သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပထမဆုံး အာရှခရီးစဉ်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ ဒီသီတင်းပတ်ထဲမှာပဲ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကို အမေရိကန် ထိပ်တန်း သံတမန်တဦး အနေနဲ့ ပထမဆုံး အကြိမ်အဖြစ် သွားရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ကနေ ဒေသတွင်းသာမက ကမ္ဘာကြီး အတွက်ပါ ခြိမ်းခြောက်မှု ရှိနေတဲ့ မြောက်ကိုရီးယား နိုင်ငံရဲ့ နျူကလီယားနဲ့ စစ်ရေးဆိုင်ရာကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းသစ်တွေ ရှာဖွေနိုင်ဖို့ပါ ဝန်ကြီး Tiller က မျှော်လင့်ထားတာပါ။

ဂျပန်နိုင်ငံမှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ဖို့ အစမ်းလေ့ကျင့်တာဖြစ်နိုင်တဲ့ ဒီလထဲ မြောက်ကိုရီးယားရဲ့ ဂျပန်ပင်လယ်ထဲ ဒုံးကျည်အများအပြား ပစ်လွှတ်မှုလို စိန်ခေါ်တဲ့ လုပ်ရပ်တွေကြောင့် မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-Un နဲ့ရော တခြား မြောက်ကိုရီးယား အရာရှိတွေနဲ့ပါ တိုက်ရိုက်ဆွေးနွေးပြောဆိုဖို့ စဉ်းစားမှုကို ရွှေ့ဆိုင်းလိုက်တာ လို့ အမေရိကန်အစိုးရက ပြောပါတယ်။

တောင်ကိုရီးယားမှာ သမ္မတကို ရာထူးကဖယ်ရှားဖို့ မကြာသေးခင်ကမှ ဆုံးဖြတ်ခဲ့တာအပြင် တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်က အငြင်းပွါးဖွယ် ဒုံးခွင်းဒုံးစံနစ် တပ်ဆင်တာအတွက် တရုတ်ကဒေါသထွက်နေပြီး တောင်ကိုရီးယား နဲ့ တရုတ်တို့ကြား ရှုပ်ထွေးတဲ့ နိုင်ငံရေးအခြေနေ တရပ်ပေါ်ပေါက်နေတာကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အဲဒီနိုင်ငံတွေမှာ ပြုလုပ်မယ့် ဆွေးနွေးမှုတွေကို အနှောက်အယှက် ဖြစ်စေမယ့် အနေထားပါ။

တောင်ကိုရီးယား သမ္မတ Park Guen-hye ရာထူးကနေ အဖယ်ရှား ခံခဲ့ရတဲ့နောက် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ အသစ် ကျင်းပဖို့ လုပ်နေတဲ့ ယာယီသမ္မတ တာဝန်ယူထားတဲ့ ဝန်ကြီးချုပ် Hwang Kyo-ahn ကိုလည်း ဝန်ကြီး Tillerson က ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဝန်ကြီး Tillerson ဟာ တောင်ကိုရီးယား အတိုက်အခံတွေနဲ့တော့ တွေ့ဆုံမှာ မဟုတ်ပါဘူး။

တရုတ်နိုင်ငံမှာတော့ ဝန်ကြီး Tillerson ဟာ တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံဖို့ ရှိပြီး သူ့ရဲ့ တရုတ်နိုင်ငံခရီးမှာ အဓိက လုပ်ဆောင်မှာက ဒီနှစ်နှောင်းပိုင်းလောက် အမေရိကန် ပြည်ထောင်စုကို လာရောက်ဖို့ မျှော်လင့်ထားတဲ့ တရုတ်သမ္မတရဲ့ ခရီးစဉ်အတွက် ကြိုတင် ပြင်ဆင်မှု တွေ လုပ်ဖို့ ဖြစ်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ တရုတ်ဘက်က နိုင်ငံတကာဥပဒေတွေ လေးစားလိုက်နာမှု ရှိစေဖို့နဲ့ ၂ နိုင်ငံ ကုန်သွယ်ရေးမှာ မျှတမှု ရှိစေဖို့ လိုလားနေတာနဲ့ တချိန်ထဲမှာပဲ တရုတ်နဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကိုပါ လုပ်ဆောင်ဖို့ အမေရိကန်ဘက်က လိုလားနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG