သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ ပြန်သွားဖို့ အာဆီယံ မတွန်းသင့်


ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ရိုဟင်ဂျာဒုက္ခသည်များ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေးအစီစဉ်မှာ အထောက်အကူပေးနိုင်ဖို့ အတွက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာနိုင်ငံကို နိုဝင်ဘာလထဲ သွားရောက်ဆွေးနွေးမယ်လို့ အာဆီယံအဖွဲ့ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေကို ဌာနေပြန်ပို့ဖို့ အချိန်မတန်သေးတဲ့အတွက် စိုးရိမ် ပူပန်မိကြောင်း လူ့အခွင့်ရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR က ပြောကြားလိုက်ပါတယ်။

APHR ဥက္ကဌ ဖြစ်တဲ့ မလေးရှားအမတ် Charles Santiago က ကြာသပတေးနေ့မှာ ပြောကြားလိုက်တာ ဖြစ်ပြီး ရိုဟင်ဂျာအသိုင်းဝိုင်းဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေကို ဆယ်စုနှစ်နဲ့ ချီခံစားခဲ့ရကြောင်းနဲ့ အခု သူတို့တွေ နေရပ်ရင်းကို ဂုဏ်သိက္ခာ ရှိရှိလုံခြုံစွာ ပြန်နိုင်မယ့် အခြေနေမရှိသေးတာ သိပ်သိသာနေကြောင်း ပြောပါတယ်။ ဒါ့အပြင် သူတို့တွေနေရပ်ပြန်ဖို့ စလုပ်တဲ့ အလုပ်မှန်သမျှဟာ ပွင့်လင်းမြင်သာပြီး နိုင်ငံတကာ လူ့အခွင့်ရေးစံချိန်မှီအောင် လုပ်ပေးရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ရိုဟင်ဂျာတွေဟာ လူ့အခွင့်ရေး ချိုးဖောက်မှုဒဏ် အတော်ကြီးခံစားခဲ့ရတဲ့အတွက် သူတို့ရဲ့ အနာဂတ်အတွက် အစီအစဉ်တွေဖြစ်တဲ့ သူတို့ကို ပြန်ပို့တဲ့ လုပ်ငန်းစဉ်ကို ရိုဟင်ဂျာ အသိုင်းဝိုင်းနဲ့ ညှိနှိုင်းပြောဆိုဖို့ လုပ်ရမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

သူတို့တွေ ကိုယ့်သဘောနဲ့ကိုယ် ပြန်နိုင်ရေးကို သူတို့အတွက် လုံခြုံစိတ်ချရတဲ့ ဝန်းကျင်ရှိလာတဲ့ အချိန်ကျမှ စတင်ဖို့ လိုပြီး ဒီအထဲမှာ အစိုးရက ခွဲခြားဆက်ဆံတဲ့ မူဝါဒတွေ လုပ်ရပ်တွေကို ဖျက်သိမ်းပေးတာနဲ့ ဒုက္ခသည် စခန်းတွေမှာ နေရာချမထားဖို့၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ပညာသင်ခွင့်၊ အသက်ရှင်ရပ်တည်ရေးနဲ့ လယ်ယာမြေဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးဖို့၊ နိုင်ငံတကာရဲ့ ကာကွယ်စောင့်ရှောက်မှု ရဖို့တွေအတွက် လုပ်ဆောင်ပေးရမယ်လို့လည်း တောင်းဆိုထားပါတယ်။

ရိုဟင်ဂျာတွေ ပြန်သွားဖို့ အာဆီယံ မတွန်းသင့်
please wait

No media source currently available

0:00 0:00:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG