သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ ရိက္ခာဖူလုံရေး ဒေါ်လာ သန်းထောင်ချီ လိုအပ်


အာရှ ရိက္ခာဖူလုံရေး ဒေါ်လာ သန်းထောင်ချီ လိုအပ်
အာရှ ရိက္ခာဖူလုံရေး ဒေါ်လာ သန်းထောင်ချီ လိုအပ်

အာရှ ပစိဖိတ်ဒေသထဲမှာ အစားအသောက် လိုအပ်ချက်တွေ ပြည့်မီနေဖို့အတွက် လယ်ယာစိုက်ပျိုးရေးပိုင်းမှာ တနှစ်ကို နောက်ထပ် ဒေါ်လာ ၄၀ ဘီလီယံလောက် အကုန်အကျခံပြီး ရင်းနှီးမြှုပ်နှံရမယ်လို့ ကုလသမဂ္ဂရဲ့ စားရေရိက္ခာ ထိပ်တန်း တာဝန်ရှိသူ တယောက်က ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးပိုင်းကို အာရုံစိုက်မှု နည်းပါးခဲ့တဲ့အတွက် စားရေး သောက်ရေး ဆင်းရဲသူတွေ ပိုများပြီး အစားအသောက်ဈေးတွေ တက်နေရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အစားအသောက်နဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ ဒေသဆိုင်ရာ ဒုတိယ အကြီးအကဲ ဟီရိုယူကီ ကိုနူးမား (Hiroyuki Konuma) က ပြောပါတယ်။

လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အခြေခံ အဆောက်အဦးပိုင်းမှာ ပိုပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြဖို့ အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက သူ့အဆို ရဲရဲဝံ့ဝံ့ လုပ်ကြရမယ်လို့ ပြောပါတယ်။

ဒါ့အပြင် လယ်ယာစိုက်ပျိုးရေးပိုင်းအတွက် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ ပေးမှုတွေကလည်း ၁၉၇၉ ခုနှစ်မှာ ၂၀% ကနေ ၂၀၀၅ ခုနှစ်မှာ ၅% ကျဆင်းသွားတယ်လို့ မစ္စတာ ကိုနူးမားက ပြောပါတယ်။ ၂၀၅၀ ခုနှစ် ရောက်တဲ့အချိန်မှာ အာရှ ပစိဖိတ် ဒေသတွင်းကလူတွေ အစားအသောက် လုံလုံလောက်လောက် စားသောက်နိုင်ကြဖို့ အစိုးရတွေနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေက လယ်ယာကဏ္ဍကို နှစ်စဉ် ဒေါ်လာ ဘီလီယံ ၁၂၀ ရင်းနှီးမြှုပ်နှံရမယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိ ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၈၀ ဘီလီယံလောက်ပဲ ရှိတယ်ဆိုပြီး FAO ရဲ့ ဒေသဆိုင်ရာ ဒုတိယ အကြီးအကဲက ပြောပါတယ်။

XS
SM
MD
LG