သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ၊ ပစိဖိတ်ဒေသမှာ သန်းကြွယ်သူဌေး ၃,၀၀၀,၀၀၀ ကျော်ရှိ

အာရှ၊ ပစိဖိတ်ဒေသရဲ့ သန်းကြွယ်သူဌေးများ အဆင့်ဟာ မနှစ်က ၃,၀၀၀,၀၀၀ အထိ သိသိသာသာ တိုးတက်လာပြီး ပထမဆုံး အနေနဲ့ ဥရောပရဲ့ သူဌေး အရေအတွက်ကို ယှဉ်လာပြီလို့ ဆိုပါတယ်။

Merrill Lynch Global Wealth Management နဲ့ Capgemini အကြံပေးအဖွဲ့ရဲ့ လေ့လာချက်အရ အာရှ၊ ပစိဖိတ်ရဲ့ ကြွယ်ဝသူများ အရေအတွက်ဟာ မနှစ်ကထက် ၂၅% တိုးလာပါတယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အနည်းဆုံး ဒေါ်လာ ၁,၀၀၀,၀၀၀ ရှိပါတယ်။

ဒီလေ့လာချက်အရ အဲဒီ သူကြွယ်များရဲ့ တဝက်ကျော်ဟာ ဂျပန်ကဖြစ်ပြီး တရုတ်နဲ့ သြစတြေးလျနိုင်ငံက ဒုတိယနဲ့ တတိယ လိုက်ပါတယ်။

မနှစ်ကတော့ ဟောင်ကောင်က သူဌေး အရေအတွက်က အမြင့်ဆုံး ၁၀၄% ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ လေ့လာချက်တွေရဲ့ ခန့်မှန်းမှုအရ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေဟာ အာရှ၊ ပစိဖိတ် ဖွံ့ဖြိုးမှုရဲ့ ထိပ်တန်းကို ရောက်လာပြီး ၂၀၁၀-၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေး အောင်မြင်မှု နယ်ပယ်ကိုပါ ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။

စီးပွားရေး လေ့လာသူတဦးကတော့ အာရှ၊ ပစိဖိတ်ဒေသဟာ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကို ကြံ့ကြံ့အခံနိုင်ဆုံး ဒေသဖြစ်ကြောင်း သက်သေပြခဲ့တယ်လို့ ဆိုပါတယ်။

This item is part of
XS
SM
MD
LG