတင္းပတ္ထဲ ျမန္မာႏုိင္ငံကို ေရာက္လာမယ့္ လက္ရွိ အာဆီယံအလွည့္က်ဥကၠ႒ႏိုင္ငံျဖစ္တဲ့ ကေမၻာဒီးယားရဲ႕ အာဆီယံအထူးသံ ကေမၻာဒီးယားႏုိင္ငံျခားေရးဝန္ႀကီး Prak Sokhonn

[[Zawgyi/Unicode]]

ျမန္မာဆိုင္ရာ အာဆီယံအထူးသံအေနနဲ႔ ေရွ႕အပတ္ျမန္မာခရီးစဥ္အဆင္ေျပေရး လုံးပမ္းေနတယ္လို႔ ကေမာၻဒီးယား ႏိုင္ငံျခားေရး႐ုံးက ဆိုပါတယ္။

အာဆီယံအထူးသံရဲ႕ အခု ပထမဆုံးခရီးထဲ ျမန္မာအာဏာသိမ္းၿပီးအၾကမ္းဖက္မႈတိုးလာတာ အဆုံးသတ္ေရး ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အရင္ကတိေပးခဲ့တာကို အဓိကေျပာဖို႔ရွိတယ္လို႔ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Chum Sounry က ဒီေန႔ေျပာလိုက္ပါတယ္။

လက္ရွိ အာဆီယံ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း အလွည့္က် ဥကၠ႒ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္တဲ့ အထူးသံ Prak Sokhonn အေနနဲ႔ မတ္လ ၂၁ ကေန ၂၃ အထိ ခရီးထဲ အခုလို ဦးစားေပးမႈေၾကာင့္ တိုင္းရင္းသားအပစ္ရပ္အဖြဲ႕ေတြေပါင္းဖြဲ႕ထားတဲ့ PPST ႏိုင္ငံေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕နဲ႔ မေတြ႕ျဖစ္ေတာ့ဘူးလို႔ PPST ပူးတြဲေခါင္းေဆာင္ ဦးခြန္ဥကၠာက ေျပာပါတယ္။

“သူ႔မွာအခ်ိန္မရလို႔တဲ့။ ၂၁ ရက္နဲ႔ ၂၂ ရက္ေန႔ ၂ ရက္ပဲ အလုပ္လုပ္မွာကို။ ေနျပည္ေတာ္မွာ ၂၁။ ရန္ကုန္မွာက ၂၂။ အဲဒီၾကားမွာ အဲဒီၾကားမွာ EEO ေတြနဲ႔ေတြ႕ဖို႔ အခ်ိန္မရေတာ့ဘူးတဲ့။ က်ေနာ္တို႔ ေနျပည္ေတာ္ခရီးစဥ္ကို က်ေနာ္တို႔ မသြားျဖစ္ေတာ့ဘူးေပါ့။ အဓိကအေၾကာင္းၾကားေပးတာက ဗိုလ္ခ်ဳပ္ႀကီး မင္းေနာင္ဆီက အေၾကာင္းၾကားတာပဲ။ တခ်ိန္မဟုတ္ တခ်ိန္ေတာ့ ေတြ႕မွာေပါ့။ အခုတေခါက္မွာေတာ့ နည္းနည္းေလး ဦးစားေပးက ဗိုလ္ခ်ဳပ္မႉးႀကီးနဲ႔ trust building လုပ္ခ်င္လို႔၊ ေနာက္ ဗမာႏိုင္ငံၾကက္ေျခနီအဖြဲ႕နဲ႔ လူသားခ်င္းစာနာမႈ အေထာက္အကူေပးဖို႔ နည္းနာေတြရွာဖို႔ေပါ့။ အေရးႀကီးတဲ့ အရင္ႏွစ္ခုေလာက္ကို ဦးစားေပးလိုက္ေတာ့ က်ေနာ္တို႔ကို ခန ထားလိုက္တဲ့သေဘာပါ။”

ဒါေပမယ့္ မတ္ ၂၁ ရက္ ေနျပည္ေတာ္ေတြ႔ဆုံပြဲေတြအၿပီးမွာေတာ့ ေနာက္ေန႔ ၂၂ ရက္မွာ ရန္ကုန္သြားၿပီး ႏိုင္ငံေရးပါတီေခါင္းေဆာင္တခ်ိဳ႕နဲ႔ေတြ႕ဆုံဖို႔ ရွိၿပီး ဒီအထဲ ျပည္သူ႔ပါတီ ဥကၠ႒ ဦးကိုကိုႀကီးက သူ႔ကိုဖိတ္ထားတယ္လို႔ ဆိုပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

မြန်မာဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ် မြန်မာခရီးစဉ် ရှေ့သီတင်းပတ် စတင်မည်

မြန်မာဆိုင်ရာ အာဆီယံအထူးသံအနေနဲ့ ရှေ့အပတ်မြန်မာခရီးစဉ်အဆင်ပြေရေး လုံးပမ်းနေတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးရုံးက ဆိုပါတယ်။

အာဆီယံအထူးသံရဲ့ အခု ပထမဆုံးခရီးထဲ မြန်မာအာဏာသိမ်းပြီးအကြမ်းဖက်မှုတိုးလာတာ အဆုံးသတ်ရေး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရင်ကတိပေးခဲ့တာကို အဓိကပြောဖို့ရှိတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Chum Sounry က ဒီနေ့ပြောလိုက်ပါတယ်။

လက်ရှိ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်း အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ အထူးသံ Prak Sokhonn အနေနဲ့ မတ်လ ၂၁ ကနေ ၂၃ အထိ ခရီးထဲ အခုလို ဦးစားပေးမှုကြောင့် တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေပေါင်းဖွဲ့ထားတဲ့ PPST နိုင်ငံရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့နဲ့ မတွေ့ဖြစ်တော့ဘူးလို့ PPST ပူးတွဲခေါင်းဆောင် ဦးခွန်ဥက္ကာက ပြောပါတယ်။

“သူ့မှာအချိန်မရလို့တဲ့။ ၂၁ ရက်နဲ့ ၂၂ ရက်နေ့ ၂ ရက်ပဲ အလုပ်လုပ်မှာကို။ နေပြည်တော်မှာ ၂၁။ ရန်ကုန်မှာက ၂၂။ အဲဒီကြားမှာ အဲဒီကြားမှာ EEO တွေနဲ့တွေ့ဖို့ အချိန်မရတော့ဘူးတဲ့။ ကျနော်တို့ နေပြည်တော်ခရီးစဉ်ကို ကျနော်တို့ မသွားဖြစ်တော့ဘူးပေါ့။ အဓိကအကြောင်းကြားပေးတာက ဗိုလ်ချုပ်ကြီး မင်းနောင်ဆီက အကြောင်းကြားတာပဲ။ တချိန်မဟုတ် တချိန်တော့ တွေ့မှာပေါ့။ အခုတခေါက်မှာတော့ နည်းနည်းလေး ဦးစားပေးက ဗိုလ်ချုပ်မှူးကြီးနဲ့ trust building လုပ်ချင်လို့၊ နောက် ဗမာနိုင်ငံကြက်ခြေနီအဖွဲ့နဲ့ လူသားချင်းစာနာမှု အထောက်အကူပေးဖို့ နည်းနာတွေရှာဖို့ပေါ့။ အရေးကြီးတဲ့ အရင်နှစ်ခုလောက်ကို ဦးစားပေးလိုက်တော့ ကျနော်တို့ကို ခန ထားလိုက်တဲ့သဘောပါ။”

ဒါပေမယ့် မတ် ၂၁ ရက် နေပြည်တော်တွေ့ဆုံပွဲတွေအပြီးမှာတော့ နောက်နေ့ ၂၂ ရက်မှာ ရန်ကုန်သွားပြီး နိုင်ငံရေးပါတီခေါင်းဆောင်တချို့နဲ့တွေ့ဆုံဖို့ ရှိပြီး ဒီအထဲ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက သူ့ကိုဖိတ်ထားတယ်လို့ ဆိုပါတယ် ခင်ဗျာ။
=================

XS
SM
MD
LG