သုံးရလွယ်ကူစေသည့် Link များ

ASEAN အရှေ့တောင်အာရှနိုင်ငံများ အသင်းကြီးရဲ့တောင်တရုတ် ပင်လယ် ပြဿနာအပေါ် ကြေညာချက်အတွက် ထောက်ခံမှုတွေရော ဝေဖန်မှုတွေပါ ထွက်ပေါ်နေပါတယ်။

မြန်မာအပါအဝင်အဖွဲ့ဝင် ၁၀ နိုင်ငံပါတဲ့ ဒီ အသင်းကြီးအနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ဒေသတွင်းဆိုင်ရာလုံခြုံရေးဆွေးနွေးပွဲတွေမှာ ၁၁ နာရီကြာအောင် အကြိတ်အနယ် ညှိနှိုင်းခဲ့ကြပြီးမှာ ဒီ အလျှော့အတင်းလုပ်ထားတဲ့ ကြေညာချက်ထွက်လာခဲ့တာပါ။

ဒီ ကြေညာချက်ထဲမှာ အာဆီယံအနေနဲ့ နှစ်ပေါင်း ဒါဇင်တွေနဲ့ချီပြီး ကြိုးပမ်းဆွေးနွေးခဲ့တဲ့ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုအတွက် လိုက်နာရမယ့်အချက်တွေ သတ်မှတ်နိုင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တကယ်တော့ အာဆီယံအနေနဲ့ ကမ္ဘာ့အင်အားကြီး အမေရိကန်နဲ့ တရုတ်တို့ရဲ့ ဒီတောင်တရုတ်ပင်လယ်ပြဿနာဆိုင်ရာ အပြိုင်အဆိုင် တောင်းဆိုမှုတွေကို ဘက်မျှအောင် ထိန်းပြီး လုပ်ပေးနိုင်ဖို့ အသည်းအသန် ကြိုးပမ်းညှိနှိုင်းယူကြရတာဖြစ်ပါတယ်။

ဒေသတွင်းမှာရှိတဲ့ နိုင်ငံများစွာအနေနဲ့ ဒီအာဆီယံ ကြေညာချက် ထွက်လာတာဟာ ဘာမှ မထွက်နိုင်တာထက်စာရင် အများကြီး ကောင်းတယ်၊ ၂၀၁၂ တုန်းက ကမ္ဘောဒီးယား အာဆီယံဥက္ကဋ္ဌဖြစ်တုန်းကဆိုရင် တရုတ်ဖိအားကြောင့် ဒီတောင်တရုတ်ပင်လယ် ပြဿနာအကြောင်း ကြေညာချက်တောင် မထွက်နိုင်ခဲ့ဘူး။

ခုလို ကြေညာချက်ထွက်နိုင်တာက အာဆီယံတခုလုံးအနေနဲ့ တရုတ်လက်အောက် မှာ မရှိဘူးဆိုတာ ပြလိုက်တာပဲဖြစ်တယ်လို့ အင်ဒိုနီးရှားအစိုးရ အကြံပေးနဲ့ စာရေးဆရာ Jamil Maidan Flores က ဂျာကာတာပို့စ် သတင်းစာမှာ ထုတ်ပြောခဲ့ပါတယ်။

အာဆီယံ အဖွဲ့ဝင်တွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လားအိုနဲ့ မြန်မာတို့ဟာ တရုတ်ဘက်က တောင်းဆိုတာကို ပိုထောက်ခံပေးကြပြီး ဒီကိစ္စကြောင့် အာဆီယံအဖွဲ့အတွင်းမှာ အကွဲအပြဲတွေရှိနေတယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG