သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှနိုင်ငံတွေရေငုပ်သဘောၤဝယ်အားကောင်း


ဗီယက်နမ်ရေတပ်သားတွေ ရေငုပ်သဘောၤပုံစံကို ကြည့်ရှုနေစဉ်
ဗီယက်နမ်ရေတပ်သားတွေ ရေငုပ်သဘောၤပုံစံကို ကြည့်ရှုနေစဉ်

တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်မှာ ရေပိုင်နက် အငြင်းပွားမှုတွေ တိုးများလာပြီးနေပြီး၊ တရုတ်ရဲ့ စစ်ရေး ဘဏ္ဍာငွေ သုံးစွဲမှုအတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေတဲ့ အချိန်မှာ အာရှနိုင်ငံတွေရဲ့ အကြီးစား စစ်သုံး ပစ္စည်းတွေ ဝယ်ယူသုံးစွဲမှု တိုးလာနေပါတယ်။ ဒီနှစ်အစာပိုင်းက လန်ဒန်အခြေစိုက် Strategic Defense Intelligence (DSI) အဖွဲ့ရဲ့ အစီရင်ခံစာမှာ ကမ္ဘာ့နိုင်ငံတွေရဲ့ ကာကွယ်ရေး အသုံးစရိတ် တိုးလာတဲ့အထဲမှာ အာရှနိုင်ငံတွေက ဦးဆောင်နေပြီး၊ ရေငုပ်သင်္ဘော ဝယ်ယူဖို့ ဘဏ္ဍာငွေ သုံးစွဲခဲ့တဲ့ နိုင်ငံတွေ စာရင်းမှာအာရှနိုင်ငံတွေက ထိပ်ဆုံးမှာ ရှိနေတယ်လို့ ဆိုပါတယ်။

အာရှနိုင်ငံတွေရဲ့ ရေငုပ်သင်္ဘောဈေးကွက်ဟာ လက်ရှိ ဒေါ်လာ ၇ဘီလျံကျော် တန်ဖိုးရှိနေပြီး၊ ၂၀၂၅ ခုနှစ်အရောက်မှာတော့ ၁၁ ဘီလျံ လောက်အထိ တိုးလာမယ်လို့ DSI အဖွဲ့ရဲ့ လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။ ဒီပမာဏဟာ အမေရိကန် ပြည်ထောင်စုပြီးရင် ဒုတိယ အကြီးဆုံး ရေငုပ်သင်္ဘော ဈေးကွက်ဖြစ်တဲ့ ဥရောပတိုက်ထက်တောင် ကျော်လွန်သွားမယ့် သဘောဖြစ်ပါတယ်။

တောင်တရုတ် ပင်လယ်၊ ပစိဖိတ် နဲ့ အိန္ဒိယ သမုဒ္ဒရာတွေမှာ ရေကြောင်းဆိုင်ရာ ပဋိပက္ခတွေ ဖြစ်ပွားနိုင်တဲ့ စိုးရိမ်မှုတွေ ခြိမ်းခြောက်မှုတွေ မြင့်တက်လာတာနဲ့အမျှ တရုတ်၊ အိန္ဒိယ၊ သြစတြေးလျနဲက တောင်ကိုရီးယားတို့ဟာ အရေးပါတဲ့ ရေငုပ်သင်္ဘော ဝယ်ယူတဲ့ နိုင်ငံတွေ ဖြစ်လာနေတယ်လို့ DSI ရဲ့ သုံးသပ်သူ Sravan Kumar Gorantala က ပြောပါတယ်။

တောင်တရုတ် ပင်လယ် ရေပိုင်နက် အငြင်းပွားမှုမှာ တရုတ်ရဲ့ ရပ်တည်ချက်တွေ ပိုပြင်းထန်လာပြီး၊ တရုတ်ရေတပ်ရဲ့ ရေငုပ်သင်္ဘော တပ်စုကို အဆင့်မြှင့်တင်နေတဲ့ အချက်တွေကြောင့် အိန္ဒိယ၊ ဂျပန်၊ ထိုင်ဝမ်၊ သြစတြေးလျနဲ့ ဗီယက်နမ် နိုင်ငံတွေ ရေငုပ် သင်္ဘော လိုအပ်ချက်တွေ ဖြစ်လာစေတယ်လို့ Sravan Kumar Gorantala က ပြောပါတယ်။

XS
SM
MD
LG