သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်တဲ့ ကုန်သွယ်ရေး ဇုံဖွင့်ရေး အာရှ သုံးနိုင်ငံဆွေးနွေး


တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား ဝန်ကြီးများ ။
တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား ဝန်ကြီးများ ။

တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား ၃ နိုင်ငံကြား လွတ်လပ်စွာ ကုန်သွယ်ရေး၊ ပစိဖိတ်ရပ်ဝန်းနိုင်ငံတွေကြား ကုန်သွယ်ရေး သဘောတူညီချက် TPP လိုမျိုး၊ ဒေသတွင်းမှာ ဖန်တီးနိုင်ရေး ရည်ရွယ်ပြီး ၃ နှစ်ခွဲလောက်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ကုန်သွယ်ရေးဝန်ကြီးတွေ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ဒီကနေ့ တွေ့ဆုံကြပါတယ်။

၃ နိုင်ငံ ခေါင်းဆောင်တွေရဲ့ တနင်္ဂနွေနေ့ ထိပ်သီးအစည်းအဝေးပွဲ မတိုင်မီမှာပဲ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ကျင်းပခဲ့ကြတာပါ။ ၃ နိုင်ငံပေါင်းရင် ကမ္ဘာ့စီးပွားရေးရဲ့ ၂၀ ရာခိုင်နှုန်းအထိ ရှိပေမဲ့လည်း ၂၀၁၂ ခုနှစ်ကတည်းက အပြန်အလှန် တင်းမာမှုတွေ ရှိခဲ့တဲ့အတွက် ဒေသတွင်း စီးပွားရေးနဲ့ ကုန်သွယ်မှုတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ထိခိုက်ခဲ့ရပါတယ်။

၃ နိုင်ငံ ကုန်သွယ်ရေး ဆွေးနွေးပွဲမှာ ကိုယ်စားလှယ်အဖြစ် တက်ရောက်လာတဲ့ တရုတ်နိုင်ငံတကာ ကုန်သွယ်ရေး ကိုယ်စားလှယ် Zhong Shan ကတော့ မကြာသေးခင်က တရုတ်နိုင်ငံမှာ စီးပွားရေး ကျဆင်းမှုတွေနဲ့၊ ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွေးနေချိန်မှာ အာရှတိုက်က စီးပွားရေး အင်အားကြီး နိုင်ငံတွေ အနေနဲ့ ဒေသတွင်း ကုန်သွယ်မှုတွေနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေ အားကောင်းလာအောင် လုပ်ဖို့လိုတဲ့အကြောင်း ပြောကြားသွားပါတယ်။

၃ နိုင်ငံကြား လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်နယ်မြေ ထူထောင်ဖို့ သဘောတူခဲ့ကြသလို၊ အာရှတိုက်နိုင်ငံတွေကြား လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက် RCEP ဖန်တီးနိုင်မယ့် မဟာဗျုဟာတွေကိုလည်း ၃ နိုင်ငံ ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံပေါင်း ၁၆ နိုင်ငံ ပါဝင်မယ့် သဘောတူညီချက်ကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပေမဲ့ နှောင့်နှေးကြန့်ကြာမှုတွေနဲ့ ကြုံနေရတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG