သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှ ရေလွှမ်းမိုးမှု လူရာနဲ့ချီ သေဆုံး


အရှေ့တောင်အာရှ ရေလွှမ်းမိုးမှု လူရာနဲ့ချီ သေဆုံး

အားကောင်းတဲ့ တိုင်ဖုန်းမုန်တိုင်းတွေ တိုက်ခတ်ခံရပြီး စံချိန်တင် မိုးရွာသွန်းတာကြောင့် ဘေးဒဏ်သင့်နေတဲ့ အရှေ့တောင် အာရှနိုင်ငံတွေမှာ လူသန်းပေါင်းများစွာ ဒုက္ခရောက်နေပြီး သေဆုံးသူအရေအတွက်လည်း တိုးလာနေပါတယ်။

ဖိလစ်ပိုင်၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ လူ ရာပေါင်းများစွာ သေဆုံးခဲ့ပြီးပါပြီ။

ကမ္ဘောဒီးယားနိုင်ငံမှာ ၁၁ နှစ်အတွင်း အဆိုးရွားဆုံး ရေကြီးမှုကြောင့် စက်တင်ဘာလကတည်းဆိုရင်လူ ၂၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်ပြီး ထောင်ပေါင်းများစွာကို ရွှေ့ပြောင်း ကယ်ထုတ်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အစိုးရရဲ့ လက်ရှိဦးစားပေးအလုပ်က အဆိုးရွားဆုံး ရေဘေးဒဏ်သင့်ရတဲ့ လူထု ပြန်လည်ထူထောင်ရေး ကူညီ လုပ်ဆောင်ပေးဖို့ ဖြစ်တယ်လို့ ဘေးအန္တရာယ် ကူညီ ကယ်ဆယ်ရေးဆိုင်ရာ ကမ္ဘောဒီးယားတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာတော့ ခရိုင်ဆယ်ခုက ဒေသခံတွေကို ရွှေ့ပြောင်း ကယ်ထုတ်ဖို့ ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က ဒီကနေ့ တနင်္လာနေ့မှာ အစိုးရဌာနတွေကို ညွှန်ကြားထားပါတယ်။

မုတ်သုန်မိုးရွာတာ၊ ရေကြီးတာ၊ မြေပြိုတာတွေကြောင့် ဇူလိုင်လကတည်းကဆိုရင် ထိုင်းနိုင်ငံမှာ လူ ၂၅၀ ကျော် သေဆုံးခဲ့ရပြီးပါပြီ။

XS
SM
MD
LG