သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ASEM အစည်းအဝေးပွဲမှာ ဆွေးနွေးဖွယ်ရှိ

မြန်မာ့အရေး ASEM အစည်းအဝေးပွဲမှာ ဆွေးနွေးဖွယ်ရှိ
မြန်မာ့အရေး ASEM အစည်းအဝေးပွဲမှာ ဆွေးနွေးဖွယ်ရှိ

အာရှနဲ့ ဥရောပနိုင်ငံများ စည်းဝေးပွဲ ASEM ကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်စ်မြို့တော်မှာ ဒီကနေ့ တနင်္လာနေ့ စတင်ကျင်းပတော့မှာ ဖြစ်ပြီး မြန်မာနိုင်ငံ အရေးကိုလည်း ထည့်သွင်း ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

၂ ရက်ကြာ ကျင်းပမယ့် ASEM စည်းဝေးပွဲမှာ ကမ္ဘာ့စီးပွားရေးပိုင်း အုပ်ချုပ်မှု၊ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုတို့အပြင် လူ့အခွင့်အရေး၊ အာရှနဲ့ ဥရောပ ဆက်ဆံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ပင်လယ်ဓားပြရန် ကာကွယ်ရေးနဲ့ အကြမ်းဖက်မှု တိုက်ခိုက်မှု အန္တရာယ်တွေကို အဓိကထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဗြိတိန်အစိုးရ ခေါင်းဆောင်တွေက မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး တခြား ဥရောပ ခေါင်းဆောင်တွေ၊ အာရှခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ရှိတယ်လို့ ဗြိတိန်ထုတ် Guardian သတင်းစာကြီးထဲမှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲ စံနှုန်းတွေ တိုးတက်လာစေဖို့ မြန်မာကိုယ်စားလှယ်တွေ ဖိအားပေးခံရနိုင်တယ်လို့ ဥရောပကလာတဲ့ သတင်းတွေမှာလည်း ဖော်ပြပါတယ်။

အောက်တိုဘာလ ၃ ရက်နဲ့ ၄ ရက် ကျင်းပမယ့် ASEM စည်းဝေးပွဲကို ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံနဲ့ အာရှနိုင်ငံ ၁၆ နိုင်ငံက နိုင်ငံ့ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG