ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔က ၿဗိတိန္ႏိုင္ငံမွာ ဆုံးပါးသြားတဲ့ ထိုင္း ေတာဝက္ လူငယ္ေဘာလုံးအသင္းေခါင္းေဆာင္ Duangphet “Dom” Phromthep ရဲ႕ အ႐ိုးျပာကို ထိုင္းႏိုင္ငံကို ျပန္သယ္လာတာမွာ ဒီကေန႔ ခ်င္း႐ိုင္ၿမိဳ႕က သူ႔ေမြးရပ္ေျမ႐ွိရာကို ေရာက္လာခဲ့ပါတယ္။
အသက္ ၁၇ ႏွစ္သာ ႐ွိေသးတဲ့ Dom ဟာ ၂၀၁၈ ခုႏွစ္က ကမၻာတဝန္း အထူးတလည္ အာ႐ုံစိုက္မႈရခဲ့တဲ့ ထိုင္းႏိုင္ငံေျမာက္ပိုင္းက ေရႀကီးေနတဲ့ ေက်ာက္ဂူထဲမွာ သီတင္း ႏွစ္ပတ္ေက်ာ္ ပိတ္မိၿပီး ကယ္ထုတ္ခဲ့ရတဲ့ ထိုင္းလူငယ္ ေဘာလုံးသမား ၁၂ ဦးထဲက တဦးပါ။ ႏိုင္ငံတကာက ကြၽမ္းက်င္ပညာ႐ွင္ေတြ ပါဝင္ၿပီး သက္စြန္႔ဆံဖ်ား ကယ္ထုတ္ႏိုင္ခဲ့လို႔ သူတို႔အားလုံး အသက္႐ွင္ လြတ္ေျမာက္လာခဲ့ၿပီးတဲ့ေနာက္ Dom ဟာ ယူေကႏိုင္ငံ Leicestershire ၿမိဳ႕က Brooke House ေဘာလုံး အကယ္ဒမီေက်ာင္းမွာ ပညာသင္ၾကားေနတာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလထဲမွာေတာ့ Dom ကို သူ႕အခန္းထဲမွာ သတိေမ့ေမ်ာလ်က္ ေတြ႔ခဲ့ရၿပီး ေနာက္ထပ္ ၂ ရက္အၾကာ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔မွာ ေသဆုံးသြားခဲ့တာပါ။ ေသဆုံးရတဲ့ အေၾကာင္းရင္းကိုေတာ့ အခုခ်ိန္ထိ လူသိ႐ွင္ၾကား ထုတ္ျပန္တာ မ႐ွိေသးပါဘူး။ သူ႔ရဲ႕ ႐ုပ္အေလာင္းကို ဒီသီတင္းပတ္ အေစာပိုင္းက ယူေကႏိုင္ငံမွာ မီးသၿဂိဳလ္ၿပီး၊ ဗုဒၶဘာသာ ထုံးတမ္းစဥ္လာနဲ႔အညီ အသုဘအခမ္းအနား က်င္းပခဲ့ၿပီးတဲ့ေနာက္ အခု အ႐ိုးျပာကို ျပန္သယ္လာခဲ့တာ ျဖစ္ပါတယ္။
သူ႔အတြက္ ေနာက္ဆုံး ဆြမ္းသြပ္တရာနာပြဲကို လာမယ့္ရက္ပိုင္းအတြင္း ခ်င္း႐ိုင္ၿမိဳ႕မွာ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။
==== Unicode =====
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဗြိတိန်နိုင်ငံမှာ ဆုံးပါးသွားတဲ့ ထိုင်း တောဝက် လူငယ်ဘောလုံးအသင်းခေါင်းဆောင် Duangphet “Dom” Phromthep ရဲ့ အရိုးပြာကို ထိုင်းနိုင်ငံကို ပြန်သယ်လာတာမှာ ဒီကနေ့ ချင်းရိုင်မြို့က သူ့မွေးရပ်မြေရှိရာကို ရောက်လာခဲ့ပါတယ်။
အသက် ၁၇ နှစ်သာ ရှိသေးတဲ့ Dom ဟာ ၂၀၁၈ ခုနှစ်က ကမ္ဘာတဝန်း အထူးတလည် အာရုံစိုက်မှုရခဲ့တဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းက ရေကြီးနေတဲ့ ကျောက်ဂူထဲမှာ သီတင်း နှစ်ပတ်ကျော် ပိတ်မိပြီး ကယ်ထုတ်ခဲ့ရတဲ့ ထိုင်းလူငယ် ဘောလုံးသမား ၁၂ ဦးထဲက တဦးပါ။ နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေ ပါဝင်ပြီး သက်စွန့်ဆံဖျား ကယ်ထုတ်နိုင်ခဲ့လို့ သူတို့အားလုံး အသက်ရှင် လွတ်မြောက်လာခဲ့ပြီးတဲ့နောက် Dom ဟာ ယူကေနိုင်ငံ Leicestershire မြို့က Brooke House ဘောလုံး အကယ်ဒမီကျောင်းမှာ ပညာသင်ကြားနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာတော့ Dom ကို သူ့အခန်းထဲမှာ သတိမေ့မျောလျက် တွေ့ခဲ့ရပြီး နောက်ထပ် ၂ ရက်အကြာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ သေဆုံးသွားခဲ့တာပါ။ သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ အခုချိန်ထိ လူသိရှင်ကြား ထုတ်ပြန်တာ မရှိသေးပါဘူး။ သူ့ရဲ့ ရုပ်အလောင်းကို ဒီသီတင်းပတ် အစောပိုင်းက ယူကေနိုင်ငံမှာ မီးသဂြိုလ်ပြီး၊ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာနဲ့အညီ အသုဘအခမ်းအနား ကျင်းပခဲ့ပြီးတဲ့နောက် အခု အရိုးပြာကို ပြန်သယ်လာခဲ့တာ ဖြစ်ပါတယ်။
သူ့အတွက် နောက်ဆုံး ဆွမ်းသွပ်တရာနာပွဲကို လာမယ့်ရက်ပိုင်းအတွင်း ချင်းရိုင်မြို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။