သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ HIV/AIDS တိုက်ဖျက်ရေး တိုးတက်မှုရရှိ


HIV AIDS တိုက်ဖျက်ရေး အမှတ်တံဆိပ်
HIV AIDS တိုက်ဖျက်ရေး အမှတ်တံဆိပ်
အမေရိကန် ပြည်ထောင်စု ဝါရှင်တန်တက္ကသိုလ်က Institute for Health Metrics and Evaluation (IHME) ခေါ်တဲ့ ဌာနကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာအရဆိုရင် မြန်မာနိုင်ငံတွင်း HIV/AIDS ရောဂါကြောင့် သေဆုံးမှု ကျဆင်းလာတယ်ဆိုပေမဲ့၊ HIV/AIDS ဖြစ်ပွားနှုန်းဟာ များလျက်ရှိပြီး အဲ့ဒီအထဲက ၅ ရာခိုင်နှုန်းဝန်းကျင် အသေအပျောက် ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

HIV/AIDS တိုက်ဖျက်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ ဒေသတွင်းကဆိုရင် ကမ္ဘောဒီယားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကို ချီးကျုးဖော်ပြထားပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာဆိုရင် ၂၀၀၃ ခုနှစ် အဆိုးဆုံးဖြစ်တဲ့ အချိန်ကနေဆိုရင် အခု ၈၆ ရာခိုင်နှုန်းအထိ လျော့ကျအောင်
ဆောင်ရွက်လာနိုင်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံဟာလည်း HIV နဲ့ပတ်သက်လို့ အကောင်းဆုံး တုံ့ပြန်ကိုင်တွယ်နေတဲ့ နိုင်ငံတခု ဖြစ်တယ်ဆိုပြီး စံနမူနာ ယူစရာနိုင်ငံအဖြစ် ဖော်ပြပါတယ်။ အရှေ့တောင်အာရှနိုင်ငံ အတော်များများမှာတော့ မြန်မာနိုင်ငံလိုပဲ HIV/AIDS ကြောင့် အသေအပျောက်နှုန်း ကျဆင်းလာပါတယ်။

ဒါပေမဲ့လည်း အဲဒီနိုင်ငံတွေမှာ HIV/AIDS ရောဂါဟာ ပြဿနာတရပ်အဖြစ် ရှိနေဆဲပါပဲလို့တော့ ထောက်ပြထားပါတယ်။ ဒါပေမဲ့လို့ နိုင်ငံပေါင်း ၁၈၇ နိုင်ငံကို စစ်တမ်းပြု ကောက်ခံထားတဲ့ ဒီအစီရင်ခံစာအရဆိုရင်တော့၊ အဲဒီအထဲ
နိုင်ငံတဝက်ကျော်မှာ HIV ကြောင့် အသေအပျောက်နှုန်းတွေ မြင့်တက် လာတာ တွေ့ရတယ်ဆိုပြီး ဖော်ပြပါတယ်။
XS
SM
MD
LG