သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အာဆီယံကိုယ္စားလွယ္ရဲ႕ ျမန္မာခရီးစဥ္ အတိုက္အခံတခ်ိဳ႕ ရႈတ္ခ်


ျမန္မာႏိုင္ငံဆုိင္ရာ အာဆီယံ အထူးကုိယ္စားလွယ္ျဖစ္တဲ့ ကေမၻာဒီယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn (၀ဲ)၊ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ (ယာ) မတ္လ ၂၁၊ ၂၀၂၂

ျမန္မာႏိုင္ငံကို လတ္တေလာ ေရာက္ရွိေနတဲ့ အာဆီယံ အထူးကုိယ္စားလွယ္ရဲ႕ ခရီးစဥ္ဟာ ျမန္မာျပည္သူအမ်ားစုရဲ႕ ဆႏၵနဲ႔ ေတာင္းဆုိမႈေတြကို လွ်စ္လ်ဴရႈၿပီး စစ္ေကာင္စီကို ေထာက္ခံမႈ ေပးဖုိ႔ သြားေရာက္တဲ့ ခရီးစဥ္မ်ဳိး ျဖစ္တာေၾကာင့္ ရွက္ဖြယ္ေကာင္းတဲ့ ခရီးစဥ္အျဖစ္ ရႈတ္ခ်ေၾကာင္း GSC ေခၚ ျမန္မာႏိုင္ငံ အေထြေထြသပိတ္ေကာ္မတီရဲ႕ ထုတ္ျပန္ခ်က္ကို ကိုးကားၿပီး ရိုက္တာသတင္းမွာ ေဖၚျပပါတယ္။ အရပ္ဖက္ လူမႈအဖြဲ႔အစည္း (၃၆)ဖြဲ႔ကုိယ္စား GSC ေကာ္မတီက တနလၤာေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။

ျမန္မာႏိုင္ငံဆုိင္ရာ အာဆီယံ အထူးကုိယ္စားလွယ္ျဖစ္တဲ့ ကေမၻာဒီယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn ဟာ မတ္လ(၂၁)ရက္ တနလၤာေန႔ ၊ ျမန္မာႏိုင္ငံကို ေရာက္ရွိလာၿပီး စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္အပါအဝင္ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္တို႔နဲ႔ပါ ေနျပည္ေတာ္မွာ ေတြ႔ဆုံခဲ့ပါတယ္။ မတ္လ(၂၁)ကေန (၂၃)ထိ ၃ ရက္ၾကာမယ့္ ခရီးစဥ္အတြင္း ႏိုင္ငံေရးပါတီတခ်ဳိ႕က ကိုယ္စားလွယ္ေတြနဲ႔ ေတြ႔ဆုံဖို႔ ရွိတဲ့ သတင္းေတြ ထြက္ေနေပမဲ့ ဘယ္သူေတြနဲ႔ ေတြ႔မယ္ဆိုတာကိုေတာ့ Prak Sokhonn က ထုတ္ေျပာဖို႔ ျငင္းဆိုထားပါတယ္။ သူ႔ခရီးစဥ္အတြင္း တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႔တခ်ဳိ႕နဲ႔ ေတြ႔ဆုံမယ့္ အစီအစဥ္ဟာလည္း ပ်က္သြားခဲ့ပါတယ္။

အာဆီယံက ခ်မွတ္ထားတဲ့ ဘုံသေဘာတူညီခ်က္(၅)ရပ္ကို ျမန္မာစစ္ေကာင္စီက အေကာင္အထည္ေဖၚမႈ အလြန္အားနည္းေနခ်ိန္မွာ အာဆီယံအထူးကုိယ္စားလွယ္ရဲ႕ ခရီးစဥ္က အလုပ္ျဖစ္ပါ့မလားဆုိၿပီး အမ်ားက ေမးခြန္းထုတ္ေနၾကပါတယ္။

အာဆီယံအဖြဲ႔နဲ႔ ပူးေပါင္းေဆာင္ရြက္သြားမယ္လို႔ စစ္ေကာင္စီဥကၠဌက အထူးကိုယ္စားလွယ္ကို ေျပာပါတယ္။ စစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္ကေတာ့ အာဆီယံကလိုလားတဲ့ ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္ဟာ ျမန္မာ့နည္းျမန္မာ့ဟန္နဲ႔ ျမန္မာႏိုင္ငံကပဲ ဦးေဆာင္မႈျပဳရမယ့္ ျငိမ္းခ်မ္းေရး ျဖစ္စဥ္မ်ဳိးသာ ျဖစ္ဖို႔လိုတယ္လို႔ အထူးကိုယ္စားလွယ္ Prak Sokhonn ကို ရွင္းျပခဲ့တယ္လို႔ ဆုိပါတယ္။

=====================

အာဆီယံကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဉ် အတိုက်အခံတချို့ ရှုတ်ချ

မြန်မာနိုင်ငံကို လတ်တလော ရောက်ရှိနေတဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ဟာ မြန်မာပြည်သူအများစုရဲ့ ဆန္ဒနဲ့ တောင်းဆိုမှုတွေကို လျှစ်လျူရှုပြီး စစ်ကောင်စီကို ထောက်ခံမှု ပေးဖို့ သွားရောက်တဲ့ ခရီးစဉ်မျိုး ဖြစ်တာကြောင့် ရှက်ဖွယ်ကောင်းတဲ့ ခရီးစဉ်အဖြစ် ရှုတ်ချကြောင်း GSC ခေါ် မြန်မာနိုင်ငံ အထွေထွေသပိတ်ကော်မတီရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖေါ်ပြပါတယ်။ အရပ်ဖက် လူမှုအဖွဲ့အစည်း (၃၆)ဖွဲ့ကိုယ်စား GSC ကော်မတီက တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဟာ မတ်လ(၂၁)ရက် တနင်္လာနေ့ ၊ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ပါ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ မတ်လ(၂၁)ကနေ (၂၃)ထိ ၃ ရက်ကြာမယ့် ခရီးစဉ်အတွင်း နိုင်ငံရေးပါတီတချို့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ရှိတဲ့ သတင်းတွေ ထွက်နေပေမဲ့ ဘယ်သူတွေနဲ့ တွေ့မယ်ဆိုတာကိုတော့ Prak Sokhonn က ထုတ်ပြောဖို့ ငြင်းဆိုထားပါတယ်။ သူ့ခရီးစဉ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့နဲ့ တွေ့ဆုံမယ့် အစီအစဉ်ဟာလည်း ပျက်သွားခဲ့ပါတယ်။

အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို မြန်မာစစ်ကောင်စီက အကောင်အထည်ဖေါ်မှု အလွန်အားနည်းနေချိန်မှာ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်က အလုပ်ဖြစ်ပါ့မလားဆိုပြီး အများက မေးခွန်းထုတ်နေကြပါတယ်။

အာဆီယံအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီဥက္ကဌက အထူးကိုယ်စားလှယ်ကို ပြောပါတယ်။ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့ အာဆီယံကလိုလားတဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ မြန်မာနိုင်ငံကပဲ ဦးဆောင်မှုပြုရမယ့် ငြိမ်းချမ်းရေး ဖြစ်စဉ်မျိုးသာ ဖြစ်ဖို့လိုတယ်လို့ အထူးကိုယ်စားလှယ် Prak Sokhonn ကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG