သုံးရလွယ်ကူစေသည့် Link များ

လှေစီးပြေးပြဿ နာ အဖြေရှာဖို့ ကုလအကြီးအကဲတွေ ASEAN ကို တိုက်တွန်း


လှေစီးပြေးဒုက္ခသည်များ။.

အရှေ့တောင်အာရှက နိုင်ငံပြောင်းရွှေ့ဒုက္ခသည်များအရေးကို ပြီးပြည့်စုံတဲ့ လူထုအခြေပြု ချဉ်းကပ်မှုနဲ့ အဖြေရှာကြဖို့ ကုလသမဂ္ဂ အရာရှိကြီးတွေက တောင်းဆို လိုက်ပါတယ်။ ဒီအပတ်နှောင်းပိုင်း အာဆီယံ ဝန်ကြီးအဆင့် ဆွေးနွေးပွဲ မတိုင်ခင် ကုလသမဂ္ဂ အေဂျင်စီ အကြီးအကဲတွေက အခုလိုတောင်းဆိုလိုက်တာပါ။ ဒုက္ခသည်များ မဟာမင်းကြီး၊ လူ့အခွင့်အရေး မဟာမင်းကြီး၊ နိုင်ငံကူးပြောင်းမှုနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်၊ မူးယစ်နဲ့ပြစ်မှုဆိုင်ရာ ကုလရုံးအကြီးအကဲ စတဲ့ ပုဂ္ဂိုလ်တွေက ပြောင်းရွှေ့မှုအတွက် လုံခြုံ တရားဝင်တဲ့ နည်းလမ်းတွေ ရှာဖွေဖို့နဲ့ လူမှောင်ခိုတွေကို အရေးယူနိုင်မယ့် ဥပဒတွေ ပြဋ္ဌာန်းဖို့အတွက်ပါ အာဆီယံအစိုးရတွေကို တိုက်တွန်းထားပါတယ်။

ပုံမှန်မဟုတ်တဲ့ နိုင်ငံကူးပြောင်းရမှုတွေအတွက် အခြေခံအကြောင်းရင်းတွေကို ရှာဖွေဖြေရှင်းကြပြီး ရွှေ့ပြောင်းသူတွေ ဒုက္ခသည်တွေရဲ့ အခွင့်အရေးတွေကို မူရင်းနိုင်ငံတွေမှာ ရော လမ်းခရီးနဲ့ ဆိုက်ရောက်နိုင်ငံတွေကပါ အကာအကွယ်ပေးကြဖို့လည်း ဆော်သြထားပါတယ်။

တချိန်တည်းမှာပဲ လူမှောင်ခိုတွေကို ထိထိရောက်ရောက် အရေးယူဖို့ ခိုကိုးရာမဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို ကာကွယ်ဖို့ မြန်မာနိုင်ငံက ရိုဟင်ဂျာဆိုသူတွေ ကို နှိပ်ကွပ်ခံရမှု အပါအဝင် လူအုပ်စု ပြောင်းရွှေ့မှု ပြသနာတွေ ရဲ့ အခြေခံ အကြောင်းရင်းတွေကို ဖြေရှင်းဖို့ ပြတ်ပြတ် သားသား လုပ်ဆောင်ကြပါလို့ ကွာလာလမ်ပူမှာ စည်းဝေးမယ့် အာဆီယံ ဝန်ကြီးများကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ အမတ်တွေက တောင်းဆိုထားပါတယ်။

AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း အာဆီယံဟာ ဒုက္ခသည်တွေနဲ့ ပြောင်းရွှေ့ အခြေချသူတွေအရေး ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ ပျက်ကွက်နေဆဲဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG