သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှန်ဟိုင်း စတော့ဈေးတက်


တရုတ် စီးပွားရေး ရင်းနှီးမြှုပ်နှံသူတွေက ဒီကနေ့ စတော့ဈေးကွက်ကို စောင့်ကြည့်နေစဉ်
တရုတ် စီးပွားရေး ရင်းနှီးမြှုပ်နှံသူတွေက ဒီကနေ့ စတော့ဈေးကွက်ကို စောင့်ကြည့်နေစဉ်

တရုတ်နိုင်ငံက အစုရှယ်ယာဈေးကွက်မှာ ဒီကနေ့ အတော်လေး မတည်မငြိမ် ရှိခဲ့ပြီးတဲ့နောက် အနည်းငယ် ဈေးတက်ပြီးတော့ ဈေးကွက်ပိတ်သွားပါတယ်။ အစိုးရက ဈေးကွက်ကို ဆက်ပြီး ဝင်ထိန်းပေးထားပါ့မလားဆိုတာ ရင်းနှီးမြှုပ်နှံသူတွေကြား မရေ မရာဖြစ်ခဲ့တာပါ။

မနက်ပိုင်း အရောင်းအဝယ်လုပ်ချိန်မှာ ရှန်ဟိုင်းအစုရှယ်ယာဈေးဟာ ၅% အထိ ကျသွားခဲ့ပြီးနောက်မှာမှ ၁.၆၁% ပြန်တက်ပြီး တနေ့တာ အရောင်းအဝယ် အဆုံးသတ်ခဲ့ပါတယ်။

အင်္ဂါနေ့ကတော့ ရှန်ဟိုင်းအစုရှယ်ယာဈေးဟာ ၆% ကျော် ကျဆင်းခဲ့ပါတယ်။ အဲဒါဟာ ဇူလိုင်လ နှောင်းပိုင်းတုန်းက အကြီးအကျယ် ရောင်းထုတ်တာတွေကြောင့် အစိုးရက ဈေးကွက်ကို ဝင်ထိန်းခဲ့ရချိန် ကတည်းကဆိုရင် တရက်ထဲမှာ အများဆုံး ဈေးကျခဲ့တာပါ။

အာရှဒေသက တခြားနေရာတွေမှာတော့ အစုရှယ်ယာဈေးနှုန်း အတက်အကျ ရောထွေးနေပါတယ်။ ပို့ကုန်ဆိုင်ရာ အခြေအနေ သိပ်မကောင်းလှတဲ့ ကိန်းဂဏန်းတွေကို ဂျပန်အစိုးရက ထုတ်ပြန်လိုက်ပြီးတဲ့နောက် တိုကျိုအစုရှယ်ယာဈေးကွက်မှာ ၁.၆% လောက်အကျနဲ့ ဈေးပိတ်သွားပါ တယ်။ ဟောင်ကောင်နဲ့ ဆိုးလ် အစုရှယ်ယာဈေးကွက်တွေမှာလည်း ဈေးကျပေ မဲ့ ဟောင်ကောင် ဈေးကွက်ကတော့ အတက်နဲ့ပိတ်ပါတယ်။

ဈေးကွက်ကို ဝင်ထိန်းထားတာကို တရုတ်အစိုးရက ရပ်ပစ်လိုက်ဖွယ်ရှိတယ်လို့ ရင်းနှီးမြှုပ်နှံသူအများအပြားက စိုးရိမ်နေကြပြီး ယွမ်ငွေတန်ဖိုးကို နောက်ထပ် လျှော့ ချမယ်ဆိုတဲ့ စိုးရိမ်ချက်တွေလည်း ရှိနေပါတယ်။ တရုတ်ပို့ကုန်တွေကို တိုးမြှင့်ဖို့ ရည်ရွယ်တဲ့ ထင်မထားတဲ့ လုပ်ရပ်တခုအနေနဲ့ တရုတ်အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ယွမ်ငွေတန်ဖိုးကို လျှော့ချခဲ့ပါတယ်။

XS
SM
MD
LG