သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမပါတဲ့ အာဆီယံ EU ထိပ်သီးစည်းဝေးပွဲ 


Belgium EU ASEAN Summit
Belgium EU ASEAN Summit

[[Zawgyi/Unicode]]

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနဲ့ EU ဥရောပသမဂ္ဂတို့ရဲ့ ပထမဆုံး ထိပ်သီးအစည်းအဝေးကို ဘယ်လဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ စတင်ကျင်းပနေပါတယ်။ ဒေသနှစ်ခုအကြား ပိုမိုနက်ရှိုင်းတဲ့စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ပိုမိုခိုင်မာတဲ့ဆက်ဆံရေးတွေအတွက် ဆွေးနွေးကြတဲ့အပြင် ရုရှားနိုင်ငံနဲ့ပတ်သက်လို့လည်း ဆွေးနွေးနေကြပါတယ်။ ယူကရိန်းကို ရုရှားစစ်ဝင်တိုက်နေတဲ့အပေါ် အားလုံးတညီတညွတ်တည်း ဝေဖန်ကြဖို့ EU ဘက်က ခိုင်ခိုင်မာမာပြောဆိုနေပါတယ်။

EU အာဆီယံ ပထမဆုံးထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာစစ်ကောင်စီခေါင်းဆောင်တွေကို ဖိတ်ကြားခြင်းမရှိတဲ့အတွက် အာဆီယံ ၉ နိုင်ငံနဲ့ EU ၂၇ နိုင်ငံက ခေါင်းဆောင်တွေ ဆွေးနွေးနေကြပါတယ်။ ကုန်သွယ်ရေး၊ သဘာဝပတ်ဝန်းကျင်အရေး၊ ဒယ်ဂျစ်တယ် အသွင် ကူးပြောင်းရေးနဲ့ ကျန်းမာရေးကိစ္စတွေအပါအဝင် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးအတွက် ခေါင်းဆောင်တွေဆွေးနွေးကြပါတယ်။

အာရှနဲ့ ဥရောပ ဒေသနှစ်ခုအကြား လေကြောင်းလိုင်းတွေ တိုးချဲ့ ပျံသန်းနိုင်ရေး သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။ အီးယူအနေနဲ့ အာဆီယံဒေသတွင်း ပြန် ပြည့်မြဲစွမ်းအင်နဲ့ စဉ်ဆက်မပြတ်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေအပါအဝင် ကဏ္ဍတချို့မှာရင်းနှီးမြှုပ်နှံမှုတွေကို ၂၀၂၇ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၁၀.၆ ဘီလျံဖိုးအထိ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen ကပြောခဲ့ပါတယ်။

မြန်မာမပါတဲ့ အာဆီယံ EU ထိပ်သီးစည်းဝေးပွဲ.mp3
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

=================

[[Unicode]]





XS
SM
MD
LG