သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှငွေလိမ်ဂိုဏ်း တရုတ်နှင့် ထိုင်ဝမ် ဖြိုခွင်း


အာရှငွေလိမ်ဂိုဏ်း တရုတ်နှင့် ထိုင်ဝမ် ဖြိုခွင်း
အာရှငွေလိမ်ဂိုဏ်း တရုတ်နှင့် ထိုင်ဝမ် ဖြိုခွင်း

အာရှတိုက်အတွင်း ကျင်လည် ကြက်စားနေတဲ့ လူလိမ်ဂိုဏ်း အဖွဲ့ဝင် ၆၀၀ လောက်ကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်ဝမ်ရဲက သောကြာနေ့မှာ ပြောပါတယ်။

ကြာသပတေးနေ့မှာ ဝင်ရောက်စီးနင်းမှုတွေ ပြုလုပ်ပြီး ဖမ်းဆီးလိုက်တဲ့ အဲဒီလူတွေထဲ ထိုင်ဝမ်ကျွန်းသား ၄၀၀ လောက်နဲ့ တရုတ်ပြည်မကြီးက ၁၈၀ လောက် ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီ ဖမ်းဆီးမှုတွေကို ကမ္ဘောဒီးယား၊ တရုတ်ပြည်မကြီး၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ထိုင်းနိုင်ငံတို့မှာ ပြုလုပ်ခဲ့တာပါ။

ကမ္ဘောဒီးယားနိုင်ငံမှာ ဖမ်းမိခဲ့တဲ့ ၁၈၇ ယောက်ထဲ ဗီယမ်နမ်လူမျိုး တယောက်သာပါပြီး ကျန်သူအားလုံးဟာ တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ လူလိမ်ဂိုဏ်းဟာ လူတွေကို အင်တာနက်တွေကနေ ဖုန်းခေါ်ပြီး အင်တာနက်ပေါ်ကတဆင့် ငွေပေးဖို့ လှည့်ဖျား ပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဥပမာအားဖြင့် တချို့လူတွေကို မော်တော်ယာဉ်စည်းကမ်း ချိုးဖောက်မှု ကျူးလွန်ထားတဲ့အတွက် ငွေ ချက်ချင်းပေးဆောင်ဖို့ တောင်းဆိုတာမျိုး ဖြစ်ပါတယ်။

အခုဖမ်းမိသူတွေကို ရုံးတင်စစ်ဆေးမယ်၊ မစစ်ဆေးဘူးဆိုတာ မသေချာသေးပါဘူး။ ဒါပေမဲ့ ကမ္ဘောဒီးယား နိုင်ငံကတော့ ဖမ်းမိထားတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာ တိုင်းပြည်တွေ ပြန်ပို့မယ်လို့ ပြောပါတယ်။

ဒီလူတွေ ဖမ်းမိဖို့အတွက် တရုတ်ပြည်မကြီးက လူထုလုံခြုံရေးဌာနနဲ့ ထိုင်ဝမ်ရဲဌာနတို့ ပူးတွဲ ပြုလုပ်ခဲ့တာလို့ ထိုင်ဝမ်ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

XS
SM
MD
LG