သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှစစ်မဟာမိတ်ဖွဲ့စည်းမှု တရုတ်သမ္မတ သတိပေး


Suriye.
Suriye.
အာရှနိုင်ငံတွေကြား စစ်ရေးအရ မဟာမိတ်ဖွဲ့တဲ့ အစီအစဉ်တွေ တိုးမြှင့်လုပ်ဆောင်လာနေတဲ့အပေါ် တရုတ်သမ္မတ Xi Jinping က သတိပေးလိုက်ပါတယ်။

အမေရိကန်နဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လာနေတာကို ရည်ညွှန်းလိုပုံရတဲ့ သဘောထားကိုတော့ ရှန်ဟိုင်းမြို့မှာ ကျင်းပနေတဲ့ အာရှတလွှား ယုံကြည်မှုတည်ဆောက်ရေး ညီလာခံမှာ တရုတ်ခေါင်းဆောင်က ပြောကြားခဲ့တာပါ။

တိုင်းပြည်တွေရဲ့ လွတ်လပ်မှု၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုတွေကို လေးစားဖို့နဲ့ ပြည်တွင်းရေးတွေမှာ မစွက်ဖက်ကြဖို့ဆိုတဲ့ နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူတွေအတိုင်း ရပ်တည်ကြဖို့၊ မတူညီတဲ့ တိုင်းပြည်တွေမှာ နိုင်ငံရေးစနစ်နဲ့ ဖွံ့ဖြိုးမှုအတွက် ကိုယ့်ဆန္ဒအရ ရွေးချယ်တာတွေ၊ လုံခြုံရေးအတွက် ကျိုးကြောင်းဆီလျော်တဲ့ စိုးရိမ်မကင်းမှုတွေကို လေးစားဖို့၊ ဒါပေမဲ့လည်း မဆိုင်တဲ့ နိုင်ငံတခုနဲ့ စစ်ရေးအရ မဟာမိတ် ဆက်ဆံရေးတွေ တိုးမြှင့်တာဟာ ဒေသတွင်း လုံခြုံရေးအတွက် အကျိုးမရှိနိုင်ဘူးလို့ တရုတ်သမ္မတက ပြောဆိုသွားပါတယ်။

နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားရာမှာ တရုတ်နိုင်ငံက အင်အားသုံး ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတဲ့ ခံစားချက်တွေ ရှိနေကြတဲ့ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်း တိုင်းပြည်တွေကတော့ အမေရိကန်နဲ့ စစ်ရေးအရ မဟာမိတ် ဆက်ဆံရေးတွေကို တိုးမြှင့်လာကြတာ ဖြစ်ပါတယ်။

ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံတွေနဲ့ တောင်တရုတ် ပင်လယ်ပြင်တွင်း ပိုင်ဆိုင်မှုအတွက် အငြင်းပွားမှုတွေ၊ အရှေ့တရုတ်ပင်လယ်ပြင်မှာ ဂျပန်နိုင်ငံနဲ့ အချေအတင် ဖြစ်နေတဲ့ ကိစ္စတွေဟာလည်း မကြာသေးခင် လပိုင်းတွေအတွင်းမှာ ကြီးထွားလာခဲ့တာပါ။
XS
SM
MD
LG