သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးအသင်း ထိုင်းကို အရေးနိမ့်ပြီး ဖိုင်နယ်နဲ့လွဲချော်


အကြိတ်အနယ်ယှဉ်ပြိုင်နေသည့် မြန်မာနှင့် ထိုင်းအမျိုးသမီးအသင်း။ (ဓာတ်ပုံ - MFF)
အကြိတ်အနယ်ယှဉ်ပြိုင်နေသည့် မြန်မာနှင့် ထိုင်းအမျိုးသမီးအသင်း။ (ဓာတ်ပုံ - MFF)

ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ အမျိုးသမီးဘောလုံးပွဲမှာတော့ ထိုင်းအမျိုးသမီးအသင်းက မြန်မာအမျိုးသမီးအသင်းကို အနိုင်ရပြီး ဖိုင်နယ်တက်သွားခဲ့ပါတယ်။

ထိုင်းနဲ့ မြန်မာအမျိုးသမီးအသင်းတို့ ဒီကနေ့ညနေ ၅ နာရီခွဲက ထိုင်းနိုင်ငံ ချွန်ဘူရီမြို့မှာ ကစားကြတာမှာ ထိုင်းအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ နိုင်သွားခဲ့တာကြောင့် ထိုင်းအသင်း ဖိုင်နယ်တက်ပြီး မြန်မာအသင်းက ဗိုလ်လုပွဲနဲ့ လွဲချော်သွားခဲ့ပါတယ်။

ထိုင်းအသင်းက ပထမပိုင်း ၁၉ မိနစ်မှာ ၁ ဂိုး သွင်းခဲ့ပြီး ဒုတိယနဲ့ တတိယဂိုးတွေကိုတော့ ဒုတိယပိုင်း ၈၁ မိနစ်နဲ့ ၈၇ မိနစ်တွေမှာ သွင်းယူခဲ့တာပါ။ မြန်မာအသင်းဘက်က ခင်မာလာထွန်းက ဒဏ်ရာရအချိန်ပို ၉၂ မိနစ်မှာ ၁ ဂိုး ပြန်သွင်းခဲ့လို့ နောက်ဆုံးမှာ ထိုင်းက ၃ ဂိုး ၁ ဂိုးနဲ့ နိုင်သွားခဲ့တာပါ။

တချိန်တည်းမှာပဲ တဖက်က ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ ဗီယက်နမ်က ဖိလစ်ပိုင်ကို နိုင်သွားတာကြောင့် ထိုင်းနဲ့ ဗီယက်နမ်တို့ ဗိုလ်လုကြမှာဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းကတော့ ဖိလစ်ပိုင်နဲ့ သြဂုတ်လ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် နေလယ် ၂ နာရီခွဲမှာ တတိယနေရာလုရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG