သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်စည်းဝေးပွဲ ကျင်းပမည်


အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ (ယခင်မှတ်တမ်းဓာတ်ပုံ)
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေနဲ့ အာဆီယံအရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ ASEAN ချမှတ်တဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်နိုင်မှုအပေါ် သုံးသပ်ဖို့ လာမယ့် အောက်တိုဘာလ ၂၇ ရက်နေ့ ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးတွေ ကမ္ဘောဒီးယားနိုင်ငံမှာ အထူးအစည်းအဝေးတရပ်ကျင်းပဖို့ ပြင်ဆင်နေတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးပါတယ်။

နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးဟာ နိုဝင်ဘာလကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ကျင်းပတာဖြစ်ပြီး အာဆီယံ ပဋိညာဉ်စာတမ်း အပိုဒ် ၇ အရ အဖွဲ့ဝင်နိုင်ငံတခုအပေါ် အရေးယူမယူ၊ ထိပ်သီးဆွေးနွေးပွဲက ဆုံးဖြတ်နိုင်အောင် ကြိုတင်သုံးသပ်တဲ့ အစည်းအဝေးဖြစ်တယ်လို့ ဆောင်းပါးရှင် Kavi Chongkittavorn က ရေးသားထားပါတယ်။

အာဆီယံအဖွဲ့ စတင်တည်ထောင်ခဲ့ချိန်နောက်ပိုင်း အဖွဲ့ဝင်နိုင်ငံတခုအပေါ် ပဋိညာဉ်စာတမ်းပါ ပြဌာန်းချက်အတိုင်း အရေးယူနိုင်ရေး ပြန်လည်သုံးသပ်တဲ့ ပထမဆုံးအကြိမ် အစည်းအဝေးဖြစ်ပါတယ်။

ဒီနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာရော၊ နိုဝင်ဘာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ် အစည်းအဝေးတွေမှာရော မြန်မာစစ်ကောင်စီ အကြီးအကဲနဲ့ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်မှာမဟုတ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံက ပြောထားပါတယ်။ မြန်မာနိုင်ငံဘက်ကနိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ ဖိတ်ကြားဖို့ အာဆီယံကဆုံးဖြတ်ထားပြီး မြန်မာနိုင်ငံဘက်ကတော့ အဖွဲ့ဝင်နိုင်ငံတခုရဲ့ အခွင့်အရေးကိုချိုးဖေါက်တဲ့ ခွဲခြားဆက်ဆံမှုအဖြစ် ကန့်ကွက်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ကမ္ဘောဒီးယားနိုင်ငံဘက်က မြန်မာစစ်ကောင်စီကို အတတ်နိုင်ဆုံး နားချတိုက်တွန်းနေသလို နောင် အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံအနေနဲ့လည်း မြန်မာ့အရေး ရပ်တည်ချက် နိုင်ငံတကာအသိုင်းအဝိုင်းကို မျက်နှာပျက်ခံပြီး ပြောင်းလဲမှာမဟုတ်တဲ့အကြောင်း ဆောင်းပါးရှင်က သုံးသပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]






XS
SM
MD
LG