သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသတွင်းလုံခြုံရေး အာဆီယံ ဝန်ကြီးများ ဆွေးနွေး


ဒေသတွင်းလုံခြုံရေး အာဆီယံ ဝန်ကြီးများ ဆွေးနွေး
ဒေသတွင်းလုံခြုံရေး အာဆီယံ ဝန်ကြီးများ ဆွေးနွေး

မြန်မာနိုင်ငံလည်း အဖွဲ့ဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်းရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဒီကနေ့ စည်းဝေးပွဲမှာ ဒေသတွင်း လုံခြုံရေး ကိစ္စတွေကိုအဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာလုပ်နေတဲ့ ဒီဆွေးနွေးမှာ အာဆီယံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး အဖွဲ့ ဖွဲ့ဖို့၊ တောင်တရုတ် ပင်လယ်ထဲက ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေအနေနဲ့ ကျင့်သုံးဖို့ ထုတ်ပြန်ခဲ့တာတွေကို အကောင်အထည်ဖော်ဖို့နဲ့ နားလည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်ရေး စာချွန်လွှာ
ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒေသတွင်း အစိုးရိမ်ရဆုံး နိုင်ငံတကာ ပဋိပက္ခဖြစ်တဲ့ ဒီ တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့နေတဲ့ ပြဿနာမှာ တရုတ်၊ ထိုင်ဝမ်နဲ့ အာဆီယံ လေးနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနဲ့ ဘရူနိုင်း နိုင်ငံတို့ တိုက်ရိုက် ပါဝင် ပတ်သက်နေတာ ဖြစ်ပါတယ်။

အခုလို အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ စည်းဝေးပွဲ ပြင်ပမှာလည်း စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးပွဲတွေလည်း နိုင်ငံတွေကြား ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။

အင်ဒိုနီးရှားသမ္မတ ဆူဆီလို ဘန်ဘမ်း ယူရို ယူနိုကတော့ စီးပွားရေး ဆွေးနွေးပွဲတခုမှာ သူ့နိုင်ငံအနေနဲ့ ဒီနှစ်ထဲမှာ စီးပွားရေး အလျင်အမြန် ကြီးမားဖို့ ရှိတယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုလိုက်ပါတယ်။

XS
SM
MD
LG