{{Zawgyi/Unicode}}
အိႏၵိယ၊ ေတာင္ကိုရီယားနဲ႔ ထိုင္းႏိုင္ငံေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြါးမႈႏႈန္း ျမင့္တက္လာေနပါတယ္။ ကာကြယ္ေဆးထိုးေပးဖို႔ အစီအစဥ္ေတြ ေႏွာင့္ေႏွးေနတာေၾကာင့္ အာရွမွာ ကပ္ေရာဂါအေျခအေနပိုၿပီးဆိုးလာႏိုင္တဲ့ အေပၚမွာ စိုးရိမ္မႈေတြလည္း ရွိေနတာပါ။
ၾကာသပေတးေန႔က အိႏၵိယမွာ ကူးစက္သူ ၁ သိန္း ၂ ေသာင္းေက်ာ္ရွိၿပီး ဒါဟာ ဒီသီတင္းပတ္ထဲမွာ တရက္ထဲကူးစက္မႈ ၁ သိန္းအထက္ ေရာက္တာ ၃ ရက္ရွိၿပီျဖစ္ပါတယ္။ အာဏာပိုင္ေတြကေတာ့ လူစုလူေဝးလုပ္တာနဲ႔ လူေတြႏွာေခါင္းစည္းမဝတ္ဆင္ၾကတဲ့ အေပၚမွာ အျပစ္တင္ေနၾကပါတယ္။
အခု အိႏၵိယက ကူးစက္မႈေတြမွာ ဗီဇေျပာင္းလာတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြါးမႈပိုၿပီးမ်ားလာတာကို ေတြ႕ရတာပါ။ အခုလို အိႏၵိယမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္း ျပန္ၿပီးျမင့္တက္လာတာေၾကာင့္ နယူးဇီလန္က ေတာ့ ႏိုင္ငံသားေတြအပါအဝင္ အိႏၵိယက လာတဲ့သူအားလုံးကို ဝင္ခြင့္ ၂ ပတ္ ယာယီပိတ္ထားတယ္လို႔ ဝန္ႀကီးခ်ဴပ္ Jacinda Ardern က သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။
ေတာင္ကိုရီးယားမွာလည္း ၾကာသပေတးေန႔က ကို႐ိုနာဗိုင္းရပ္စ္ကူးစက္သူ ၇၀၀ ေလာက္ေတြ႕ခဲ့ၿပီး ဒါဟာ ဇန္နဝါရီေနာက္ပိုင္း ကူးစက္မႈႏႈန္း အမ်ားဆုံးျဖစ္ပါတယ္။ ခရီးသြားလုပ္ငန္းေတြ ျပန္ဖြင့္ဖို႔ ျပင္ဆင္ေနတဲ့ ထိုင္းႏိုင္ငံမွာေတာ့ မေန႔က တရက္ထဲ ေရာဂါကူးစက္သူ ၄၀၅ ေယာက္ေတြ႕ခဲ့တာပါ။
ထိုင္းႏိုင္ငံက ျပည္တြင္း ကူးစက္မႈေတြထဲ ၿဗိတိန္ႏိုင္ငံမွာ စၿပီးေတြ႕ခဲ့တဲ့ ကူးစက္လြယ္ ဗီဇေျပာင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ထားသူ ၂၄ ေယာက္ ကူးစက္ေနတာကိုေတြ႕ခဲ့ပါတယ္။
......................................
{{Unicode}}
အိန္ဒိယ၊ တောင်ကိုရီယားနဲ့ ထိုင်းနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွါးမှုနှုန်း မြင့်တက်လာနေပါတယ်။ ကာကွယ်ဆေးထိုးပေးဖို့ အစီအစဉ်တွေ နှောင့်နှေးနေတာကြောင့် အာရှမှာ ကပ်ရောဂါအခြေအနေပိုပြီးဆိုးလာနိုင်တဲ့ အပေါ်မှာ စိုးရိမ်မှုတွေလည်း ရှိနေတာပါ။
ကြာသပတေးနေ့က အိန္ဒိယမှာ ကူးစက်သူ ၁ သိန်း ၂ သောင်းကျော်ရှိပြီး ဒါဟာ ဒီသီတင်းပတ်ထဲမှာ တရက်ထဲကူးစက်မှု ၁ သိန်းအထက် ရောက်တာ ၃ ရက်ရှိပြီဖြစ်ပါတယ်။ အာဏာပိုင်တွေကတော့ လူစုလူဝေးလုပ်တာနဲ့ လူတွေနှာခေါင်းစည်းမဝတ်ဆင်ကြတဲ့ အပေါ်မှာ အပြစ်တင်နေကြပါတယ်။
အခု အိန္ဒိယက ကူးစက်မှုတွေမှာ ဗီဇပြောင်းလာတဲ့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွါးမှုပိုပြီးများလာတာကို တွေ့ရတာပါ။ အခုလို အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ပြန်ပြီးမြင့်တက်လာတာကြောင့် နယူးဇီလန်က တော့ နိုင်ငံသားတွေအပါအဝင် အိန္ဒိယက လာတဲ့သူအားလုံးကို ဝင်ခွင့် ၂ ပတ် ယာယီပိတ်ထားတယ်လို့ ဝန်ကြီးချူပ် Jacinda Ardern က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တောင်ကိုရီးယားမှာလည်း ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၇၀၀ လောက်တွေ့ခဲ့ပြီး ဒါဟာ ဇန်နဝါရီနောက်ပိုင်း ကူးစက်မှုနှုန်း အများဆုံးဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းတွေ ပြန်ဖွင့်ဖို့ ပြင်ဆင်နေတဲ့ ထိုင်းနိုင်ငံမှာတော့ မနေ့က တရက်ထဲ ရောဂါကူးစက်သူ ၄၀၅ ယောက်တွေ့ခဲ့တာပါ။
ထိုင်းနိုင်ငံက ပြည်တွင်း ကူးစက်မှုတွေထဲ ဗြိတိန်နိုင်ငံမှာ စပြီးတွေ့ခဲ့တဲ့ ကူးစက်လွယ် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားသူ ၂၄ ယောက် ကူးစက်နေတာကိုတွေ့ခဲ့ပါတယ်။