သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ အပေါင်း ရှစ်နိုင်ငံ ရေကြောင်း စစ်ရေးလှုပ်ရှားမှုစတင်


ဖိလစ်ပိုင် နိုင်ငံ အနောက်ဘက် ပင်လယ်ပြင်အတွင်းရှိ အငြင်းပွား ကျျွန်းစုများအနီး ဖိလစ်ပိုင်နှင့် အမေရိကန် တပ်ဖွဲ့ဝင်များ ပူးတွဲ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်နေသည်ကို ၂၀၁၅ ခုနှစ် ဧပြီလ ၂၁ရက်က တွေ့ရစဉ်။ (AP Photo/Bullit Marquez)
ဖိလစ်ပိုင် နိုင်ငံ အနောက်ဘက် ပင်လယ်ပြင်အတွင်းရှိ အငြင်းပွား ကျျွန်းစုများအနီး ဖိလစ်ပိုင်နှင့် အမေရိကန် တပ်ဖွဲ့ဝင်များ ပူးတွဲ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်နေသည်ကို ၂၀၁၅ ခုနှစ် ဧပြီလ ၂၁ရက်က တွေ့ရစဉ်။ (AP Photo/Bullit Marquez)

အာဆီယံ အဖွဲ့ဝင်တွေနဲ့ မဟာမိတ်နိုင်ငံတွေရဲ့ နိုင်ငံပေါင်းစုံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာ ပူးတွဲ ရေကြောင်း စစ်ရေးလေ့ကျင့်မှု စတင်နေပြီ ဖြစ်ပါတယ်။

ဘရူနိုင်းနိုင်ငံမှာ ကျင်းပမယ့် ဒီရေကြောင်း စစ်ရေး လေ့ကျင့်မှုမှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ မြန်မာ၊ ဘရူနိုင်း၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား တို့အပြင် အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှား၊ သြစတေးလျ၊ နယူးဇီလန်နဲ့ တရုတ်နိုင်ငံတို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒီရေကြောင်းဆိုင်ရာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ ADMM Plus လို့ခေါ်တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အပေါင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့က ဦးဆောင်ပြီး ရေကြောင်းဆိုင်ရာ လုံခြုံရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး တို့အတွက် ရည်ရွယ် ပြုလုပ်ခြင်းလည်း ဖြစ်ပါတယ်။

မေလ ၁ ရက်နေ့က ၁၂ ရက်နေ့ ကြာမြင့်မယ့် ဒီ ပူးတွဲ ရေကြောင်း စစ်ရေး လေ့ကျင့်မှုတွေကိုတော့ ဘရူနိုင်းနဲ့ စင်္ကာပူ ရေပိုင်နက်တွေထဲအပြင် တရုတ်နိုင်ငံနဲ့ ဒေသတွင်း နိုင်ငံတွေအကြား ပိုင်ဆိုင်မှု အငြင်း ပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်းတို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

တပ်ဖွဲ့ဝင် အင်အား ၃,၀၀၀ ကျော်နဲ့ အထူးတပ်ဖွဲ့ဝင်တွေ ပါဝင်မယ့် ဒီရေကြောင်း ဆိုင်ရာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ အာဆီယံနိုင်ငံတွေနဲ့ မဟာမိတ် ၈ နိုင်ငံတို့က စစ်သင်္ဘော ၁၈ စင်း၊ ရဟတ်ယာဉ် ၁၇ စင်းနဲ့ ရေကြောင်းကင်းလှည့် လေယာဉ် ၂ စင်းတို့ ပါဝင်မှာဖြစ်ပါတယ်။

ဒီပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် လက်တွေ့ကျတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို အထောက်အကူ ပြုစေလိမ့်မယ်လို့ တရုတ်ရေကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

XS
SM
MD
LG