သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အခြေအနေမတည်ငြိမ်လို့ အာဆီယံအကူအညီ ယာယီဆိုင်းငံ့


ထိုင်းနိုင်ငံမှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် (ဝဲ-ဒုတိယ)
ထိုင်းနိုင်ငံမှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် (ဝဲ-ဒုတိယ)

ရခိုင်ပြည်နယ်အရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) က ကူညီဖို့ ကြိုးပမ်း နေပေမယ့် လတ်တလော အခြေအနေကြောင့် ဆိုင်းငံ့ထားရကြောင်း ထိုင်းနိုင်ငံက ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်က လက်ရှိအခြေအနေတွေအရ အားလုံးကို ဆိုင်းငံ့ထားရကြောင်းနဲ့ အခြေ အနေတွေအားလုံး ရှင်းရှင်းလင်းလင်း ဖြစ်တဲ့အချိန်ရောက်ရင်တော့ မြန်မာနိုင်ငံနဲ့ ရခိုင်ပြည်နယ်မှာ အာဆီယံရဲ့ စုပေါင်းကြိုးပမ်းမှု တွေကို အထင်အရှားတွေ့ရမှာ ဖြစ်ကြောင်း အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အသင်းဝင် ၁၀ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ၂ ရက်ကြာ အစည်းအဝေး အဆုံးသတ်ချိန်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ဆောင်ရွက်ချက်တွေကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့တာပါ။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာရှိတဲ့ ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုကို လိုက်လံရှင်းလင်းရာက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ ရတဲ့အတွက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဝေဖန်နေသလို အာဆီယံအနေနဲ့လည်း အသင်းဝင်နိုင်ငံ တနိုင်ငံက ပြဿနာကို ဖြေရှင်းဖို့ တိုက်တွန်းမှုတွေလည်း ထွက်ပေါ်နေတာပါ။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံ မထားပေမယ့် နေရပ်စွန့်ခွာ သွားသူတွေကို ပြန်လည်လက်ခံဖို့ ကတိပြုထားပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ ရခိုင် လက်နက်ကိုင် တပ်ဖွဲ့ AA က ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာပဲ ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ရာက တကျော့ပြန် တိုက်ပွဲတွေ ကြီးထွားလာနေတဲ့အတွက် ပြည်တွင်းပြည်ပက စိုးရိမ်မကင်းသံတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG